‘သီတင်းကျွတ်ပွဲတော်’ သီချင်းကို စန္ဒီမြင့်လွင်နဲ့အတူ ဖန်တီးထားတဲ့ပိုပို

‘သီချင်းကျွတ်ပွဲတော်’ ဟု အမည်ရသော သီချင်းတစ်ပုဒ် ကို အဆိုတော် စန္ဒီမြင့်လွင်နှင့် တွဲ ဖက် ဖန်တီးထားကြောင်း အဆို တော်ပိုပိုက ပြောသည်။

‘‘အစက မိစန္ဒီရယ်၊ ထက် ထက်ရယ်၊ စန္ဒီမြင့်လွင်ရယ်၊ ပိုပို ရယ် လေးယောက်ပေါင်းပြီးလုပ် ဖို့ တိုင်ပင်ထားတာပါ။ ဒါပေမဲ့ မိစန္ဒီကလည်း ခရီးသွားနေတယ်၊ ထက်ထက်ကလည်း ဘန်ကောက် ရောက်သွားတယ်ဆိုတော့ သီ တင်းကျွတ်မတိုင်မီ ပရိသတ်လက် ထဲ ပေးချင်တာနဲ့ စန္ဒီမြင့်လွင် နဲ့ပဲ နှစ်ယောက်တည်းလုပ်ဖြစ် သွားတယ်။ သီချင်းကို ၂၅ ရက်နေ့မှာ Audio Download Link တင်ပေးမယ်။ ၂၇ ရက်နေ့မှာ မြူး ဇစ်ဗီဒီယိုတင်ပေးပါမယ်’’ ဟု ၎င်းကပြောသည်။

သီတင်းကျွတ်ပွဲတော်သီး ချင်းကို ဒီဗီဒီ ကာရာအိုကေဆိုချင် သူများ၊ ဆောင်းဘောက်စ်ဖြင့် နား ထောင်ချင်သူများနှင့် အခွေဝယ် ကာ အမှတ်တရသိမ်းထားချင် သူများကို ရည်ရွယ်ကာ ဒီဗီဒီကာရာအိုကေထုတ်ပြီး စီးတီးမတ်ဆိုင်များမှတစ်ဆင့်ရောင်းချရန် စီစဉ်ထားသည်။ ဈေးနှုန်းကျပ် ၆၀၀ နှင့် ၇၀၀ကြား ရောင်းချရန် ရည်မှန်းထားဟုဆိုသည်။

‘‘အဲဒါကလည်း အမြတ်လို ချင်လို့ ရောင်းမှာမဟုတ်ပါဘူး။ ကာရာအိုကေခေတ် မရှိတော့မှန်း သိပေမယ့် တောင်းဆိုတဲ့သူတွေ ဆိုလို့ရအောင် နယ်ကပရိသတ် တွေလည်း အခွေလေးသိမ်းထား လို့ရအောင် အမှတ်တရအနေနဲ့ လုပ်ဖြစ်တာပါ’’ ဟု ပိုပိုက ပြော သည်။

မြူးဇစ်ဗီဒီယို Link ကို V7 အင်တာတိန်းမန့်မှ တင်ပေးမည် ဖြစ်ပြီး ပိုင်တံခွန်၊ အောင်လေး၊ ဟန်လေးတို့နှင့်အတူ ၎င်းကိုယ် တိုင် ပါဝင်သရုပ်ဆောင်ထား သည်။

‘‘သီတင်းကျွတ်ဆိုပျော်ကြ တယ်။ ငယ်ငယ်တုန်းကဆိုဆော့ ကြတယ်။ လူကြီးတွေကို ကန် တော့ကြတယ်။ အဲဒါလေးတွေကို စုံအောင်ထည့်ရိုက်ကြပါတယ်။ မိ သားစုပုံစံလေးတွေရောပေါ့။ ငယ်ငယ်ကနေ ကြီးသွားတဲ့အချိန်ထိ သီတင်းကျွတ်ကို ဖြတ်သန်းသွား တဲ့ပုံလေးတွေ ရိုက်ထားတာပါ’’ ဟု ပိုပိုကပြောသည်။

လက်ရှိတွင် သီတင်းကျွတ် ပွဲတော် သီချင်းရိုက်ကူးမှုအပြင် ဇူလိုင် ၁၆ ရက်က ထွက်ရှိသည့် ၎င်း၏ တတိယအခွေ MasterPiece အတွက် အမ်တီဗီများ ရိုက်ကူးနေသည်မှာ ရှစ်ပုဒ်ပြီးပြီဖြစ်ပြီး သုံးပုဒ်သာရိုက်ကူးရန် ကျန်ရှိကြောင်း၊ ယခုနှစ်သီတင်းကျွတ် ကို ပျဉ်းမနား၌ ရှိုးဆိုကာ ဖြတ်သန်း ရန်ရှိကြောင်း ပိုပိုက ပြောသည်။