ဟိန္ဒူဘာသာဝင် ရုပ်အလောင်း ၁၇ လောင်း ထပ်မံတွေ့ရှိ

ဟိန္ဒူဘာသာဝင်များကို ဖမ်းဆီးသတ်ဖြတ်မှု သတင်းပေးသူနှင့် အလောင်းရှာဖွေရာတွင် ကူညီသူများကို ရဲတပ်ဖွဲ့ လုံခြုံရေးပေး
သတ်ဖြတ်ခံရသူများ၏ မိသားစုဝင်များကို တာဝန်ရှိသူ များက နှစ်သိမ့်ပေးနေစဉ် (ဓာတ်ပုံ − တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဖေ့စ်ဘွတ်ခ်)

ARSA အစွန်းရောက်အကြမ်းဖက် သမားများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသော ဟိန္ဒူဘာသာဝင်များကို ရှာဖွေမှု နှစ်ရက်မြောက် တွင် ရုပ်အလောင်း ၁၇ လောင်းထပ်မံတွေ့ရှိ ခဲ့ပြီး စုစုပေါင်း ၄၅ လောင်း တွေ့ရှိထားကာ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူမည်ဖြစ် ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကို ကိုယ်တိုင်တွေ့ကြုံ ခဲ့ပြီး ထွက်ပြေးလွတ်မြောက်လာ သော ဟိန္ဒူဘာသာဝင်များနှင့်အ တူ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပျောက်ဆုံးနေသော ဟိန္ဒူဘာသာ ဝင်များကို မောင်တောမြို့နယ် ရဲ ဘော်ကျားကျေးရွာ ဝန်းကျင် တွင် စက်တင်ဘာ ၂၄ ရက် နံနက် က စတင်ရှာဖွေခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ ၂၄ ရက်တွင် အမျိုး သမီးရုပ်အလောင်း ၂၀၊ အမျိုး သားရုပ်အလောင်း ခြောက် လောင်းတွေ့ရှိပြီး စက်တင်ဘာ ၂၅ ရက်၌ အမျိုးသားရုပ်အ လောင်း ၁၇ လောင်းထပ်မံတွေ့ရှိ ခဲ့သည်။

စက်တင်ဘာ ၂၄ ရက်က ရုပ်အလောင်းများ တွေ့ရှိသောနေရာ မှ အရှေ့ဘက်မီတာ ၂၀၀ အကွာ တောင်ကြော တစ်ဖက်ခြမ်း၌ မြေ ကျင်းနှစ်ကျင်းအတွင်း မြှုပ်နှံထား သည်ကို တွေ့ရှိခဲ့ပြီး ဒေသခံ ဟိန္ဒူ ဘာသာဝင်များ၏ ပြောကြားချက် အရ ရဲဘော်ကျား ကျေးရွာနေ ဟိန္ဒူဘာသာဝင်များဟု အတည် ပြုနိုင်ခဲ့ကြောင်း အစိုးရက သ တင်းထုတ်ပြန်သည်။

ရုပ်အလောင်းများကို မောင် တောခရိုင် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ်တရားသူ ကြီးနှင့် မှုခင်းတပ်ဖွဲ့က စိစစ်ခဲ့ သည်။ အလောင်းများသည် လက်ပြန်ကြိုးတုပ်လျက် တွေ့ရှိရ ပြီး လည်ပင်းလှီးဖြတ်ဒဏ်ရာ၊ ချွန်ထက်သော အရာများဖြင့် ထိုးသွင်းထားသာ ဒဏ်ရာများကြောင့် လွန်ခဲ့သော တစ်လခန့် က သေဆုံးခဲ့သည်ဟုသုံးသပ်ရ ကြောင်းနှင့် ရုပ်အလောင်းများ ကို ရင်ခွဲစစ်ဆေးကာ ဒဏ်ရာ၊ ဒဏ် ချက်များကို အသေးစိတ်စိစစ်ပြီး သတ်ဖြတ်မှုများအတွက် ဥပဒ နှင့်အညီ အမှုဖွင့်အရေးယူမည် ဖြစ်ကြောင်း သတင်းထုတ်ပြန် သည်။

