ဥရောပအတွက် အရေးပါတဲ့ ဂျာမနီရွေးကောက်ပွဲ

Wolfgang Rattay / reuters

အကယ်၍များ လူထုစစ်တမ်းမှန်ကန်မည်ဆိုလျှင် မစ္စစ် အန်ဂျလာမာကယ်သည် ဂျာမနီအဓိပတိ အဖြစ် နောက်ထပ်လေး နှစ်တာဝန်ယူရန် ဦးတည်နေသည်။ သို့သော်စက်တင်ဘာ ၂၄ ရက် ဂျာမန်များ မဲပေးချိန်တွင် ဥရောပ၏
အကြီး မားဆုံးအလုပ် တစ်ခုထက် ပိုမိုသော အခြင်းအရာများ ရှိနေ သည်။


ဒုတိယကမ္ဘာစစ်ပြီးနောက် ပထမဦးဆုံးအကြိမ် လက်ယာ ယိမ်းအမျိုးသားရေးဝါဒီများ အပါအဝင် ဂျာမနီပါလီမန်သို့ ပါတီခြောက်ခုပါဝင်လာမည်ဟု မျှော် လင့်ရသည်။

ယခုရွေးကောက်ပွဲသည် ၂၀၁၅ တွင် မစ္စစ်မာကယ်အစိုးရက ရွှေ့ ပြောင်းနေထိုင်သူများနှင့် ဒုက္ခ သည်အမြောက်အမြားကို တံခါး ဖွင့်ပေးခဲ့ပြီး လူပေါင်း ကိုးသိန်းနီးပါးလက်ခံခဲ့ပြီးနောက် ပထမဆုံးအကြိမ် ကျင်းပသော ရွေးကောက် ပွဲလည်းဖြစ်သည်။ ဒုက္ခသည်များ ကို ကိုင်တွယ်နိုင်သည်ဟု ကွန် ဆာဗေးတစ်အဓိပတိက ကတိပြု ခဲ့ပြီး ကိုင်လည်း ကိုင်တွယ်နိုင်ခဲ့ သည်။ သို့သော် ၎င်း၏ နိုင်ငံရေး ပါတီခရစ်ယာန်ဒီမိုကရက်တစ်ပါ တီ (CDU)သည် ထိခိုက်မှုခံစားခဲ့ ရပြီး အနည်းဆုံးအချိန်အတိုင်း အတာတစ်ခုအထိ ထိခိုက်ခဲ့ သည်။ ယခုအခါသူက စတုတ္ထ အကြိမ် ပြန်လည်အာဏာရရှိရန် ကြိုးစားနေသည်။

ဂျာမနီနိုင်ငံရေးတွင် ကြီး မားသော အပြောင်းအလဲများ ဖြစ် ပေါ်နေသည်။ နိုင်ငံရေးအဖွဲ့များ ကွဲထွက်နေပြီး ဂျာမနီပါလီမန်တွင် နေရာမရသေးဘဲ ရွှေ့ပြောင်းသူများကို ဆန့်ကျင်သော အစ္စလာမ် ဆန့်ကျင်သည့် ဂျာမနီအတွက် တခြားရွေးချယ်စရာ (AFD)ပါတီပါလီမန်လွှတ်တော်ထဲ ဝင်ရောက်လာရန် စစ်မှန်သော အခွင့်အရေးတစ်ရပ်ရှိနေပြီး ရွေးကောက်ပွဲ တတိယနေရာ ရရှိနိုင်သည်။ ယခုအချိန်အထိ AFD ပါတီက ပြည်နယ်လွှတ်တော်များတွင်သာ ပါဝင်နေသေးပြီး ယင်းပါတီမှ ရွေးကောက်ပွဲဝင်မည်သူ အချို့က လက်ယာ စွန်းထုတ်ပြန်ချက်များ ထုတ်ပြန် ခဲ့သည်။

