ဆာလောင်မွတ်သိပ်နေသော ကမ္ဘာကြီး

ဆိုမာလီယာနိုင်ငံ မြို့တော်မိုဂါဒစ်ရှူး ဆင်ခြေဖုံးတွင် အစားအစာရှာဖွေနေကြသော အမျိုးသမီးနှင့် ကလေးငယ်များ Mohamed ABDIWAHAB/AFP

ယခုသီတင်းပတ် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကမ္ဘာ့ ခေါင်းဆောင်များ အတူတကွ ဓာတ်ပုံရိုက်ကြပြီး မိန့်ခွန်းများ ပြောကြားနေစဉ် ပိုမိုကြီးထွားလာသော ကမ္ဘာ့အဖြစ်အပျက်တစ်ခုက ၎င်းတို့ကြားတွင် စိုးရိမ်မှုများ
ဖြစ်ပေါ်စေသည်။


ယင်းမှာ ဆယ်စုနှစ်တစ်ခု လျော့ပါး သက်သာလာခဲ့သော် လည်း ယမန်နှစ်က ပြန်လည်မြင့် တက်လာသော ပြဿနာဖြစ်သည့် ကမ္ဘာကြီး ဆာလောင်မွတ်သိပ်မှုကိစ္စဖြစ်သည်။ ထိုပြဿနာ ပြန် လည်ဆိုးရွားလာခြင်းသည် ကမ္ဘာ
ကြီးပူနွေးလာမှုနှင့် လျော့ပါးမည့် လက္ခဏာမမြင်ရသော ပြည်တွင်း ပဋိပက္ခကပ်ဆိုးများကြောင့် ဖြစ် သည်။

ကမ္ဘာပေါ်တွင် အစာအာဟာ ရချို့တဲ့နေသော လူသားအရေအ တွက်သည် ၂၀၁၅ တွင် ၇၇၇ သန်း ရှိခဲ့ရာမှ ၂၀၁၆ တွင် ၈၁၅ သန်းရှိ လာသည်ဟု ကုလသမဂ္ဂစားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ခန့်မှန်းထားသည်။
ယင်းမှာ ကမ္ဘာကြီးအတွက် ၎င်းတို့၏ မျှော် လင့်ချက်နှင့် စိုးရိမ်ပူပန်မှုများကို ကမ္ဘာ့ခေါင်းဆောင်များ၏ နှစ်စဉ် ပြန်လှန်သုံးသပ်နိုင်ရေး အချိန် ကိုက် ထုတ်ပြန်ထားသော အစီရင် ခံစာ တစ်ရပ်ဖြစ်သည်။

ကမ္ဘာ့လူဦးရေ၏ ၁၁ ရာခိုင်နှုန်းသည် နေ့စဉ် ဆာလောင်မွတ် သိပ်မှု ခံစားနေရသည်ဆိုသော အဓိပ္ပာယ်ဖြစ်ပြီး လွန်ခဲ့သော ၂ နှစ်ကထက် ၅ ရာခိုင်နှုန်း ပိုမိုများပြား လာခြင်းဖြစ်ကာ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာ
ဆာလောင်မွတ်သိပ်မှုပပျောက်ရေး ကုလသမဂ္ဂရည်မှန်းချက်အတွက်လည်း ထိုးနှက်ချက်တစ်ရပ်ဖြစ်သည်။

လူသားတို့ ဒုက္ခခံစားရမှု ဖော်ပြထားသော အချက်အလက်များ ၌ အသက်(၅)နှစ်အောက် ကလေးငါးဦးလျှင် တစ်ဦးနီးပါး၊ အရေအ တွက်အားဖြင့် ကလေးငယ် ၁၅၅ သန်းသည် ဖွံ့ဖြိုးမှုနောက်ကျပြီး ၎င်းတို့၏ မှတ်ဉာဏ်ထိခိုက်နိုင်ခြေ နှင့် ရောဂါကူးစက်ခံရနိုင်ခြေများ လည်း မြင့်တက်လာနိုင်သည်ဆို သော အချက်လည်း ပါဝင်သည်။ နောက်ထပ် ကလေးငယ် ၅၂ သန်းလည်း အစာရေစာ ဝဝလင်လင် မစားသုံးရသဖြင့် အရပ်နှင့် ခန္ဓာ ကိုယ်အလေးချိန်
မညီမျှဘဲ လူစဉ် မမီသူများ ဖြစ်လာနိုင်သည်။

ကမ္ဘာကြီး၏ ဆာလောင်မွတ် သိပ်မှု လျှော့ချရေး ဆယ်စုနှစ်တာ အောင်မြင်မှုရရှိခဲ့သော အခြင်းအ ရာများကို FAO အစီရင်ခံစာက တိတိပပ ဖော်ပြမထားပေ။ သို့ သော် ပြည်တွင်းပဋိပက္ခများ မြင့်တက်လာခြင်းနှင့် ရာသီဥတု က
မောက်ကမ အခြေအနေများက ရုတ်တရက် အဆိုးဘက်ဆီ ဦး တည်စေခဲ့သည်ဟု အလေးအနက်ထား ဖော်ပြခဲ့သည်။

