ရန်ကုန်တိုင်း ၄၄ မြို့နယ်ရှိ စတိုးဆိုင်၊ ဆေးဆိုင်နှင့်ဈေးများကို စီမံချက်ဖြင့် စစ်ဆေးမည်

FDAမှ တာဝန်ရှိသူများရန်​ကုန်​မြို့ ​ညောင်​ပင်​​လေး​ဈေးနှင့်​ လမ်းမ​တော်​မြို့နယ်​အတွင်းရှိ ​ဈေးဆိုင်များကို ၀င်​​ရောက်​စစ်​​ဆေးနေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

တစ်ပတ်လျှင် နှစ်ရက် နှုန်းဖြင့် ရန်ကုန်တိုင်း ၄၄ မြို့နယ်ရှိ စတိုးဆိုင်များ၊ ဆေးဆိုင်များနှင့် ဈေးများကို စီမံချက်ချ စစ်ဆေးမည်ဖြစ်ကြောင်း   အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) ဦးစီးအရာရှိ (ရန်ကုန်)   ဒေါက်တာဖြိုးမာန် သက်ဦးက ပြောသည်။ 

အဆိုပါစီမံချက်ကို အစား အသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၊ စည်ပင်သာယာ ရေးကော်မတီ၊ ကျန်းမာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့ နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာ ဌာန၊ ဈေးတာဝန်ခံများနှင့်ပူး ပေါင်းကာ စက်တင်ဘာ ၂၅ ရက် က စတင်ဆောင်ရွက်နေပြီ  ဖြစ် သည်။ 

‘‘ဈေးတွေ၊ ဆေးဆိုင်တွေ၊ စတိုးဆိုင်တွေအပြင် ဘေးအန္တ ရာယ်ကင်းရှင်းဖို့အတွက် သက် တမ်းလွန်သောက်ရေသန့်တွေကို လည်း စစ်ဆေးအရေးယူမယ်။ အသိပညာပေးတာတွေလည်း လုပ်ပြီးပြီဆိုတော့ အရေးယူမှု တွေလည်း ပူးတွဲပြီး ပါလာမှာပါ’’ ဟု ဒေါက်တာဖြိုးမာန်သက်ဦးက ပြောသည်။ 

စီမံချက်စတင်သောနေ့တွင် လမ်းမတော်မြို့နယ် ညောင်ပင် လေးဈေးအတွင်း ရောင်းချနေ သော ဆီ၊ ဝက်အူချောင်း၊ သကြားစသည့်အစားအသောက်များနှင့် ဆေးဆိုင်နှစ်ဆိုင်ကို စစ်ဆေးခဲ့ သည်။ ထို့အပြင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးအနီးတွင် ရောင်းချနေ သော ဆေးဆိုင်များကိုလည်း ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ သည်။ 

‘‘ယိုးဒယားစာသားတွေနဲ့ တရုတ်စာသားတွေပါတဲ့ အစား အသောက်တွေကို တွေ့ရတယ်။ ဒါတွေက ဆရာတို့ဌာနက ထောက်ခံချက်မရထားတဲ့ အစား အသောက်တွေအများစုတွေ့ရ တယ်။ ဒါကိုတော့ အရေးယူမှု ဆက်လက်လုပ်ဆောင်သွားမယ်။ တင်သွင်းတဲ့ သူတွေကို အရေးယူ မယ်’’ဟု ဒေါက်တာဖြိုးမာန်သက် ဦးက ဆိုသည်။ 

ပူးပေါင်းအဖွဲ့က ညောင်ပင် လေးဈေးသို့ သုံးလ တစ်ကြိမ်၊ ခြောက်လ တစ်ကြိမ်ခန့် လာ ရောက်ကာ အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်များ စစ် ဆေးနေသည့်အပြင် ဈေးတာဝန်ရှိ သူများကလည်း ဘေးအန္တရာယ်ရှိ အစားအသောက်များ ရောင်းချမှု မရှိစေရန် ကြပ်မတ် စစ်ဆေးနေ ကြောင်း ဈေးတာဝန်ခံ ဦးဌေးဦး က ပြောသည်။ 

‘‘အဓိက က တော့ ဆေးဆိုင်မှန်သမျှ လိုင်စင်လုပ်ရတယ်။ တရားမဝင်တဲ့ပစ္စည်းတွေကို ရောင်းခွင့်မရှိဘူး။ တွေ့ရင်တော့ အရေးယူရမှာပေါ့။ ဦးလေးတို့အနေနဲ့ FDAက မရောင်းချဖို့ ကြေညာထားတဲ့ စားသောက်ကုန်တွေကိုတော့  စစ်ဆေးပေးနိုင်ပေမယ့် တချို့စားသောက်ကုန်တွေ၊ ဆေးဝါးတွေကျတော့ ဦးလေးတို့အနေနဲ့ စစ်ဆေးလို့မရတာတွေလည်း ရှိတာပေါ့’’ဟု ၎င်းက ဆိုသည်။ 

အစားအသောက်များကျန်း မာရေးနှင့်ညီညွတ်ပြီး ဘေးအန္တ ရာယ်ကင်းရှင်းစေရန် စည်ပင်နယ်နိမိတ်အတွင်းရှိ ဈေးများ၊ စတိုးဆိုင်များသာမက စည်ပင်ပြင်ပရှိ ဈေးများကိုပါ လိုက်လံစစ်ဆေး နေသည်။ စစ်ဆေးချက်အရ ဈေးအများစုတွင် ရောင်းချရန် ကန့်သတ်ထားသော အစားအသောက်များ၊ ထောက်ခံချက်မရှိသော အလှကုန်နှင့်ဆေးဝါးများကို တွေ့မြင်နေရဆဲဖြစ်၍ ယခုကဲ့သို့ စီမံချက်များချမှတ်ကာ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဒေါက်တာဖြိုးမာန်သက်ဦးက ရှင်းပြသည်။ 

Top News