မစ္စစ်မာကယ်၏ CDU ပါတီ နှင့် ဘာဘေးရီးယားပြည်နယ်မှ ညီအစ်မပါတီ CSU နှစ်ခုပေါင်း၍ တစ်ပါတီဟု ရေတွက်ပါက ဂျာမနီ ပါလီမန်တွင် ပါတီလေးခုပါဝင် နေပြီး လာမည့်ပါလီမန်သစ်တွင် ယခင်က မဖြစ်ခဲ့ဖူးသော ပါတီ ခြောက်ခုပါတီမန်၌ ပါဝင်လာခြင်း  ဖြစ်နိုင်သည်။ ရွေးကောက်ပွဲဝင် ပါတီစုစုပေါင်းသည် ၃၄ ပါတီရှိပါ သည်။ အဓိကပါတီကြီးနှစ်ခုမှလွဲ ၍ ကျန်ပါတီလေးခုသည် လူထု ထောက်ခံမှု ၈ ရာခိုင်နှုန်းကျော် ရရှိနေသည်။

သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းသူများ (Greens)၊ ဆိုရှယ် လစ်လက်ဝဲယိမ်းများ (The Left)၊ AFD နှင့် လစ်ဘရယ်ကျသော လွတ်လပ်သည့် ဒီမိုကရက်များ (FDP)တို့ ဖြစ်သည်။

ဤရွေးကောက်ပွဲသည် ကျန် ဥရောပနိုင်ငံများအတွက်လည်း အရေးကြီးသည်။ အကြောင်းမှာ ဥရောပတွင် ဂျာမနီက အဓိက အခန်းကဏ္ဍက ပါဝင်သည်သာမ က ၎င်း၏ ကြီးမားသော စီးပွားရေး နှင့် ဥရောပသမဂ္ဂသို့ ထည့်ဝင်ငွေ အများဆုံးနိုင်ငံ ဖြစ်နေသော ကြောင့်ဖြစ်သည်။

ရွှေ့ပြောင်းနေထိုင်သူများ အကျပ်အတည်းသည် လူဝင်မှုကြီး ကြပ်ရေး၊ ခိုလှုံခွင့်တောင်းခံခြင်း၊ လူထုနှင့် ပေါင်းစပ်ခြင်း၊ ခိုလှုံ ခွင့်မရသူများကို နိုင်ငံသို့ ပြန်ပို့ ခြင်းကိစ္စရပ်များနှင့်အတူ ရွေး ကောက်ပွဲ၌ အဓိကငြင်းခုံနေ သော အကြောင်းအရာဖြစ်နေ သည်။

သို့သော် မစ္စစ်မာကယ်နှင့် ၎င်း၏ အဓိကပြိုင်ဘက်ဆိုရှယ် ဒီမိုကရက်ပါတီ (SPD)မှ မာတင် ရှူးလ်ဇ်တို့ ရုပ်သံပေါ်၌ စကားစစ် ထိုးချိန်တွင် ရွှေ့ပြောင်းနေထိုင်သူ များကိစ္စသာ လွှမ်းမိုးခဲ့ပြီး အခြား အကြောင်းအရာ ငြင်းခုံစရာမရှိ လေသလားဟု ဂျာမနီသတင်း ဝက်ဘ်ဆိုက် Focus က ညည်း တွားသည်။

‘‘ဒုက္ခသည် ကိစ္စအပြင် တခြားအကြောင်းအရာတကယ်ပဲ မရှိတော့ဘူးလား’’ဟု Focus က စောဒကတက်သည်။

သို့သော် မစ္စစ်အန်ဂျလာ မာကယ်အပေါ် လူကြိုက်များမှု နှုန်းသည် ရွှေ့ပြောင်းသူများအရေး အခြေအတင်ငြင်းခုံမှုကြောင့်များ စွာ ထိခိုက်မှုမရှိခဲ့ပေ။ ကနဦးတွင် ဆီးရီးယားဒုက္ခသည်များအတွက် တံခါး ဖွင့်ပေးခဲ့သော်လည်း နောက်ပိုင်း၌ ယင်းကိစ္စကို တင်း ကျပ်စွာ ကိုင်တွယ်ခဲ့ပြီး အထူးသဖြင့် ၂၀၁၆ နှစ်ကူးတွင် ကိုလုန်းမြို့၌ မြောက်အာဖရိကမှ အမျိုးသားရာပေါင်းများစွာက အမျိုးသမီး များကို တိုက်ခိုက်ခဲ့ပြီးနောက် နေရပ်ပြန်ပို့ခြင်းများ လုပ်ဆောင်မည် ဟု အစိုးရက ကတိပြုသည်။

