ရာပြည့်ပွဲတွင် ဆွာရက်ဇ် သွင်းဂိုးနှင့်အတူဘာစီလိုနာ နိုင်ပွဲဆက်

ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ် (၃၀) နှစ်သည် ဂျီရိုနာကို သုံးဂိုးပြတ်အနိုင်ရသော ပွဲတွင် ဘာစီလိုနာအသင်းအ တွက် လိဂ်ပွဲ ၁၀၀ ပြည့်မြောက်ခဲ့ ပြီး တတိယမြောက်ဂိုး သွင်းယူ နိုင်ခဲ့သည်။


၂၀၁၄ က လီဗာပူးမှ ဘာစီ လိုနာသို့ ပြောင်းရွှေ့လာသူ လူး ၀စ်ဆွာရက်ဇ်သည် ယင်းဂိုး ကြောင့် ဘာစီလိုနာအတွက် စုစု ပေါင်း သွင်းဂိုး ၈၇ ဂိုး ရှိလာသည်။

‘‘ဂိုးတွေသွင်းယူဖို့ ရှင်သန် တဲ့ တိုက်စစ်မှူးတစ်ယောက်အ တွက် ဒါက အရေးကြီးပါတယ်။ ဆွာရက်ဇ်အတွက် ကျွန်တော်တို့ ၀မ်းသာမိတယ်။ ဒါပေမဲ့ သူဂိုးမ သွင်းဘဲ ကျွန်တော်တို့ကို တခြား အရေးကြီးတဲ့အရာတွေ ပေးစွမ်း ထားတာကိုလည်း ထောက်ပြဖို့အ ရေးပါပါတယ်’’ဟု ဆွာရက်ဇ်၏ နည်းစနစ်ပိုင်းဆိုင်ရာ အတွင်းရေး မှူး ရောဘတ်ဖာနန်ဒက်ဇ်က ပွဲ အပြီးတွင် ပြောကြားသည်။

ဘာစီလိုနာအတွက် ပွဲ ၁၀၀ ပြည့်မြောက်ခဲ့သည့် ဆွာရက်ဇ် သည် အသင်းဖော်များအတွက် ၅၁ ကြိမ် ဂိုးဖန်တီးပေးထားသည်။

‘‘သွင်းဂိုးတွေနဲ့ သူနဲ့ ချိတ် ဆက်မှုက ကျွန်တော်တို့အတွက် ကောင်းပါတယ်။ သူ့အနေနဲ့ အ ခွင့်အရေးတွေ ဘယ်လောက်ဖန် တီးနိုင်တာနဲ့ပတ်သက်ပြီး ကျွန် တော်တို့ ၀မ်းမြောက်မိပါတယ်’’ ဟု ဘာစီလိုနာနည်းပြ အားနက်စ တိုဗယ်လ်ဗာဒီက ပြောသည်။

လက်ဆောင်နှစ်ဂိုးနှင့်အတူ ဂျီရိုနာကို အနိုင်ရခဲ့သဖြင့် ဘာစီ လိုနာသည် စပိန်လာလီဂါတွင် ရာနှုန်းပြည့် နိုင်ပွဲဆက်နေပြီး ဇယားထိပ်ဆုံးနေရာကို ၁၈ မှတ် ဖြင့် ဦးဆောင်ထားနိုင်သည်။

ပြီးခဲ့သည့် ပွဲစဉ်က ရီးရဲလ် ဘက်တစ်ကို အံ့အားသင့်ဖွယ်ရှုံးခဲ့ သည့် ရီးရဲလ်မက်ဒရစ်က စီဘယ် လော့စ်၏ သွင်းဂိုး နှစ်ဂိုးနှင့်အတူ အလာဗတ်စ်ကို ၂-၁ ဂိုးဖြင့်အနိုင်ရပြီး ၁၁ မှတ်ရရှိကာ အဆင့်(၄)နေရာ ရပ်တည်နေသည်။

အက်သလက်တီကိုမက်ဒ ရစ်က ဆီဗီလာကို ဂရစ်ဇ်မန်း၊ ကာရက်စကိုတို့၏ သွင်းဂိုးများဖြင့် ၂-၀ ဂိုးဖြင့် အနိုင်ရပြီး ပထမနေရာရှိဘာစီလိုနာကို လေးမှတ်အကွာဖြင့် ဖိအားပေးနေသည်။

-Ref:Reuters