စပ်ဆေးရောင်းချသော ဆိုင်များကို ၂၀၁၈ တွင် အရေးယူမည်ဟုဆို

ဝင်ငွေနည်းပြည်သူအချို့သည် ဆေးဆိုင်အချို့က ရောင်းချသော စပ်ဆေးများကို မှီခိုအားထားနေကြသည်။ (ဓာတ်ပုံ- ကျော်ဇင်သန်း)

စပ်ဆေးရောင်းချမှုများ   ထပ်မံ တွင်ကျယ်လာသဖြင့် ၂၀၁၈ မှ စတင်ကာ စပ်ဆေး ရောင်းချသော ဆေးဆိုင်များကို အရေးယူမည်ဖြစ်ကြောင်း အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်)၊ ဆေးဝါးဌာနခွဲမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာမျိုးဇာနည်စော က ပြောသည်။

‘‘စပ်ဆေးရော ထောက်ခံ ချက်မရှိတဲ့ ဆေးတွေနဲ့ အစားအ သောက်တွေကိုပါ ၂၀၁၈ မှာ အရေးယူဖို့အတွက် ဝန်ကြီးချုပ် က ပြောဆိုထားတာပါ။ လူထုကို ဘယ်လောက်ပြောပြော ခဏ တဖြုတ် ပစ္စည်းသိမ်းတဲ့ အချိန် လောက်ပဲ လျော့သွားပြီးတော့ နောက်ပိုင်းမှာ ပြန်ပြီးတော့ လုပ် ဆောင်လာတဲ့အတွက် အရေးယူ တော့မှာပါ။ မြို့နယ်အစားအ သောက်နဲ့ ဆေးဝါးကြီးကြပ်မှု ကော်မတီက အရေးယူမှာပါ’’ဟု ၎င်းက ဆိုသည်။

လက်ရှိ စပ်ဆေးရောင်းချ နေသော ဆေးဆိုင်များကို တွေ့ရှိ ပါက ပစ္စည်းသိမ်းခြင်း၊ ခံဝန်ထိုး ခိုင်းခြင်း၊ ဆိုင်ခေတ္တပိတ်ခြင်းနှင့် ပြင်းထန်စွာ သတိပေးခြင်းတို့ကို ဆောင်ရွက်နေရာမှ ၂၀၁၈ တွင် ဆိုင်ကို ရာသက်ပန်ပိတ်ခြင်း၊ လိုင်စင်သိမ်းခြင်းအပြင် တရားစွဲဆို၍ အရေးယူမည်ဖြစ်သည်။

အမျိုးသားဆေးဝါးဥပဒေ ပုဒ်မ ၁၅ တွင် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ၊ ဆေးဝါး အတုများ၊ စံမညီဆေးဝါးများ၊ ရောနှောဆေးဝါးများ၊ ကျန်းမာ ရေးဝန်ကြီးဌာနက သုံးစွဲရန်မသင့် ဟု အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ထားသော အန္တရာယ်ရှိ ဆေးဝါးများရောင်းချခြင်းမှ တား မြစ်ထားသည်။

ပုဒ်မ ၁၅ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ငွေ ဒဏ်အနည်းဆုံးကျပ်ငါးသောင်းမှ အများဆုံးကျပ်ငါးသိန်းအထိ ဖြစ် စေ၊ ထောင်ခုနစ်နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံရ မည်ဟု သတ်မှတ်ထားသည်။

 လက်ရှိ စစ်ဆေးတွေ့ရှိ သော စပ်ဆေးများကို ဓာတ်ခွဲစမ်း သပ်ရာတွင် အကိုက်အခဲပျောက် ဆေးသုံးမျိုးခန့် ပါဝင်နေပြီး စတီး ရွိုက်ဆေးဝါးများပါ ထည့်သွင်း ထားသဖြင့် သောက်သုံးရန်မသင့် ကြောင်း မြန်မာနိုင်ငံ အစားအ အသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန(FDA)ညွှန်ကြားရေး မှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောသည်။