အခြားအကြောင်းအရာများ လည်းရှိသည်။ လူမှုရေးမညီမျှမှု၊ ဆင်းရဲနွမ်းပါးမှုတို့သည် အဓိက အကြောင်းများဖြစ်ပြီး ပြည်တွင်း လုံခြုံရေးနှင့် ပညာရေးတို့မှာ လည်း အရေးပါသည်။ ထို့အ တွက်ကြောင့် မစ္စတာ ရှူးလ်ဇ်က လုပ်ခလစာမျှတရေး၊ ကျောင်းများပိုကောင်းရေးနှင့် ပင်စင်တိုးမြှင့် ရေးတို့လည်း အဓိကထားနေခြင်း ဖြစ်သည်။

အံ့အားသင့်စရာ ဖြစ်နိုင် သော အချက်သည် ပညာရေးအပေါ် ဂျာမနီအစိုးရ၏ အသုံးစရိတ်သည် ၂၀၁၄ က အခြားဥရောပနိုင်ငံများ၏ ပျမ်းမျှထက် နည်းပါးနေ ခြင်းဖြစ်သည်။

ဥရောပမှ ဗြိတိန်ထွက်ခွာ ခြင်း (Brexit) သည် ဂျာမနီရွေး ကောက်ပွဲမဲဆွယ်မှုတွင် အဓိက အကြောင်းအရာမဟုတ်သလို မစ္စစ်မာကယ်နှင့် မစ္စတာ ရှူးလ်ဇ် တို့၏ စကားစစ်ထိုးပွဲတွင်လည်း မပါဝင်ပေ။

သို့ဆိုလျှင် မစ္စစ်မာကယ်အ နေဖြင့် ရွေးကောက်ပွဲအနိုင်ရမည် လား။ မဟုတ်သေးပါ။ စိတ်မပိုင်း ဖြတ်ရသေးသော မဲဆန္ဒရှင်သန်း ပေါင်းများစွာရှိနေသေးသော ကြောင့်ဖြစ်သည်။ ၄၆ ရာခိုင်နှုန်း အထိရှိသည်ဟု မစ္စတာ မာတင် ရှူးလ်ဇ်က ဆိုသည်။ သို့သော် လူထုစစ်တမ်းများအရ မစ္စတာ ရှူးလ်ဇ်၏ SPD ပါတီအပေါ် လူ ထုထောက်ခံမှုသည် မစ္စစ်မာကယ်၏ CDU ပါတီအပေါ် ထောက်ခံမှု ထက် ၁၄ ရာခိုင်နှုန်းလျော့နည်း နေသော်လည်း ထိုလူအားလုံးကို မစ္စတာရှူးလ်ဇ်ဆွဲဆောင်နိုင်မည် မဟုတ်ပေ။ ၎င်းတို့၏ ရုပ်သံစကားစစ်ထိုးပွဲတွင်လည်း မစ္စတာရှူးလ်ဇ်က မစ္စစ်မာကယ်ကို ထိုးနှက်မှု မလုပ်နိုင်ခဲ့ဘဲ ဒုတိယအ ကြိမ် စကားစစ်ထိုးရန် ၎င်း၏ တောင်းဆိုမှုကိုလည်း မည်သူမျှ အရေး မလုပ်ကြပေ။ ၎င်း၏ ပြဿနာတစ်စိတ်တစ်ပိုင်းသည် SPD ပါတီက လွန်ခဲ့သော လေးနှစ်တာကာလတွင် မစ္စစ်မာကယ်၏ အာဏာရနှင့် အတိုက်အခံပေါင်းစပ် ထားသော ဂရန်းမဟာမိတ်အဖွဲ့ တွင် ဂျူနီယာလက်တွဲဖော်အပြင် ပါဝင်နေခြင်းဖြစ်သည်။ ၎င်း၏ တစ်ခုတည်းသော မျှော်လင့်ချက်သည် နောက်ပိုင်း လူထုစစ်တမ်းများတွင် ၎င်းအပေါ် လူထုထောက်ခံမှုမြင့် တက်လာရေးဖြစ်သည်။

