ထိုင်းမှ လှူဒါန်းသော တုပ်ကွေးကာကွယ်ဆေးများကို ရခိုင်ရှိ ကလေးငယ်များအား ဦးစားပေးထိုးနှံမည်

 ထိုင်းနိုင်ငံမှ လှူဒါန်း သော တုပ်ကွေးရောဂါကာကွယ် ဆေးများကို ရခိုင်ပြည်နယ် ဒုက္ခ သည်စခန်းများရှိ ကလေးငယ်များ အား အဓိကထားထိုးနှံပေးမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၉ ရက် နေ့ လယ်တွင် ကျန်းမာရေးနှင့် အား ကစားဝန်ကြီး ဒေါက်တာမြင့်ထွေးအား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးက လာရောက်တွေ့ဆုံစဉ် ထိုင်းနိုင်ငံမှ တုပ်ကွေးရောဂါကာကွယ်ဆေး(Vaxigrip)များ လှူဒါန်းခဲ့သည်။

‘‘လှူဒါန်းလာတဲ့ ကာကွယ် ဆေးတွေကို လူဦးရေထူထပ်ပြီး ရောဂါကူးစက်လွယ်တဲ့ နေရာ တွေဖြစ်တဲ့ ရခိုင်ပြည်နယ်ပဋိပက္ခ ဘေးရှောင်ပြည်သူတွေ နေထိုင် ရာ စခန်းတွေမှာ အဓိကထား ထိုးနှံ ပေးသွားမှာပါ’’ဟု ဝန်ကြီး ဒေါက် တာမြင့်ထွေးက ပြောသည်။

ထိုင်းဘတ်ငွေ ခုနစ်သိန်းခန့် တန်ဖိုးရှိ တုပ်ကွေးရောဂါကာ ကွယ်ဆေးအလုံးရေ ၁,၆၂၀ ကို ထိုင်းနိုင်ငံအစိုးရ၊ ပြည်သူလူထု နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း လှူဒါန်းခြင်းဖြစ်ကြောင်း ထိုင်းသံအမတ်ကြီး H.E.MR JUKR BOON-LONG က အဆိုပါတွေ့ဆုံပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံရှိ ရာသီတုပ် ကွေးရောဂါကူးစက်မှုကို ကြိုတင် ကာကွယ်နိုင်ရန် တုပ်ကွေးရောဂါ ကာကွယ်ဆေးများကို တရုတ်၊ အိန္ဒိယ၊ တူရကီနိုင်ငံတို့က ဇူလိုင် နှင့် သြဂုတ်က လှူဒါန်းခဲ့သည်။

အဆိုပါ ဆေးဝါးများဖြင့် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှု များသော တိုင်းနှင့် ပြည်နယ်များရှိ ကိုယ်ဝန်ဆောင်များနှင့် အသက် (၅)နှစ်အောက် ကလေးငယ်များ ကို ရွေးချယ်ထိုးနှံပေးရန် စီစဉ်ထား သည်။

လက်ရှိတွင် ရာသီတုပ်ကွေး ရောဂါသည် ဖြစ်ပွားမှုကျဆင်းပြီး လူသေဆုံးမှုမရှိတော့သဖြင့် ရာသီတုပ်ကွေးရောဂါကို ထိန်းချုပ်နိုင်သည့် အခြေအနေအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ ဇူလိုင် ၂၁ ရက်မှ စက်တင်ဘာ ၁၁ ရက်အထိ ရာသီတုပ်ကွေး(H1N1)ရော ဂါပိုးတွေ့လူနာ ၃၉၈ ဦးရှိပြီး ၃၇ ဦးသေဆုံးခဲ့သည်။