အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာရွှေကိုးခုအပါအဝင် ဆုတံဆိပ် ၃၁ ခုရရှိထား

မလေးရှားနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံမသန် စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာ နိုင်ငံက ရွှေတံဆိပ် ကိုးခုအပါ အဝင်ဆုတံဆိပ် စုစုပေါင်း ၃၁ ခု ရရှိထားသည်။

စက်တင်ဘာ ၂၁ ရက်က ကျင်းပသည့် ပြိုင်ပွဲများတွင် မြန် မာအားကစားအဖွဲ့က ရွှေတစ်ခု၊ ငွေသုံးခုထပ်မံဆွတ်ခူးနိုင်ခဲ့သည်။ အမျိုးသား သံလုံးပစ်ပြိုင်ပွဲတွင် မြန်မာကစားသမားမျိုးဆွေက ရွှေတံဆိပ်ရယူကာ မြန်မာနိုင်ငံ အတွက် ကိုးခုမြောက် ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။

အမျိုးသမီး သံပြားပစ် မီတာ ၄၀၀ တွင် မြန်မာကစား သမား နန္ဒာလင်းက ငွေတံဆိပ်၊ အမျိုးသမီး သံပြားပစ်ဆေးအဆင့် တွင် မြန်မာကစားသမားထက် ထက်အေးက ငွေတံဆိပ်နှင့် အမျိုးသားရေကူးမီတာ ၅၀ အလွတ်ကူးတွင် မြန်မာကစား သမား အောင်ဖုန်းက ငွေတံဆိပ် ရရှိခဲ့သည်။

ခုနစ်ယောက် တစ်ဖက် ဘောလုံးပြိုင်ပွဲ အဆင့် (၅) နေရာလုပွဲတွင် မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းကို ၁၄-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရကာ အဆင့် (၅) နေရာ ရရှိခဲ့သည်။

၂၀၁၇ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ စက်တင်ဘာ ၂၁ ရက်ပွဲစဉ်များအပြီးတွင် မြန် မာနိုင်ငံက ရွှေတံဆိပ်ကိုးခု၊ ငွေ တံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၀ ခု စုစုပေါင်း ဆုတံဆိပ် ၃၁ ခုရရှိ ကာ အဆင့် (၆) နေရာ၌ ရပ် တည်နေသည်။