မစ္စစ်မာကယ် အနေဖြင့် စိတ်ချရသည်ဟု ခံစားရသော အ ကြောင်းအရာတစ်ခုသည် ဂျာမနီ ၏ စီးပွားရေးအခြေအနေကောင်း နေခြင်းဖြစ်သည်။ နိုင်ငံ၏ ဂျီဒီပီတိုးတက်နေပြီး အစိုးရအသုံးစရိတ် ထက် ကောက်ခံရရှိသော အခွန် ငွေက ပိုများသည်။

မစ္စစ်မာကယ်၏ ပြိုင်ဘက် မစ္စတာရှူးလ်ဇ်က ၎င်း၏ SPD ပါတီကို မစ္စစ်မာကယ်၏ CDU ပါတီဦးဆောင်သော ဂရန်းမဟာ မိတ်အဖွဲ့တွင် ပါဝင်ရေး ငြင်းပယ် ထားပုံရသည်။ 

သို့သော် မစ္စစ် မာကယ် အတွက် အခြားရွေးချယ်စရာများရှိ သည်။ CDU ပါတီအနေဖြင့် လစ်ဘရယ် FDP နှင့် မဟာမိတ်ဖွဲ့ နိုင်သည်။ ၂၀၀၉ မှ ၂၀၁၃ အထိ ၎င်းပါတီနှစ်ခု မဟာမိတ်ဖွဲ့၍ အုပ်ချုပ်ခဲ့သည်။ သို့သော် ယင်း ပါတီနှစ်ရပ်မှ ကိုယ်စားလှယ်များ အစိုးရဖွဲ့နိုင်လောက်သည် အထိ ပါလီမန်၌ ပါဝင်လာရန် လိုအပ်သည်။

မစ္စတာရှူးလ်ဇ်၏ ပယ်ချမှုရှိ နေသော်ငြား CDU နှင့် SPD နှစ် ရပ်ပေါင်း၍ နိုင်ငံကို အုပ်ချုပ်ရေး

သည် ဖြစ်လာနိုင်သော အခြေအ နေဖြစ်သည်။ ၂၀၀၅-၂၀၀၉ နှင့် ၂၀၁၃-၂၀၁၇ အထိ ယင်းပါတီ နှစ်ရပ် လက်တွဲခဲ့ကြသည်။

အကယ်၍များ SPD ပါတီမှ မစ္စတာ မာတင်ရှူးလ်ဇ်အခွင့်အ ရေးရရှိခဲ့မည်ဆိုလျှင် ၎င်းအနေ ဖြင့် အစိုးရဖွဲ့ရန် ပါတီနှစ်ရပ်၏ ထောက်ခံမှု လိုအပ်မည်ဖြစ်သည်။ အစိမ်းရောင်အဖွဲ့ (Greens) နှင့် လက်ဝဲယိမ်း (The Left) တို့နှင့် ပေါင်းစည်း၍ အစိုးရဖွဲ့စည်းနိုင် ခြေရှိသည်။ ထို့အတူပင် SPD၊ FDP နှင့် Greens တို့ ပေါင်းစည်း ၍လည်း အစိုးရဖွဲ့စည်းနိုင်သည်။

ဂျာမနီ၏ နိုင်ငံခြားရေးဝန် ကြီး ဆစ်ဂမာဂါဘရီရယ်က ဒုတိ ယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံး အကြိမ် နာဇီစစ်စစ်များ ဂျာမနီပါ လီမန်ထဲရောက်လာနိုင်သည်ဟု ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သော AFD ပါတီကို ရည်ညွှန်း

Top News