ဒေါ်အောင်ဆန်းစုကြည် ကန်လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ပက်ထရစ်မာဖီကို လက်ခံတွေ့ဆုံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်၏အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်ဖာဖီနှင့်အဖွဲ့ကို လက်ခံတွေ့ဆုံစဉ်(ဓာတ်ပုံ−MOFA)

 နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်၊နိုင်ငံခြားရေးဝန် ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ပက်ထရစ်မာ ဖီကို စက်တင်ဘာ ၁၉ ရက် မွန်း လွဲပိုင်းက နိုင်ငံခြားရေးဝန်ကြီး ဌာနရုံး၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံ ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုက ရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်း ချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ထို့အပြင် မစ္စတာ ပက်ထရစ်မာဖီသည် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်နှင့်တွေ့ဆုံပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးကျော်ဇေယျ နှင့်ဆက်လက်တွေ့ဆုံခဲ့သည်။ အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက်နိုင်ငံခြား ရေးဝန်ကြီးသည် စက်တင်ဘာ ၁၉ ရက် နံနက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၏ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဆိုင်ရာ နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြားသည့် အခမ်းအ နားသို့ တက်ရောက်ခဲ့သည်။

မစ္စတာ ပက်ထရစ်မာဖီ သည် ရခိုင်အရေးနှင့်ပတ်သက်၍ လေ့လာဆွေးနွေးမှုများ ဆောင် ရွက်ရန် စက်တင်ဘာ ၁၈ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ၎င်း၏ ခရီးစဉ်အတွင်း အကြမ်းဖက်မှုများဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ သို့ သွားရောက်လေ့လာရန် စီစဉ် ထားသည်။