ရုပ်အလောင်းများကို ရှာဖွေ တူးဖော်ခြင်းနှင့် ပတ်သက်၍ မောင်တောမြို့နယ် တရားသူကြီး ဦးဇော်ဇော်သန်းက ‘‘သေရတဲ့အ ကြောင်းအရာနဲ့ ပတ်သက်ပြီး စုံ စမ်းစစ်ဆေးမှုတွေကို ပြုလုပ်ဖို့ရဲ တပ်ဖွဲ့က တူးဖော်ပြီး စုံစမ်းချင် တယ်လို့ ခွင့်ပြုချက်တောင်းခံလာ တဲ့အတွက် ဥပဒေလုပ်ထုံးလုပ် နည်းနဲ့အညီ တူးဖော်ခွင့်ပြုခဲ့တာ ပါ’’ ဟု ပြောကြားကြောင်း လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီးဌာ န သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြည်နယ်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် လုံ ခြုံရေးတာဝန်ရှိသူများ စက်တင် ဘာ ၂၅ ရက်က မောင်တောမြို့ နယ်သို့ ရောက်ရှိနေပြီး သေဆုံး သူ များ၏ မိသားစုဝင်များနှင့် တွေ့ ဆုံခဲ့သည်။ ထို့အပြင် သေဆုံးသူ တစ်ဦးချင်းစီအတွက် မိသားစုဝင် များအား ထောက်ပံကြေးပေးအပ် မည်ဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ARSA အစွန်းရောက်အ ကြမ်းဖက်သမားများ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရသော ဟိန္ဒူဘာ ဘာဝင်များ၏ သတင်းကို အစိုးရ အား ပေးခဲ့သူနှင့် ယင်းအလောင်း များ ရှာဖွေရာတွင် ကူညီပေးသူ များ၏ လုံခြုံရေးကို ရဲတပ်ဖွဲ့က ဆောင်ရွက်ပေးထားကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။

ARSA အစွန်းရောက်အ ကြမ်းဖက်သမားက မောင်တော မြို့နယ် ရဲဘော်ကျားကျေးရွာနေ ဟိန္ဒူဘာသာဝင် တစ်ရာခန့်ကို ဖမ်းဆီးသတ်ဖြတ်သည်ဟူသော သတင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော ရဲဘော် ကျားကျေးရွာ ဒေသခံတစ်ဦးက စစ်တွေမြို့ရှိ ဟိန္ဒူဘာသာရေး ခေါင်းဆောင်တစ်ဦးထံ ဖုန်းဆက် သတင်းပေးခဲ့ပြီးနောက် ယင်းအ လောင်းများ ရှာဖွေရေးကို စတင် ခြင်းဖြစ်သည်။

မောင်တောဒေသပထမအ ကြိမ် အကြမ်းဖက်တိုက်ခိုက်ခံရ သော ၂၀၁၆ အောက်တိုဘာ ၉ ရက်နောက်ပိုင်းကစကာ အကြမ်း ဖက်သမားများ၏ လှုပ်ရှားမှုများ နှင့် ဒေသတွင်းအခြေအနေများကို မီဒီယာများနှင့် တာဝန်ရှိသူများထံ သတင်းပေးသည့် ဘင်္ဂါလီလူမျိုး ဆယ်အိမ်မှူးအချို့ကို အကြမ်း ဖက်သမားများက ဖမ်းဆီးသတ် ဖြတ်မှုများ မကြာခဏ ပြုလုပ်ခဲ့ သည်။ ဒေသတွင်း တည်ငြိမ်ရေး ကို လိုလားသော ဘင်္ဂါလီအချို့က မူ အကြမ်းဖက်သမားဟု သံသယ ရှိသူများကို ဖမ်းဆီးနိုင်ရေး လုံခြုံ ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက် နေဆဲဖြစ်သည်။

More in News Section