ဧဟိပဿိကော

ဗုဒ္ဓဘာသာမှာ ဘုရားဂုဏ်တော် ကိုးပါး၊ တရား ဂုဏ်တော် ခြောက်ပါး၊ သံဃာဂုဏ်တော်ကိုး ပါးရှိရာမှာ ဧဟိပဿိကဂုဏ်တော်ဟာ တရားဂုဏ်တော် ခြောက်ပါးထဲမှာ ပါဝင်သောဂုဏ်တော်ဖြစ်ပါတယ်။

ဘဂ၀တော၊ သနင်းမြတ်စွာ တို့ဆရာ၏ ဓမ္မော၊ နိဗ္ဗာန်ဖိုလ်မဂ် ကိုးချက်ထွေပြား လောကုတ္တရာ တရားသည်၊ ဧဟိပဿိကော၊ လာပါ၊ရှုပါ၊ ကျင့်ကြံပါဟု မပါပါ အောင် ခေါ်အောင်ပြညွှန်းတိုက် တွန်းခြင်းငှာထိုက်သောကြောင့် ဧဟိပဿိကဂုဏ်နှင့်လည်း ပြည့် စုံ၏ဟု ဖွင့်ဆိုထားပါတယ်။

 စက်တင်ဘာ ၁၉ ရက်က နေပြည်တော်မှာကျင်းပတဲ့ နိုင်ငံ တော်အစိုးရမှ ဆောင်ရွက်လျက် ရှိသည့် အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများနှင့်စပ် လျဉ်း၍ သံတမန်များအား နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်က အသိ ပေးပြောကြားရာမှာ ဧဟိပဿိ ကော လာပါရှုပါကျင့်ကြံပါဆိုတဲ့ အချက်တစ်ခုပါဝင်တာကို တွေ့ ရပါတယ်။

ရခိုင်ပြည်နယ်မှာ ဩဂုတ် လနှောင်းပိုင်းက ဖြစ်ပွားခဲ့တဲ့ အ ကြမ်းဖက်မှုတွေကြောင့် အသက် အိုးအိမ်စည်စိမ်များစွာ ပျက်စီး ဆုံးရှုံးခဲ့ရပြီး နေထိုင်သူအများအ ပြားဟာ နေရပ်စွန့်ခွာခဲ့ကြပါ တယ်။ စက်တင်ဘာ ၅ ရက်မှာ အကြမ်းဖက်စစ်ဆင်ရေးရပ်ဆိုင်း ခဲ့ပေမယ့် ဘင်္ဂါလီလူမျိုးများဟာ တစ်ဖက်နိုင်ငံသို့ ထွက်ခွာဆဲဖြစ် တယ်လို့သိရပါတယ်။ တရားဝင် မဟုတ်တဲ့ ကြေညာမှုများအရ ဘင်္ဂါလီလူမျိုးနေရပ်စွန့်ခွာသူ လေးသိန်းလောက်ဟာ တစ်ဖက် နိုင်ငံထဲရောက်ရှိခိုလှုံသွားတယ် လို့ သိရပါတယ်။ ဒီလိုတစ်ဖက် နိုင်ငံထဲ ၀င်ရောက်သွားမှုဟာ မြန်မာအာဏာပိုင်တွေရဲ့ ဖမ်းဆီး နှိပ်စက်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု တွေကြောင့် ထွက်ပြေးသွားကြရ တာပါလို့ နိုင်ငံတကာမီဒီယာအ ချို့ကလည်း စွပ်စွဲထုတ်လွှင့်နေ တာတွေရှိနေပါတယ်။

