ဆိုင်ကယ်ရှောင်သည့်ကား ချောင်းထဲပြုတ်ကျ

ချောင်းထဲပြုတ်ကျနေသော ခြောက်ဘီးယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ − Yangon Police FB)

 မျက်နှာချင်းဆိုင်မောင်း လာသော ဆိုင်ကယ်ကို ရှောင် သည့်ယာဉ် အရှိန်လွန်ကာ ချောင်းထဲပြုတ်ကျသည့်ဖြစ်စဉ် ထောက်ကြန့်မြို့ ကလိုထော်တံတားအနီး တွင် စက်တင်ဘာ၂၀ရက်က ဖြစ်ပွားခဲ့သည်။

ဘာလားချောင်းအတွင်းသို့ ပြုတ်ကျမှုကြောင့် ယာဉ်မောင်းဦးစိုးဇေယျာကို ချောင်းအတွင်း ရှာဖွေတွေ့ရှိသော်လည်း ယာဉ် နောက်လိုက် မောင်အောင်ဇော် ပျောက်ဆုံးနေဆဲဖြစ်၍ ဆက် လက်ရှာဖွေနေကြောင်း ရဲတပ်ဖွဲ့ က ထုတ်ပြန်သည်။

ထောက်ကြန့်နယ်မြေရဲစခန်း မှ တပ်ဖွဲ့ဝင်များ၊ ထောက်ကြန့် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင် များနှင့် ရဲစုတောင်ရပ်ကွက်အုပ် ချုပ်ရေးမှူးတို့ပါဝင်သော   ပူး ပေါင်းအဖွဲ့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ချောင်းထဲပြုတ်ကျသည့် DYNA အဖြူရောင် ခြောက်ဘီး ယာဉ်သည် စက်တင်ဘာ ၂၀ ရက် နံနက် ၁ နာရီခန့်တွင် ရန်ကုန်- ပဲခူးလမ်းအတိုင်း CP ကြက်စာ အိတ် ၂၀၀ ခန့်ကို သယ်ဆောင်မောင်းနှင်လာခြင်းဖြစ်သည်။

Top News