ဖမ်းဆီးသတ်ဖြတ်ခံရသော ဟိန္ဒူဘာသာဝင်များ၏ သတင်းကို ကမ္ဘာသိရန် သံတမန်များနှင့် ပြည်တွင်း၊ ပြည်ပ မီဒီယာများအား ဖိတ်ခေါ်အသိပေးမည်

အာဆာ(ARSA) အစွန်း ရောက် အကြမ်းဖက်သမားများ၏ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသော ဟိန္ဒူ ဘာသာဝင်များ၏ သတင်းကို နိုင်ငံတကာက သိနိုင်ရန် နိုင်ငံတ ကာ သံတမန်များနှင့် ပြည်တွင်း၊ ပြည်ပ မီဒီယာများအား အသိပေး မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေးက ပြောကြားသည်။

ဟိန္ဒူဘာသာဝင်များ၏ ရုပ် အလောင်းများကို စက်တင်ဘာ ၂၄ ရက်တွင် စတင်တွေ့ရှိပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များအပေါ် အကောင်အ ထည်ဖော်ဆောင်ရွက်ရေးကော်မ တီဥက္ကဋ္ဌ တာဝန်ယူထားသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် မောင်တော မြို့နယ်သို့ စက်တင်ဘာ ၂၅ ရက်က သွားရောက်ခဲ့သည်။ အ ကြမ်းဖက်သမားများ၏ လက်ချက်ကြောင့် သေဆုံးခဲ့သော ဟိန္ဒူဘာ သာဝင်များ၏ ကျန်ရစ်သူမိသားစုဝင်များနှင့်လည်း တွေ့ဆုံခဲ့ သည်။


 ပြည်ထောင်စုဝန်ကြီးက ‘‘ရုပ်အလောင်းတွေ တွေ့တာနဲ့ ပတ်သက်တဲ့ သတင်းတွေကို ကမ္ဘာကသိဖို့လိုအပ်တယ်။ သံတ မန်တွေ လာဖို့ရှိတယ်။ သံတမန် တွေနဲ့အတူ သတင်းထောက်တွေ ပါလာမှာပေါ့။ သတင်းမီဒီယာ တွေကို သတင်းထုတ်ပြန်ရေးနဲ့ ညှိနှိုင်းဆောင်ရွက်မယ်။ ဒါတွေရှိနေပြီဆိုတာကို သတင်းတွေ လည်း ပေးထားတယ်။ အကြောင်းလည်း ကြားထားတယ်’’ဟု ပြော ကြားသည်။

နိုင်ငံတကာ သံတမန်များ စက်တင်ဘာ ၂၈ ရက်တွင် လာ ရောက်မည်ဟု လတ်တလော သိ ရှိထားပြီး ယင်းခရီးစဉ်၌  ပြည် တွင်း၊ ပြည်ပ မီဒီယာများလည်း ပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။ ရုပ်အလောင်းများကို ကျန်ရစ်သူ မိသားစုဝင်များ၏ဆန္ဒ အရ လတ်တလောမီးသင်္ဂြိုဟ်ခြင်း မပြုသေးဘဲ ပျောက်ဆုံးသူများ ကို ဆက်လက်ရှာဖွေနေကြောင်း ဒေါက်တာဝင်းမြတ်အေးက ဆက် လက်ပြောကြားသည်။

‘‘ဟိန္ဒူ ဘာသာဝင်တွေ တောင်းဆိုတာက သူတို့ဓလေ့ထုံး တမ်းစဉ်လာအရ သင်္ဂြိုဟ်ချင်ပါ တယ်တဲ့။ သူတို့ဆန္ဒအရ တစ် လောင်းတွေ့တစ်လောင်း မီးသ င်္ဂြိုဟ်တာမျိုး မလုပ်ဘူး။ သူတို့ဆန္ဒအရပေါ့။ ဒါကို သတင်းမီဒီယာတွေနဲ့ သံတမန်တွေလာရင် တွေ့လို့ရတာပေါ့’’ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

လတ်တလော ဘင်္ဂါလီအ ရေးနှင့် ပတ်သက်၍ အင်အားကြီး နိုင်ငံအချို့နှင့် နိုင်ငံတကာသ တင်းမီဒီယာအများစုက မြန်မာ အစိုးရကို ရှုတ်ချနေပြီး ယင်းကဲ့သို့ ဖြစ်စဉ်သည် မြန်မာအစိုးရ၏ သတင်းထုတ်ပြန်မှု လိုအပ်ချက် ကြောင့်ဖြစ်ကြောင်း တိုင်းရင်း သားအရေးကျွမ်းကျင်သူ ဦးမောင် မောင်စိုးကပြောသည်။ မြေပြင် အခြေအနေများကို ကမ္ဘာသို့ ပြသနိုင်ရန် နိုင်ငံတကာ သတင်း ထောက်များနှင့် ပြည်တွင်းသ တင်းထောက်များအား မောင်တောဒေသသို့ အမြန်ဆုံးခေါ်ဆောင်ကာ သတင်းရယူခွင့်ပေး ရန် လိုအပ်ကြောင်း ၎င်းက အကြံပြုသည်။

‘‘ဒီသတင်းတွေထွက်နေတာ နှစ်ပတ်ကျော်၊ သုံးပတ်လောက်ရှိ ပြီ။ ဧရာဝတီမှာဆိုရင် ဒါဇင်နဲ့ချီ အသတ်ခံရတာဆိုပြီး သတင်း တက်နေတာကြာပြီလေ။ အားလုံးက Confirm ဖြစ်အောင် မလိုက် နိုင်ဘူး။ ဟိန္ဒူဘာသာရေးခေါင်း ဆောင်တွေ လိုက်ပြီးဖော်ထုတ်ကြ တာ။ အမြန်ဆုံးကတော့ ပြည် တွင်း၊ပြည်ပ သတင်းထောက်တွေ ကို ဒီဧရိယာဝင်ခွင့်ပေးပြီး သ တင်းလိုက်ခိုင်းဖို့ လိုပါတယ်။ ဒါမှ သာ မြေပြင်အခြေအနေကို မှန်မှန်ကန်ကန် ဖော်ထုတ်နိုင်မယ်’’ဟု ဦးမောင်မောင်စိုးက ပြော သည်။

လတ်တလော မောင်တော ဒေသအရေးတွင် အစိုးရအနေဖြင့် သတင်းထုတ်ပြန်မှု တစ်ခုတည်း ကို အားကိုးမနေဘဲ သတင်းလက် ဦးမှုယူရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းသည်။

‘‘စစ်အစိုးရလက်ထက် လုပ် ပုံလုပ်နည်းနဲ့ လုပ်နေလို့ကတော့ ကျွန်တော်တို့က နိုင်ငံတကာမှာ သတင်းလက်ဦးမှု ရနိုင်မှာမဟုတ် ဘူး။ သတင်းတွေကို ဖွင့်ပေးပြီး လုပ်မှရမယ်။ သတင်းက ပိတ် ထားပေးလေလေ သံသယများ လေလေ ဖြစ်မှာပါ’’ဟု ဦးမောင် မောင်စိုးက ပြောကြားသည်။

More in News Section