‘‘အကိုက်အခဲပျောက်ဆေး စပ်ရောင်းတဲ့ဟာကို ဓာတ်ခွဲကြည့် တဲ့အခါမှာ ပါရာစီတမောလ်၊ အိုင်ဗျူပရိုဖန်၊ ထရန်မဒေါလ်ပါတယ်။ ထရန်မဒေါလ်(Tramadol)ဆို တာ ထိန်းချုပ်ဆေး။ ဒီသုံးခုက အကိုက်အခဲပျောက်တယ်။ အဲဒါ အပြင် ဒက်ဆာမီသာဇုန်း(Dexa- methasone)ဆိုတဲ့ စတီးရွိုက် ဆေးထည့်တယ်။ အဲဒီကောင်တွေ က ဗိုက်အရမ်းနာတာ။ သွေးယို ထွက်သွားလိမ့်မယ်။ သူ့ကို ထိန်းဖို့ဂျဲလမက်ဆေးပြားလေးတစ်ပြား လောက် ကောက်ထည့်ပေးတယ်။ အဲဒီဂျဲလမက်ဆေးပြားကလည်း သက်တမ်းလွန်ကြီး။ အာနိသင်က ရှိသေးတော့ သက်သာသလို ဖြစ် သွားတာ။ ဒါပေမဲ့ သူ့အစာအိမ်နာ တာ သူမသိဘူး။ သွေးယိုမှာ သူ မသိဘူး။ အရမ်းဆိုးတယ်။ စပ် ဆေးထဲမှာ ဒါတွေပါတယ်။ မ သောက်ကြပါနဲ့’’ဟု ဒေါက်တာ သန်းထွဋ်က ပြောသည်။

ယင်းစပ်ဆေးထုပ်များတွင် ပါဝင်သည့် အကိုက်အခဲပျောက် ဆေးအုပ်စုဝင် ပါရာစီတမောလ် (Paracetamol)သည် အခြား သော အကိုက်အခဲပျောက်ဆေး များကဲ့သို့ အစာအိမ်ထိခိုက်မှု မရှိသလောက် နည်းပါးသော်လည်း ယင်းဆေးပြားများကို တစ်နေ့ သုံးကြိမ်ထက် ပို၍ သောက်သုံးမိပါက အသည်းကို ထိခိုက်စေနိုင်သည်။

ထို့ပြင် အိုင်ဗျူပရိုဖန် (Ibu- profen)သည် နှလုံးသွေးကြော ပိတ်စေနိုင်သည့် ဆိုးကျိုးဖြစ်ပေါ် စေနိုင်သည်။ ထိုကဲ့သို့ စပ်ဆေး များသုံးစွဲခြင်းကြောင့် အစာအိမ် နှင့် အူလမ်းကြောင်းဆိုင်ရာ ရော ဂါများ ဖြစ်ပွားခြင်း၊ အစာအိမ် သွေးကြောပေါက်ခြင်း၊ သွေးတိုး ဆီးချို ရောဂါဖြစ်ခြင်း၊ အရိုးပွခြင်း၊ အသည်းနှင့် ကျောက်ကပ် ထိခိုက်ခြင်းများ ဖြစ်ပေါ်နိုင် ကြောင်း  ဆရာဝန်ကြီးများက ပြော သည်။

‘‘စပ်ဆေးတွေက ကြည့် လိုက်တဲ့အခါကျတော့ အပြင်းဆုံး အကိုက်အခဲပျောက်ဆေးတွေ ထည့်ထားတယ်။ အကိုက်အခဲ ပျောက်ဆေး တစ်မျိုးတည်းမ ဟုတ်ဘူး။ နှစ်မျိုးလောက်ပေါင်း ထားတာကို သောက်မိရင် အစာ အိမ်အူလမ်းကြောင်းရောဂါဖြစ်ဖို့ များတယ်။ လူနာမှာ အကိုက်အခဲ ပျောက်ဆေးရဲ့ဆိုးကျိုးကို ပိုခံရ တယ်။ ဒါကြောင့် ဖြစ်နိုင်ရင် စပ် ဆေးမသောက်တာ အကောင်းဆုံး ပဲ’’ဟု အစာအိမ်အူလမ်းကြောင်း ဆိုင်ရာ ရောဂါကုဆရာဝန်ကြီး တစ်ဦးက အကြံပြုသည်။

FDA က မြန်မာနိုင်ငံတွင် ကျေးရွာခြောက်သောင်းကျော်ရှိ သည့်အနက် ပြီးခဲ့သည့်နှစ်က စပ် ဆေး၊ သက်တမ်းလွန်ဆေးနှင့် တရားမဝင် ဆေးဝါးများ တိုက် ဖျက်ရေးကို ကျေးရွာ ၆၀၀ တွင် ဆောင်ရွက်ခဲ့သည်။ ယခုနှစ်တွင်  ကျေးရွာ ၁,၂၀၀ အထိ တိုးမြှင့် လုပ်ဆောင်မည်ဖြစ်ပြီး ယမန်နှစ် ထက် နှစ်ဆပိုမို ဆောင်ရွက်နေ သည်။

စပ်ဆေးများကို ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းဒေ သကြီးတို့တွင် အများဆုံးဖြန့်ဖြူး နေသဖြင့် စစ်ဆေးဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့ရာ ယခုအခါ ပဲခူး တိုင်းတွင် စပ်ဆေးတွေ့ရှိမှုလျော့ ကျခဲ့ပြီး ရန်ကုန်နှင့် မန္တလေး၌ ဆက်လက်တွေ့ရှိနေသေးသည်။

More in News Section

Top News