ဒီအချက်နဲ့ပတ်သက်ပြီး နိုင် ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်က သံတမန် များကို ပြောကြားရာမှာ‘‘စက်တင်ဘာ ၅ ရက်ကစပြီး ထိတွေ့တိုက် ခိုက်မှုတွေနဲ့ နယ်မြေရှင်းလင်းမှု တွေ မရှိတော့ပါဘူး။ ဒါပေမဲ့ လည်း မွတ်စလင်အများအပြား ဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက် ပြေးတိမ်းရှောင်နေကြတယ်လို့သိ ရှိရပါတယ်။ ဘာကြောင့်ဒီလိုအစု လိုက်အပြုံလိုက်ထွက်ပြေးနေကြ တယ်ဆိုတာကို  ကျွန်မတို့ရှာဖွေ ရမှာဖြစ်ပါတယ်။ ထွက်ပြေးသွား သူတွေကို သူတို့ဘာကြောင့်ထွက် ပြေးကြသလဲဆိုတာမေးကြည့် ချင်သလို နေရပ်ကို မစွန့်ခွာဘဲ ကျန်ရစ်နေတဲ့သူတွေကိုလည်း ဘာဖြစ်လို့ ဆက်နေကြတာလဲဆို တာကို မေးမြန်းချင်ပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင် အများစုဟာ တစ်ဖက်ကို ထွက် မပြေးဘဲ ကျန်ရှိနေတယ်ဆိုတာ ကို လူတွေသိပ်မသိကြပါဘူး။ မွတ်စလင်ကျေးရွာတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာဘယ်မှမပြေး ဘဲရှိနေကြပါသေးတယ်။ ဘာဖြစ် လို့ ဒီလိုမျိုးနေရစ်ခဲ့ကြတယ်ဆို တာကို ကျွန်မတို့သိချင်ပါတယ်။ ဒီအချက်ဟာ ကျွန်မတို့ဆက်ပြီး ထည့်သွင်းစဉ်းစားရမယ့် အချက် ပဲဖြစ်ပါတယ်။ ပြဿနာဖြစ်နေ တဲ့ တစ်နေရာတည်းကို မကြည့် ဘဲ ဘာပြဿနာမှမဖြစ်ဘဲရှိနေကြ တဲ့နေရာတွေကိုလည်း ကြည့်မြင် တတ်ဖို့လိုပါတယ်။ ကျန်တဲ့နေရာ တွေမှာတော့ ဘာဖြစ်လို့ ပြဿနာ တွေမဖြစ်အောင် ရှောင်ရှားနိုင်ကြ တာလဲ။ ဒါကြောင့် သံတမန်အ သိုင်းအ၀ိုင်း အနေနဲ့ရခိုင်ပြည်နယ် မှာရှိတဲ့ အသိုက်အ၀န်းတွေနဲ့ သင့်မြတ်စွာ ပေါင်းစည်းနေထိုင် ကြတဲ့ မွတ်စလင်တွေကိုကျွန်မတို့ နဲ့အတူ လေ့လာကြည့်ဖို့ ကျွန်မအ နေနဲ့ တိုက်တွန်းလိုပါတယ်’’ လို့ ထည့်သွင်း ပြောကြားသွားတာ တွေ့ရပါတယ်။

