ပညာပေးမှုဖြင့် တောကောင်တွေကို ကာကွယ်နိုင်မလား

တားမြစ်ထားသော တောကောင်သားများ မရောင်းပါဟု စားသောက်ဆိုင်တွင် ပညာပေးစာသား ထားရှိနေစဉ် ဓာတ်ပုံ − ကျော်ဇင်သန်း

ဤဆိုင်တွင် တောရိုင်းတိရစ္ဆာန် အသားဟင်းလျာများမရောင်းပါ’ ဟူသည့် မြန်မာ-အင်္ဂလိပ် နှစ်ဘာ သာဖြင့် ရေးထားသည့် စာတန်း အောက်တွင် မျောက်၊ ဝက်ဝံ၊ ဆတ်၊ ချေ၊ ပြောင်၊ ယုန်၊ သင်းခွေ ချပ် တောကောင်လေးများ ပါဝင် သည့် အနီရောင်ဗီနိုင်းကို သစ် တောဝန်ထမ်းတစ်ဦးက စား သောက်ဆိုင်နံရံတွင် ချိတ်ဆွဲခဲ့ သည်။


ထို့နောက် ဆိုင်ရှင်ကို တား မြစ်ထားသည့် တောရိုင်းတိရစ္ဆာန် များနှင့် လက်ဝယ်တွေ့ပါက အ ရေးယူနိုင်သည့် ပြစ်မှုပြစ်ဒဏ်များ ကို အသိပေးပြောကြားရင်း ရောင်းချသည့် ဟင်းလျာများကို စစ်ဆေး သည်။

ယင်းမှာ တောကောင်သား ဟင်းလျာများရရှိသော လှည်းကူး မြို့နယ်ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ပညာပေးနေသော မြင်ကွင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး သစ် တောဦးစီးဌာနက ရန်ကုန်တိုင်းအ တွင်း တောရိုင်းတိရစ္ဆာန်ဟင်းလျာ များ ရောင်းချနေသည့် လှည်းကူး မြို့နယ်ရှိ ပခန်းကျော်ထန်းရည် ဆိုင်၊ စည်းစိမ်စားသောက်ဆိုင်နှင့် ဖောင်ကြီးကားဂိတ်တို့တွင် တော ရိုင်းတိရစ္ဆာန်အသား ဟင်းလျာများ မရောင်းချရေး၊ မတင်ဆောင် ရေးလှုပ်ရှားမှုကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့သည်။

သို့ရာတွင် သစ်တောဦးစီး ဌာနက ပညာပေးလှုပ်ရှားမှုအပြီး နေ့လယ်တွင် ပညာပေးခဲ့သော ဆိုင်များထဲမှ တစ်ဆိုင်၌ တော ကောင်သားဟင်းလျာများ ပြန်လည်ရောင်းနေသည်ကို တွေ့ရ သည်။

အဆိုပါဆိုင်သည် ဆတ်သား၊ မြွေသား၊ မျောက်သား၊ ယုန်သား၊ ဒရယ် စသည့်တောကောင် သား ဟင်းလျာများရရှိသည်ဟု နာမည်ကြီးသည်။ ချေသားဟင်း တစ်ပွဲ ၂,၅၀၀ ကျပ်၊ မြွေသား (လင်းမြွေ၊  မြွေပွေး၊ စပါးကြီး) ဟင်းတစ်ပွဲ ၂,၀၀၀ ကျပ်၊ မျောက်သားတစ်ပွဲ ၃,၅၀၀ ကျပ်၊ လိပ်သားတစ်ပွဲ ၂,၅၀၀ ကျပ်၊ ဒရယ်သားတစ်ပွဲ ၃,၀၀၀ ကျပ် စသည့်ဈေးနှုန်းများဖြင့် ရောင်းပေးသည်ကို  ဖော်ပြထား၏။ ဈေးအကြီးဆုံးသည် ဖွတ် သား၊ ပွေးသား၊ မျောက်သား၊
ယုန်သား ဟင်းတို့ဖြစ်ပြီး တစ်ပွဲလျှင်၃,၅၀၀ ကျပ်ဖြစ်သည်။

‘‘သစ်တောကလာလို့ သိမ်း ထားတာ။ အခုမှ ပြန်ထုတ်ရောင်း တာ’’ဟု အဆိုပါဆိုင်မှ အမျိုးသမီး တစ်ဦးက ဆတ်သားခြောက်ဟင်း နှင့် မြွေသားဟင်းအိုးတို့ကို ညွှန်ပြ ရင်း ဆိုင်သို့လာရောက်သူများကို ပြောသည်။

