ရခိုင်ဒေသ ဒုက္ခသည်စခန်းများရှိ ပြည်သူများကို ရွေ့လျားဆေးကုအဖွဲ့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေး

ရခိုင်ပြည်နယ်ရှိ ဒုက္ခ သည်စခန်းများတွင် နေထိုင်သော ပြည်သူများအတွက် ရွေ့လျား ဆေးကုအဖွဲ့ဖြင့် နေ့စဉ်ကျန်းမာ ရေး  စောင့်ရှောက်မှုပေးနေ ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ သဘာဝဘေးနှင့်ကူးစက် ရောဂါတိုက်ဖျက်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

‘‘ပုံမှန်ရေဘေးလို သဘာဝ ဘေးလိုပါပဲ။ ရွေ့လျားဆေးအဖွဲ့ တွေသွားတယ်။ အခုကတော့သိပ် ပြီးတော့ ထူးထူးခြားခြား ရောဂါ တွေတော့မတွေ့သေးပါဘူး။ ပုံ မှန်နည်းနည်းနေမကောင်းတာ လောက်ပဲရှိတယ်။ အာဟာရချို့ တဲ့မှု အခြေအနေကလည်း သိပ်မ ဆိုးဘူးပေါ့’’ ဟု ၎င်းကပြော သည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာ နမှ ကျန်းမာရေးမှူးများပါဝင် သော ၄၂ ဖွဲ့သည် နေ့စဉ် ယင်း ဒုက္ခသည်စခန်းများသို့ သွား ရောက်၍ ဆေးကုသပေးခြင်း၊ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အာဟာရစောင့်ရှောက်ပေးခြင်းနှင့် ကိုယ်ဝန်ဆောင်များအား မွေးဖွားရမည့် ဆေးရုံသို့  လွှဲပြောင်းကုသပေး ခြင်းတို့ ဆောင်ရွက်နေသည်။

‘‘အဓိကတော့ သွားရဲဖို့လို တာပေါ့။ သွားရဲလာရဲရှိတဲ့သူ နည်းနည်းရှားတယ်။ ပြည်မကြီး ကလူတွေခေါ်ဖို့ နည်းနည်းအခက် အခဲရှိသေးတယ်။ ရခိုင်ပြည်နယ် အတွင်းက လူတွေပဲ ခိုင်းလို့ရ တယ်။ အခုသွားတဲ့အဖွဲ့တွေက သင်တန်းပေးပြီးတဲ့ အဖွဲ့တွေ ချည်းပဲ။ နောက်သင်တန်းပေးဖို့ လည်းရှိပါသေးတယ်’’ ဟု ဒေါက် တာသန်းထွန်းအောင်က ပြော သည်။

လက်ရှိဒုက္ခသည်စခန်းများ တွင် နေထိုင်သူဦးရေ သုံးသောင်း ခန့်ရှိသည်။ ယင်းဒုက္ခသည်အ များစု စုစည်းနေထိုင်ရာ စခန်း များအနက် ဘူးသီးတောင်မြို့နယ် ၌ ၁၀ နေရာ၊ မောင်တောမြို့နယ် တွင်  ငါးနေရာဖြင့် စုစုပေါင်း ၁၅ နေရာ၌ ဆေးကုသခန်းငယ်များ ဖွင့်လှစ်ထားသည်။

ထို့အပြင် ရခိုင်ပြည်နယ်အ တွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ဆေးရုံသို့ မလာရောက်နိုင်သော ဒုက္ခသည် များ၏ ကျန်းမာရေးစောင့်ရှောက် မှုအတွက် ကာကွယ်ရေးဝန်ကြီး ဌာနနှင့် ညှိနှိုင်း၍ ဆေးကုသပေး နေကြောင်း ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြော သည်။

ရခိုင်ပြည်နယ်တွင်သြဂုတ် ၂၅ ရက်က စတင်ကာဒေသခံများ နှင့် ရဲစခန်းများဝင်ရောက် အကြမ်းဖက်တိုက်ခိုက်ခံရပြီး လမ်းများကို မိုင်းထောင်ဖောက်ခွဲထားသဖြင့် အချို့နေရာများ၌ သွားလာရန် လွယ်ကူခြင်းမရှိဘဲ ဆက်သွယ် ရေး ပြတ်တောက်နေသည်။