ဒါရိုက်တာညီညီထွန်းလွင်နှင့် ဇော်မြင့်ဦး ဒါရိုက်တာအခြေခံအလွှာ ရွေးချယ်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိ

ဓာတ်ပုံ − ဇွဲဉာဏ်

 ရုပ်ရှင်အစည်းအရုံးရွေး ကောက်ပွဲ ပထမနေ့တွင် ဒါရိုက် တာအခြေခံအလွှာ၌ ရွေးချယ်ခံ သည့် ဒါရိုက်တာ ညီညီထွန်းလွင် နှင့် ဇော်မြင့်ဦးတို့က မဲအပြတ်အ သတ်ဖြင့် အနိုင်ရရှိသည်။ 

ဒါရိုက်တာအခြေခံအလွှာ တွင် အဆိုပြုလွှာတင်သူ ခုနစ်ဦး ရှိပြီး ၎င်းတို့အနက် ညီညီထွန်း လွင်နှင့် ဇော်မြင့်ဦးတို့ကို မဲပေးရန်ပြီးခဲ့သည့် ရက်ပိုင်းကတည်းက အနုပညာရှင်အချင်းချင်း တိုက် တွန်းထားသည်။ 

ထို့ပြင် ယင်းအလွှာ၌ မဲပေး ခွင့်ရရှိသူစာရင်း၌ လက်ရှိ ရုပ်ရှင် လောကရှိ ဒါရိုက်တာအရေအတွက်ထက်များနေကြောင်း ရွေးကောက်ပွဲမတိုင်မီရက်၌ ဝေဖန်မှုများရှိခဲ့သည်။ 

‘‘အားလုံး အေးအေးဆေး ဆေးပါပဲ။ ဒါရိုက်တာအလွှာမှာ တချို့က ပြောကြတာက အစည်း အရုံးဝင်ကတ် ဖောင်းပွတယ်ဆို ပြီး ပြောကြတာ။ တကယ်တမ်းဆိုရင် မဲပေးခွင့်ရတဲ့စာရင်းကို လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ကြိုကပ်တယ်လေ။ အဲဒီကတည်း ကလည်း ကြေညာပြီးသား။ ကန့်ကွက်ချင်တဲ့လူရှိရင် ကန့်ကွက်လို့ရအောင်။ ဒါပေမဲ့ သတ်မှတ်ထား တဲ့ရက်အထိ ဘာမှ မလာတဲ့အပြင် မဲပေးခါနီးမှ ဖောင်းပွတယ်ဆို တော့ ဘာမှ လုပ်လို့မရတော့ဘူး။ အဲဒါပါပဲ။ တခြားပြဿနာတော့ မရှိပါဘူး’’ဟု ရွေးကောက်ပွဲကော် မရှင်အတွင်းရေးမှူး ဒါရိုက်တာမောင်နှင်းမိုးက ပြောသည်။ 

မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးရွေးကောက်ပွဲကို စက်တင် ဘာ ၂၃ နှင့် ၂၄ ရက်တွင် ပြုလုပ် မည်ဖြစ်ပြီး စက်တင်ဘာ ၂၃ ရက် ၌ အလွှာလေးလွှာအတွက် ဆန္ဒမဲ ကောက်ခံခြင်းဖြစ်သည်။ 

ဒါရိုက်တာအခြေခံအလွှာ အတွက် ညီညီထွန်းလွင်နှင့် ဇော်မြင့်ဦး၊ စက်မှုအခြေခံအလွှာအ တွက် ဦးကျော်ညွန့်နှင့် ဦးသား ကျော်၊ ဇာတ်လမ်းဇာတ်ညွှန်း အခြေခံအလွှာအတွက် ဦးအေး ကြူလေးနှင့် ဦးတင်ထွန်းအောင်၊ ဗီဒီယိုအခြေခံအလွှာအတွက် ဦးဝင်းနိုင်နှင့် ဦးနေထူးနိုင်တို့က အ ရွေးချယ်ခံခဲ့ရသည်။ ယနေ့(စက်တင်ဘာ ၂၄)တွင် အဓိကဇာတ်ဆောင်အခြေခံအလွှာအပါအဝင် အလွှာလေးလွှာအတွက်  ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။ ရုပ်ရှင်လောကသားများက အဓိကဇာတ်ဆောင်အခြေခံအ လွှာအတွက် ဇင်ဝိုင်းနှင့် ခန့်စည် သူကို မဲပေးရန် တိုက်တွန်းထား ပြီး ဇာတ်ပို့ဇာတ်ရံအလွှာအ တွက် ဦးဝင်းမြိုင်နှင့် ရဲမွန်ကို မဲပေးရန် တိုက်တွန်းထားသည်။ 

အဆိုပါရွေးကောက်ပွဲသည် ရုပ်ရှင်လောကသားများဦးစီး၍ တတိယအကြိမ် ပြုလုပ်ခွင့်ရရှိ သည့် ရွေးကောက်ပွဲဖြစ်ပြီး လော ကသားများ၏စိတ်ဝင်စားမှုများ ပြားသလို လာရောက်မဲပေးသူ များပြားကြောင်း ဒါရိုက်တာ မောင်နှင်း မိုးက ပြောသည်။