ငွေကျပ် ၃၀၀ ခိုးမှုဖြင့် လူငယ်သင်တန်းကျောင်းပို့ခံရသည့် ကလေးသုံးဦးကိစ္စ လွှတ်တော်တွင် မေးမြန်းမည်

 ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အောင်ဗောဓိစေတီရှိ အ လှူခံပုံးများကို ဖောက်၍ ခိုးယူ သည်ဆိုကာ အသက်(၁၀)နှစ်မှ (၁၃)နှစ်ရှိ ကျောင်းသားသုံးဦးကို ဂေါပကအဖွဲ့ဝင်တစ်ဦးက တရားစွဲသဖြင့် လူငယ်သင်တန်းကျောင်း ပို့ခံရသည့် ကိစ္စနှင့်ပတ်သက်၍ လွှတ်တော်သို့ မေးမြန်းမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီ ညီကပြောသည်။

‘‘ဒီကလေးတွေရဲ့ ဘဝရှေ့ ရေး အခက်အခဲမဖြစ်စေရအောင် ကျွန်တော်တို့ ဥပဒေဘောင်အ တွင်းကနေ နည်းမျိုးစုံနဲ့ အစွမ်း ကုန်ကြိုးစားသွားပါမယ်’’ဟု ၎င်း က ပြောသည်။


လတ်တလောတွင် ယင်း ကိစ္စကို လွှတ်တော်ဥက္ကဋ္ဌထံသို့ အမြဲမပြတ် သတင်းပို့ဆောင်ရွက်နေပြီး နောက်တစ်ကြိမ် ကျင်းပမည့် လွှတ်တော်၌ မေးခွန်း (သို့ မဟုတ်) အဆိုအဖြစ် တင်သွင်း ရန် ဆောင်ရွက်နေကြောင်း ဦးညီ ညီက ပြောသည်။

‘‘ကလေးတွေ တရားရုံးအာ မခံရအောင်လည်း ဥပဒေဘောင် အတွင်းက သက်ဆိုင်ရာများနှင့် ချိတ်ဆက်၍ ဆက်လက်ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်’’ဟု ၎င်း က ပြောသည်။

စက်တင်ဘာ ၁၃ ရက်က ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အောင်ဗောဓိစေတီရှိ အလှူခံပုံးများကိုဖောက်၍ ခိုးယူသည်ဆိုကာ ကျောင်းသားများကို ကျပ် ၃၀၀ လက်ဝယ်တွေ့ရှိမှုဖြင့် ဂေါပကအဖွဲ့ဝင်တစ်ဦးက တရားလိုပြုကာ ခိုးမှုပုဒ်မ ၃၇၉ ဖြင့် ဒဂုံ (တောင်)မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။

အဆိုပါ အမှုရုံးချိန်းကို စက်တင်ဘာ ၂၃ တွင် ချိန်းဆိုထား သည်။ လက်ရှိတွင် သန်လျင်မြို့ နယ်ရှိ လူငယ်သင်တန်းကျောင်း တွင် ထိန်းသိမ်းခံထားရသည့် ကလေးငယ်သုံးဦးသည် စက်တင်ဘာ ၂၆ ရက်၌ စာမေးပွဲဖြေရမည်ဖြစ်၍ အဆိုပါထိန်းသိမ်းရေးကျောင်းမှ ကလေးများကို ပြန်လည် ခေါ်ယူရမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုပြီးချိန်တွင် သင်တန်း ကျောင်းသို့ ပြန်လည်ပေးပို့ရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီ ညီက ရှင်းပြသည်။

‘‘သူတို့ကို ကျွန်တော်တို့က အောက်တိုဘာ ၄ ရက်အထိ ခေါ်ထားတယ်။ ၅ ရက်နေ့ကျရင် ပြန်ပို့ပေးရမှာပါ။ အဲဒီကြားထဲမှာ ကလေးတွေကို အာမခံလျှောက် ပေးမှာဖြစ်ပါတယ်’’ဟု ဦးညီညီ ကဆိုသည်။

 အဆိုပါ ကလေးငယ်များ သည် တတိယတန်း တက်ရောက်နေသူတစ်ဦး၊ ပဉ္စမတန်း တက်နေသူတစ်ဦးနှင့် သတ္တမတန်း တက်နေသူတစ်ဦးတို့ဖြစ်ပြီး တတိယတန်းနှင့် ပဉ္စမတန်း ကလေးနှစ်ဦးသည် ညီအစ်ကိုအရင်းဖြစ်ကြောင်း ၎င်းကပြောပြသည်။

 ၂၀၁၇ စက်တင်ဘာ ၁၃ ရက်က ကျောင်းသားသုံးဦးသည် ကျူရှင်မှအပြန် အောင်ဗောဓိ စေတီတည်ရှိရာ ဘုရားဝင်းအ တွင်း ဆော့ကစားနေရင်း ဘိုးတော်ရုပ်တုအရှေ့ရှိ အလှူခံပုံး၏ ပိုက်ဆံထည့်သည့် အပေါက်ဝတွင် တစ်ဝက်တစ်ပျက်ဖြစ်နေသော ငွေကျပ် ၃၀၀ ကို သွားကြားထိုးတံဖြင့် ကော်ထုတ်၍ ယူနေစဉ် ဂေါပကအဖွဲ့ကမိပြီး ရဲ စခန်းသို့ ပို့ဆောင်စေခဲ့ကြောင်း အမှုဖွင့်ခံရသူ ညီအစ်ကိုနှစ်ဦး၏ ဖခင်ကဆိုသည်။

 ‘‘ကလေးတွေက ငယ်ပါ သေးတယ်။ ဒီပိုက်ဆံ ၃၀၀ လောက်နဲ့ မိဘတွေကို ခေါ်ပြီး တော့ နောက်တစ်ခါ ဒီလိုမဖြစ် အောင် ဆုံးမပေးပါဆိုပြီး လက် မှတ်ထိုးပြီးပါတယ်ဗျာ။ အခုက ဒီလိုကြီးလုပ်ကြတယ်။ ဒါတော့ မကောင်းပါဘူး’’ဟု ၎င်းကပြော သည်။

More in News Section