မြန်မာ-ထိုင်းခရီးသွား ကဏ္ဍနှင့် ပတ်သက်သော စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်မည်

ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းရှင် များနှင့် မြန်မာနိုင်ငံမှ ခရီးသွား လုပ်ငန်းရှင်များတွေ့ဆုံ၍ နှစ်နိုင်ငံခရီးစဉ်များအကြောင်း အပြန်အလှန်မိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်ရန် ရန်ကုန်နှင့် မန္တလေးမြို့ တို့တွင် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်မည် ဖြစ်ကြောင်း Tourism Authority of Thailand (TAT) မှ ပွဲစီစဉ်သူ ဒေါ်နန်းကပြောသည်။ 


‘‘ထိုင်းက ခရီးသွားလုပ်ငန်း ရှင်တွေရယ်၊ မြန်မာနိုင်ငံက ခရီး သွားလုပ်ငန်းရှင်တွေရယ် နှစ်ဖက် တွေ့ဆုံပြီးတော့ B2B ပုံစံမျိုးဆွေးနွေးမှုတွေ ပြုလုပ်သွားကြမှာ ဖြစ် ပါတယ်။ ဒီဘက်က ခရီးသွားလုပ် ငန်းရှင်တွေကလည်း အခုလာပြ မယ့် ထိုင်းဘက်က ခရီးသွားအေ ဂျင်စီတွေနဲ့ တိုက်ရိုက်ချိတ်ဆက် ပြီးတော့ လုပ်နိုင်တာပေါ့’’ဟု ဒေါ်နန်းက ပြောသည်။ 

အဆိုပါ ခရီးသွားကဏ္ဍနှင့် ပတ်သက်သော စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို Amazing Thailand Roadshow အမည်ဖြင့် စက်တင်ဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ပြုလုပ်မည်ဖြစ်ကာ စက်တင်ဘာ ၂၈  ရက်တွင် မန္တလေးမြို့ရှိ Mandalay Hill Resortဟိုတယ်၌ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ 

‘‘B2B Matching ပွဲမှာ မြန်မာဘက်ရော ထိုင်းဘက်ကပါ နှစ်ဖက်လုပ်ငန်းရှင်တွေ တွေ့ဆုံပြီး ဆွေး နွေးကြမှာဖြစ်တဲ့အတွက် နှစ်ဦးနှစ် ဖက်အကျိုးရှိမယ်လို့ ထင်ပါတယ်။ အခုလို သူတို့ဘက်က လာရောက် မိတ်ဆက်တဲ့အတွက်လည်း ကြို ဆိုပါတယ်’’ဟု မြန်မာနိုင်ငံ ခရီး သွားလုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာ လူမွန်က ပြောသည်။ 

 ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်လုပ် ငန်းများနှင့် လေကြောင်းလိုင်းများ အစရှိသည့် ကုမ္ပဏီ ၃၀ ကျော်လာရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ ရန်ကုန်တွင် ခရီးသွားလုပ်ငန်းရှင်သုံးရာခန့်၊ မန္တလေးမြို့တွင် ခရီးသွားလုပ်ငန်းရှင်တစ်ရာခန့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။