‘‘လူတိုင်းကို ကျွေးမွေးဖို့အ တွက် လိုအပ်တာထက် ပိုပြီး ကမ္ဘာကြီးက အစားအစာတွေ ထုတ်လုပ် ပေးနေပါတယ်။ ဒါပေမဲ့ လူပေါင်း ၁၈၅ သန်း ဆာလောင်မွတ် သိပ် နေပါတယ်’’ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီက ရိုးရှင်းစွာ အနှစ်ချုပ်ထားသည်။

တစ်ချိန်တည်းမှာပင် ကမ္ဘာ တစ်ဝန်းလုံး အရွယ်ရောက်ပြီးသူ များကြားတွင် အဝလွန်မှုပြဿ နာက ဆက်လက်မြင့်တက်နေပြီး မကြာသေးမီ နှစ်များအတွင်း ကလေးငယ်များ ကြားတွင်ပါယင်းပြဿနာ ကြီးထွားလာနေ သည်။ 

‘‘ထို့ကြောင့် အာဟာရချို့တဲ့ မှုပုံစံ အများအပြားအတူ တည်ရှိ နေပါတယ်။ ကလေးငယ် အာဟာ ရမပြည့်ဝမှု နှုန်းမြင့်မားခြင်းနဲ့ အရွယ်ရောက်ပြီး လူကြီးအဝလွန် မှု ပြဿနာကို နိုင်ငံတွေက တစ် ပြိုင်နက်တည်း ကြုံတွေ့နေရပါ တယ်’’ဟု အစီရင်ခံစာက သတိ ပေးထားသည်။

ထိုသို့ ကပြောင်းကပြန်ဖြစ်မှုကို နယူးယောက်တိုင်းမ်မဂ္ဂဇင်း က မကြာမီက ပြုလုပ်ခဲ့သော စုံ စမ်းစစ်ဆေးမှုတစ်ရပ်တွင် အစား အစာထုတ်လုပ်သော ကုမ္ပဏီကြီး များသည် အာဟာရမျှတမှုထက် သကြားဓာတ်ပိုများသော
ထုတ် ကုန်များဖြင့် ဘရာဇီးနိုင်ငံတွင် ဆင်းရဲသားများအပေါ် ခေါင်းပုံ ဖြတ်နေသည်ကို တွေ့ရှိခဲ့သည်။ ယင်းအတွက် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သော ရောဂါများ နောက်ဆက်တွဲ လိုက်ပါလာမည် ဖြစ်သည်။

ရှုပ်ထွေးသော ပြဿနာများ လေ့လာဆန်းစစ်မှုတွင် စားနပ် ရိက္ခာမဖူလုံဘဲ အာဟာရချို့တဲ့ နေသော ကမ္ဘာ့လူဦးရေ ၈၁၅ သန်းအနက် ၄၈၉ သန်းသည် ပြင်းထန်

သော ပဋိပက္ခများဒဏ် ခံစားနေရ သော နိုင်ငံများ၌ အသက်ရှင်သန် ရန် ကြိုးစားနေရသူများဖြစ်ပြီး ကလေးငယ်များသည် ထိခိုက်မှု အများဆုံးခံစားရသူများဟု ကုလ သမဂ္ဂ၏ အစီရင်ခံစာက ဖော်ပြ သည်။

 နိုင်ငံများအတွင်းမှာပင် လက်နက်ကိုင်အဖွဲ့များ တိုက်ပွဲ ဖြစ်ပွားမှုသည် ၂၀၁၀ နောက်ပိုင်း ၁၂၅ ရာခိုင်နှုန်း မြင့်တက်လာ သည်။ ယင်းနှင့်အတူ ဆာလောင် မွတ်သိပ်မှုက မဟာမိတ်အဖြစ် လိုက်ပါလာသည်။ တောင်ဆူ ဒန်နိုင်ငံ
ပဋိပက္ခကြောင့် ကြီးမား သော လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ကပ်ဆိုးကြီးဖြစ်ပေါ် ခဲ့ပြီး ယင်းနိုင်ငံဒေသအချို့တွင်  အငတ်ဘေး ဆိုက်နေသည်ဟု ယခုနှစ်အတွင်း ကြေညာခဲ့ရ သည်။ ယင်းနိုင်ငံတွင် လူငါးဦး တွင်
နှစ်ဦးသည် ဆိုးရွားသော ဆာ လောင်မှုနှင့် ကြုံနေရပြီး အစာအ ငတ်ထားခြင်းကို စစ်ပွဲ၏ လက် နက်အဖြစ် အသုံးပြုနေကြသည် ဟု ကုလအစီရင်ခံစာက ဖော်ပြ သည်။