ထိုနေ့နေ့လယ်ပိုင်းမှာ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ RFA သတင်းဌာနက ဦးခင်မောင် စိုးနဲ့တွေ့ဆုံ ပြောကြားရာမှာ လည်း ဦးခင်မောင်စိုးက မောင် တောဒေသမှာရှိတဲ့ ရခိုင်တိုင်းရင်း သားတွေနဲ့ မွတ်စလင်လူမျိုးတွေ ဟာ တစ်ဖက်နဲ့တစ်ဖက်ယုံကြည် မှုမရှိဘဲ စိုးရိမ်မှုတွေ၊ မုန်းတီးမှု တွေပိုမိုရှိနေတယ်ဆိုပေမယ့် မ ကြာခင်က အဲဒီဒေသကို သူ ရောက်ရှိခဲ့ရာမှာ မီးလောင်နေတဲ့ အိမ်တွေကြားထဲက မွတ်စလင် ကျေးရွာနဲ့ ရခိုင်ကျေးရွာနှစ်ခုဟာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် သွားလာလျက်ရှိနေတာကိုတွေ့ရ ပြီး နှစ်ဖက်ခေါင်းဆောင်တွေရဲ့ နားလည်မှုအရ တစ်ဦးနဲ့တစ်ဦးယုံ ကြည်မှုရှိနေတာလို့ အဲဒီဒေသခံ လူတွေ ပြောကြားတယ်လို့ ဆိုခဲ့ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောကြားရာမှာလည်း ယခုရခိုင်ပြည်နယ်က အကြမ်း ဖက်မှုတွေဖြစ်ပွားနေတဲ့အချို့နေ ရာတွေမှာ ရခိုင်တိုင်းရင်းသားတွေ နဲ့ မွတ်စလင်လူမျိုးတွေ အေးအေး ချမ်းချမ်းနေနေတဲ့ နေရာတွေရှိ ကြောင်း၊ လူတစ်ယောက်မှာ ရောဂါတစ်ခုရှိနေတယ်ဆိုပါစို့။ ရောဂါရှိတဲ့နေရာတစ်ခုတည်းကို သာ ကွက်ကြည့်၍မရကြောင်း၊ ဆီးချို၊ သွေးတိုးစတဲ့ တခြားခန္ဓာ ကိုယ်ပေါ်မှာ ဘာတွေဖြစ်နေလဲ ဆိုတာကို သိမှကုသမှုမှာထိ ရောက်မှာဖြစ်ကြောင်း၊ ထို့ ကြောင့် ပြဿနာတစ်ခုကိုဖြေရှင်း ရာမှာ အကောင်းနဲ့အဆိုး ကျယ် ကျယ်ပြန့်ပြန့်ကြည့်မှ ထိရောက် စွာဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ လူတစ်ယောက်အသက်ရာကျော် နေနိုင်ခြင်းဟာ ဘာကြောင့်နေနိုင် တာလဲဆိုတာသိမှ ကိုယ်လည်း အသက်ရှည်စွာနေနိုင်မှာဖြစ်သ လို  ယခုရခိုင်ပြည်နယ်မှာ အေး ချမ်းစွာနေထိုင်သူများကို ဘာ ကြောင့်နေနိုင်တာလဲဆိုတာသိမှ တည်ငြိမ်အေးချမ်းမှုကိုခိုင်မာ အောင်လုပ်ဆောင်နိုင်မည်ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ပတ် သက်ပြီး ကမ္ဘာ့အမြင်မှာ  မြန်မာ နိုင်ငံက လူမျိုးရေး၊ ဘာသာရေး ဖိနှိပ်မှုတွေရှိနေတယ်လို့ ဖြစ်နေ ချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ပြောကြားချက်ဟာ အ မြင်မှန်တစ်ခုပေါ်ရောက်အောင် တွန်းတင်ပေးလိုက်သလိုဖြစ်စေ ပါတယ်။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်စလင်တွေကို တချို့ထင်သ လို ဘာသာရေး၊ လူမျိုးရေးဖိနှိပ် ဆက်ဆံကာ ဥပဒေမဲ့ပြုကျင့်နေမှု တွေရှိနေရင် မွတ်စလင်အားလုံး ထွက်ပြေးတိမ်းရှောင်သွားကြမှာ ဖြစ်ပါတယ်။ ယခုမောင်တောဒေ သက မွတ်စလင်လူမျိုးတစ်ဝက် ကျော်လောက်ဟာ ၎င်းတို့နေထိုင် ရာ ဒေသမှာပဲ အေးအေးချမ်းချမ်း နေထိုင်ကြတယ်ဆိုတာ လူမျိုးတုံး သတ်ဖြတ်နေပါတယ်လို့ အော်နေတဲ့သူတွေရဲ့ အမြင်နဲ့တော့အများကြီး ကွဲပြားခြားနားနေပါတယ်။