တောရိုင်းတိရစ္ဆာန်ဟင်းလျာ မရောင်းပါဆိုသော ပညာပေး ဗီနိုင်းများကို ရန်ကုန်တိုင်းရှိ စား သောက်ဆိုင်များ၊ ဟိုတယ်များ တွင် တောရိုင်းတိရစ္ဆာန်ဟင်းလျာ ရောင်းချမှုများ ပပျောက်စေရေး ရောင်းချနေသည့် တောကောင်
သားဟင်းလျာများသည် သစ်တောဦးစီးဌာနက တားမြစ်ထားသည့် တောရိုင်းတိရစ္ဆာန်များဖြစ်သည် ကို သိရှိစေရန် ရည်ရွယ်၍ လှည်း ကူးနှင့် မှော်ဘီမြို့နယ်နှစ်ခုတွင် ယင်းလှုပ်ရှားမှု စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းမြို့နယ်နှစ်ခုသည် ရန် ကုန်မြို့တွင်းနှင့် နှစ်နာရီခန့် ကားမောင်းရုံမျှ အကွာအဝေးသာရှိပြီး တောကောင်သားဟင်းလျာများ အစုံအလင်ရရှိသည်ဟု နာမည်ကြီးသည့် ထန်းရည်ဆိုင်၊ စားသောက်ဆိုင်၊ ဈေးဆိုင်တန်းများရှိ သည်။ ထို့အပြင် ဈေးများ၌ပင်တစ်ခါတစ်ရံ ရောင်းချမှုများရှိ သည့် နေရာဖြစ်သည်။

ပဲခူးရိုးမအရှေ့ခြမ်းနှင့် နီးစပ် ပြီး ကလီထော်၊ ပေါင်းမင်း၊ မဟူရာ သစ်တောကြိုးဝိုင်းသုံးခုရှိ၍ ယင်းသစ်တောများအ တွင်း မုဆိုးများက တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီး၍ လှည်းကူးမြို့၊ မှော်ဘီမြို့နယ် တို့ရှိ စားသောက်ဆိုင်များအပြင် ရန်ကုန်မြို့တွင်းရှိ စားသောက်ဆိုင်အချို့သို့ပါ တောကောင်သားများတင်ပို့ရောင်းချနေကြောင်း ဒေသ ခံများက ဆိုသည်။

‘‘ဒီဘက်က တောနဲ့နီးတော့ တစ်ခါတစ်ခါ ရွာသားတွေက လာ ရောင်းတယ်။ ဆတ်သားတို့၊ ချေ တို့၊ တစ်ခါတလေ ဖြူသားတောင်ပါသေးတယ်’’ဟု လှည်းကူးမြို့ နယ် ဖောင်ကြီးမြို့ မင်းကုန်းကျေး ရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းတွင် တောရိုင်း တိရစ္ဆာန်ဟင်းလျာများ ရောင်းချ နေသည်မှာ ယင်းမြို့နယ်နှစ်ခု တည်းတွင်တော့မဟုတ်။ ထောက် ကြန့်မြို့အဝင် ဘိုးဘိုးကြီးနတ်စင် အနီးရှိ မှိုနှင့်ရာသီပေါ်သီးနှံများ စုံစုံလင်လင်ရောင်းချနေသည့် ဈေးဆိုင်တန်းလေးများတွင်လည်း တားမြစ်ထားသည့် တောရိုင်း တိရစ္ဆာန်အသားများကို ရောင်းဝယ်မှုများရှိနေသည်။

ယင်းဈေးဆိုင်တန်းများရှိ ခြေထောက်ပါတွဲလျက် ချေသား၊ ဆတ်သား၊ ဖြူ၊ ဖွတ်၊ တော ကြောင်နှင့် အရှင်လတ်လတ်သင်း ခွေချပ်များ၏ ဓာတ်ပုံများ လူမှု ကွန်ရက်တွင် ပျံ့နှံ့ပြီးနောက် သစ်တောဦးစီးဌာနက သွားရောက် တားမြစ်ခဲ့သည်။ ထို့နောက် တော ရိုင်းတိရစ္ဆာန်အသားများ ရောင်းချ ပါက သစ်တောဥပဒေဖြင့် အရေး ယူခံရမည်ဟု သတိပေးဆိုင်းဘုတ် ကို ထောက်ကြန့်မြို့အဝင်၌ လာ ရောက်စိုက်ထူခဲ့ရသည်။

သို့ရာတွင် တားမြစ်ဆိုင်း ဘုတ်စိုက်ထူပြီးနောက် တောရိုင်းတိရစ္ဆာန်အသားများကို ယခင်လိုပေါ်ပေါ်ထင်ထင်စွာ ရောင်းချခြင်းမရှိသော်လည်း ဝယ်သူရှိပါက လျှို့ဝှက်စွာ ရောင်းချမြဲဖြစ်သည်။ 

ထို့အပြင် ရန်ကုန်မြို့တွင်းရှိ သိမ်ကြီးဈေး၊ လသာအနီးတစ် ဝိုက်ရှိ စားသောက်ဆိုင်အချို့နှင့် သံဈေး၌လည်း မြွေဟောက်၊ မြွေ ပွေး၊ တောငှက်၊ မျောက်၊ လိပ်နှင့်အခြားတောရိုင်းတိရစ္ဆာန်ဟင်းလျာများ ရောင်းချနေကြောင်း ရန် ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုး က ပြောသည်။

ထိုသို့ ရောင်းဝယ်ဖောက် ကားမှုများ ရှိနေသောကြောင့် တောရိုင်းတိရစ္ဆာန် အသားဟင်း လျာများ မရောင်းချရေး၊ တော ရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းနှင့် အ စိတ်အပိုင်းများ သယ်ဆောင်ခြင်း မပြုရေး အသိပညာပေးလှုပ်ရှားမှု ကို ရန်ကုန်တွင် ပြုလုပ်ခြင်းဖြစ် သည်။


ဓာတ်ပုံ − ကျော်ဇင်သန်း

Top News