ယီမင်နိုင်ငံတွင် လူဦးရေ ၆၀ ရာခိုင်နှုန်းဖြစ်သော လူ ၁၇ သန်းသည် အစာရေစာငတ်မွတ်နေပြီး အရေးတကြီး အကူအညီများ လိုအပ်နေသည်။ အလားတူ အခြေ အနေမျိုးကို နိုင်ဂျီးရီးယားနှင့် ဆို မာလီယာတွင်လည်း ကြုံတွေ့နေ ရသည်။ ပဋိပက္ခထူပြောမှုကြောင့် လူသားများ ပျက်စီးမှု အထင်ရှား ဆုံးနေရာသည် ဆီးရီးယားနိုင်ငံ ဖြစ်နိုင်ပြီး တစ်ချိန်က သက်ဝင် လှုပ်ရှားခဲ့သော လူလတ်တန်းစား များသည် ပြည်တွင်းစစ်ကြောင့် တစ်စစီပြန့်ကျဲခဲ့သည်။ ဆီးရီးယားနိုင်ငံသား ၈၅ ရာခိုင်နှုန်းခန့် သည် ဆင်းဆင်းရဲရဲဖြစ်သွားကြပြီး စိုက်ပျိုးရေလုပ်ငန်းများ အကြီး အကျယ်ပျက်စီးခဲ့ပြီးနောက် လူဦးရေ ခြောက်သန်းခန့်မှာ မဝရေစာ စားသုံးနေကြရသည်။

ကမ္ဘာနှင့်အဝှန့် ထိုပြဿနာ များကို ပိုမိုဆိုးရွားစေသော အခြင်းအရာသည် ရာသီဥတုပြောင်း လဲမှုကြောင်းဖြစ်ပေါ်လာသည့် ရေ ကြီး ရေလျှံမှုနှင့် မိုးခေါင်ရေရှားမှု များဖြစ်ကာ နိုင်ငံရေးပဋိပက္ခနှင့် ကုန်စည်ပစ္စည်း တင်ပို့မှုအပေါ် အားကိုးနေရသော နိုင်ငံများ၌ ကုန်ပစ္စည်းဈေးနှုန်း ကျဆင်းမှုက လည်း စီးပွားရေးကျပ်တည်းမှုများ ဖြစ်ပေါ်စေသည်ဟု FAO ၏ လေ့ လာမှုက တွေ့ရှိခဲ့သည်။

အကယ်၍များ ကုလသမဂ္ဂ တွင် ရောက်ရှိနေကြသော သံတ မန်များက ပြင်ပကမ္ဘာကို စိတ် ဝင်တစား ငဲ့ကြည့်ကြမည်ဆိုလျှင်  ၎င်းတို့အနေဖြင့် ငတ်မွတ်ခေါင်း ပါးမှုကို အမြင်သစ်ဖြင့် ကြည့်ရှု ကာ ပြန်လည်၍ တိုးတက်မှုရရှိစေ ရေး FAO ၏ အစီရင်ခံစာက တွန်းအားပေးနိုင်မည်ဖြစ်သည်။ မျှော် လင့်ချက်အရိပ်အယောင်များ ရှိနေသည်။ မှတ်ထားစရာပြရမည် ဆိုပါက မိခင်နို့တိုက်ကျွေးမှုများ ဖြင့် ကလေးငယ်များ အာဟာရ ဓာတ်များ ပိုမိုရရှိလာခြင်းဖြစ် သည်။

ကံမကောင်း အကြောင်းမလှစွာပင် အမေရိကန်သမ္မတဒေါ် နယ်ထရန့်က ကုလသမဂ္ဂတွင် လူအများ အာရုံစိုက်မှုများကြားမှာ ပင် ကုလသမဂ္ဂအတွက် ရန်ပုံငွေ များ သိသာစွာ လျှော့ချရေး အဆိုပြုတင်ပြခဲ့သည်။ သို့သော်
ကုလ သမဂ္ဂသည် ၎င်း၏ မည်သည့်အဖွဲ့ဝင်နိုင်ငံထက်မဆို ကြီးမား သည်။ ၎င်း၏ အဆုံးစွန်ဆုံး အာရုံစိုက်မှုသည် လူသားများ ကိုယ် တိုင်ဖြစ်သည်။ ကမ္ဘာ့သံတမန်များ ကို သတိပေးသည်မှာ ၎င်းတို့၏ ကွဲပြားခြားနားမှုများ မည်သို့ပင် ရှိစေ ၎င်းတို့အနေဖြင့် ကမ္ဘာ့ဆာ လောင်ငတ်မွတ်မှု တိုက်ပွဲကို အ လစ်မပေးစေရေးဟူလို။

—Ref: NY Times

 

Top News