ကမ္ဘာ့ဘုရင်များသမိုင်းမှာ အသောကဆိုတဲ့ဘုရင်ဟာလက် နက်ဖြင့် အောင်နိုင်မှုကို အင်မ တန်မက်မောခဲ့သူဖြစ်ပါတယ်။ ဒါ ပေမဲ့ ကလိင်္ဂစစ်ပွဲအပြီးမှာတော့ လက်နက်ဖြင့်အောင်နိုင်မှုကို စွန့် လွှတ်ပြီး ဓမ္မဖြင့်အောင်နိုင်မှုကို သာ ရယူခဲ့သည်ဟု ကိုယ်တိုင်ဝန် ခံခဲ့ပါတယ်။ အသောကရဲ့ဓမ္မကို အသောကကျောက်စာအများအ  ပြားမှာ အကြိမ်ကြိမ်ဖော်ပြထားပါ တယ်။

‘သက်ရှိသတ္တ၀ါအားလုံးအ ပေါ် ကြင်နာသနားခြင်း၊ သမဏ ဗြဟ္မဏ၊ မိတ်ဆွေ၊ ဆွေမျိုးများ၊ လက်အောက်ခံလူများအား လှူ ဒါန်းပေးကမ်းခြင်း၊ သက်ကြီးရွယ် အိုဆင်းရဲဒုက္ခရောက်နေသူ၊ခိုကိုးရာမဲ့သူတို့အား ထောက်ပံ့မစ ခြင်း၊ မိဘဆရာနှင့်သက်ကြီးရွယ် ရင့်သူတို့အား ရိုသေခြင်း၊ ကြမ်း ကြုတ်မှု၊ ရက်စက်မှု၊ ဒေါသထွက် မှု၊ ထောင်လွှားမှု၊ ငြူစူမှုတို့ကို ရှောင်ကြဉ်ခြင်း၊ ကောင်းသောအ မှုကိစ္စတို့ကို ဆောင်ရွက်ခြင်း၊ အ ခြားသူတို့၏ ယုံကြည်မှုကို လွတ် လပ်ခွင့်ပေးခြင်းနှင့် လေးစားခြင်း၊ အဓိပ္ပာယ်ကင်းမဲ့သော အခမ်းအ နားများကို ရှောင်ကြဉ်ခြင်း၊ ဂိုဏ်း ဂဏနှင့်ပတ်သက်၍ အမြင်ကျဉ်း မှုကို ရှောင်ကြဉ်ခြင်း’  စသည်တို့ ဟာ အသောကရဲ့ ဓမ္မတရားပဲ ဖြစ်ပါတယ်။

စစ်ပွဲများစွာကို လက်နက် ဖြင့် ဖြေရှင်းခဲ့တဲ့အသောကဟာ ဓမ္မတရားဖြင့် ဖြေရှင်းတဲ့အခါ အောင်မြင်မှု များစွာရခဲ့ပါတယ်။ ယခု ရခိုင်ပြည်နယ်အရေးကို ကမ္ဘာ့အရေးသဖွယ်ဝိုင်းဝန်းဆွေး နွေးကြတဲ့အခါ မြန်မာအစိုးရကို ရှုတ်ချနေမယ့်အစား ဓမ္မတရားနဲ့ ဖြေရှင်းမှုကို ရှေးရှုစေချင်ပါ တယ်။ မတူညီတဲ့လူ့အသိုက်အ ၀န်းနှစ်ခု ပေါင်းစည်းဖို့ခက်ပေ မယ့် မေတ္တာနဲ့ချဉ်းကပ်မယ်ဆိုရင်  အတူတကွနေထိုင်ကြလို့ဖြစ်ပါ တယ်။ အတူနေထိုင်ကြတဲ့သာဓ ကတွေကို နမူနာယူရင်းဆက် လက်တည်ဆောက်သွားဖို့ ဖြစ်ပါ တယ်။ ဗုဒ္ဓရဲ့ ဓမ္မတရားဟာ အ စွန်းရောက်တရားမဟုတ်ပါဘူး။ မဇ္စျိမပဋိပဒါ အလယ်အလတ် လမ်းဖြစ်ပါတယ်။ ဒါကြောင့် ဧဟိ ပဿိကော လာပါ၊ ရှုပါ၊ ကောင်း အောင်ဝိုင်းဝန်းကျင့်ကြံကြပါဟု  ကမ္ဘာ့အသိုက်အ၀န်းကို တိုက် တွန်းလိုက်ပါရစေ....။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News