ကယားပြည်နယ်သို့ ထိုင်းနယ်စပ်မှတစ်ဆင့် နိုင်ငံခြားခရီးသွားဧည့်သည်များ လည်ပတ်နိုင်ရန် စီစဉ်နေဟုဆို

ထိုင်းနယ်စပ်မှ တစ်ဆင့် ကယားပြည်နယ်သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာ ရောက်လည်ပတ်နိုင်စေမည့် အစီ အစဉ်တစ်ခုကို ပြည်နယ်အစိုးရ စီမံမှုဖြင့် အကောင်အထည်ဖော် ရန် ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောသည်။


 ‘‘ခရီးသွားလုပ်ငန်းကို ဆွဲ ဆောင်နိုင်မယ့် လုပ်ဆောင်ချက် မျိုးစုံကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေကြတာ ရှိပါတယ်။ အထူးသဖြင့် ကယားပြည်နယ် အစိုးရအဖွဲ့ အနေနဲ့လည်း ခရီး သည်တွေ တိုးတက်ပြီး ဝင်ရောက် လာဖို့အတွက် ထိုင်းနယ်စပ်ဘက် ကနေ ခရီးသည်တွေ ထိုင်းနိုင်ငံ သားတွေ ဝင်ရောက်လည်ပတ်မှု တွေ ပြုလုပ်စေဖို့အတွက် ကြိုးစား ဆောင်ရွက်နေကြပါတယ်’’ဟု ဦးမြင့်ထွေးက ပြောသည်။

ကယားပြည်နယ်သို့ ခရီး သွားဝင်ရောက်မှု ၂၀၁၄ တွင် ပြည်တွင်းခရီးသွား ၁၁,၃၁၃ ဦး နှင့် ပြည်ပခရီးသွား ၂,၆၆၂ ဦး၊ ၂၀၁၅ တွင် ပြည်တွင်းခရီးသွား ၁၃,၇၇၈ ဦးနှင့် ပြည်ပခရီးသွား ၃,၉၃၃ ဦး၊ ၂၀၁၆ တွင် ပြည်တွင်း ခရီးသွား ၁၆,၉၉၄ ဦး၊ ပြည်ပခရီး သွား ၆,၃၇၄ ဦး လည်ပတ်ခဲ့သည်။

 ယခု ၂၀၁၇ တွင် သြဂုတ်ကုန်ထိရှစ်လအတွင်း ပြည်တွင်း ခရီးသွား ၁၆,၆၉၉ ဦး၊ ပြည်ပခရီးသွား ၅,၄၄၇ ဦး လာရောက်လည်ပတ်သဖြင့်နှစ်စဉ် ခရီးသွားဝင်ရောက်မှု မြင့်တင်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန စာရင်းများတွင်ဖော်ပြထားသည်။

‘‘ကယားပြည်နယ်ဟာ တိုင်း ရင်းသားလူမျိုးတွေရဲ့ ဓလေ့ထုံး တမ်း အစဉ်အလာတွေ၊ ဝတ်စား ဆင်ယင်မှုတွေ၊ ဒေသထွက်အစား အစားတွေ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေနဲ့ ပြည့်စုံတဲ့ အပြင် ခရီးသွားပြပွဲတွေမှာလည်း ထည့်သွင်းပြီး ဈေးကွက်မြှင့်တင်မှု တွေ ပြုလုပ်ပေးတဲ့အတွက် ကမ္ဘာ လှည့်ခရီးသွား တစ်နှစ်ထက်တစ် နှစ် ပိုပြီးတိုးတက်ဝင်ရောက်နေပါ တယ်’’ဟု ဦးမြင့်ထွေးက ပြော သည်။ 

 ထို့အပြင် ၂၀၁၆ က ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ပြုလုပ်ခဲ့ သည့် ITB ခရီးသွားပြပွဲ၌ နိုင်ငံတကာမှ ခရီးသွားမှတ်တမ်းရုပ်ရှင် ၁၂၈ ကားပါဝင်ပြသသည့်အနက် ကယားပြည်နယ်အကြောင်း ရိုက်ကူးထားသည့် ခရီးသွားမှတ်တမ်း ရုပ်ရှင်သည် Eco -Tourism ကဏ္ဍအမြင့်ဆုံးဆုဖြစ်သည့် DiamondAward 2016 ဆုကိုရရှိသဖြင့် နိုင်ငံတကာမှ ပို၍စိတ်ဝင်စားလာခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။