ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင် အပါအဝင် လူနှစ်သိန်းကို ရာသီတုပ်ကွေးကာကွယ်ဆေးစတင်ထိုးနှံ

 ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနသို့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများက လှူဒါန်း သည့် ရာသီတုပ်ကွေးကာကွယ် ဆေးနှစ်သိန်းကျော် အသုံးပြုကာ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်မှ (၃)နှစ်အရွယ် ကလေးငယ်များနှင့် ကျန်းမာရေး ဝန်ထမ်းအပါအဝင် လူနှစ်သိန်းကို ထိုးနှံပေးနေကြောင်း သဘာဝဘေးအန္တရာယ်နှင့် ကူးစက်ရောဂါ ကာကွယ်တိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက် တာ သန်းထွန်းအောင်က ပြော ကြားသည်။

ကာကွယ်ဆေးကို တိုင်းနှင့် ပြည်နယ်များရှိ ရောဂါဖြစ်ပွားမှု များသော မြို့နယ်များမှ ကလေး ငယ်များနှင့် ကိုယ်ဝန်ဆောင်များ အပြင် လူနာနှင့် အနီးကပ်ပြုစု စောင့်ရှောက်ပေးနေရသော ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေး ရွေးချယ်၍ စက်တင်ဘာ ၂၃ ရက် က စတင်ကာ လကုန်အထိ ထိုးနှံ ပေးမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

‘‘အခု နေပြည်တော်နဲ့ မန္တ လေးမှာတော့ စပြီး ထိုးပေးနေပြီ။ ကျန်တဲ့တိုင်းတွေလည်း သက်ဆိုင်ရာတိုင်းဦးစီးမှူးရဲ့အစီအစဉ်နဲ့ ထိုးနှံပေးဖို့ စီစဉ်နေပါပြီ။ ဆေးက နှစ်သိန်းပဲရှိတော့ မြို့နယ်အားလုံး ကို မထိုးနိုင်ဘူး။ ဖြစ်ပွားမှုများတဲ့ မြို့နယ်တွေကိုပဲ ဦးစားပေးပြီး တော့ ထိုးနှံပေးနိုင်တယ်’’ဟု ၎င်း က ဆိုသည်။

‘‘ကာကွယ်ဆေးထိုးတဲ့အထဲ မှာ ရခိုင်ဒေသလည်း ပါတယ်။ အဲဒီဘက်မှာ ပဋိပက္ခတွေဖြစ်နေတော့ ရပ်ကွက်အခြေပြုထိုးပေးလို့ မရ ဘူး။ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ သူတွေကိုပဲ ထိုးနှံပေးလို့ရတယ်။ တစ်နိုင်ငံလုံးအနေနဲ့ ကလေး၊ ကိုယ်ဝန်ဆောင်၊ ကျန်းမာရေးဝန် ထမ်းအားလုံးနှစ်သိန်းကို ထိုးပေး သွားမှာပါ’’ဟု ဒေါက်တာသန်း ထွန်းအောင်က ရှင်းပြသည်။

ဇူလိုင် ၂၁ ရက်မှ စက်တင် ဘာ ၂၆ ရက်အထိ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ရောဂါဖြင့် ဆေးရုံတက်ရောက်ကု သသူ ၁,၁၈၀ ဦးအနက်  H1N1 ပိုးတွေ့ရှိသူဦးရေ ၄၀၀ ခန့် ရှိသည်။ ထို့ပြင် သေဆုံးသူများ သည် ဧရာဝတီတိုင်းတွင် ၁၃ ဦး၊ ရန်ကုန်တိုင်းတွင် ရှစ်ဦး၊ ပဲခူးတိုင်းတွင် ခြောက်ဦးနှင့် အခြားတိုင်းနှင့် ပြည်နယ်များတွင် ၁၁ ဦး စုစုပေါင်း၃၈ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ် ပြန်ကြေညာထားသည်။

H1N1 ပိုးတွေ့လူနာအဖြစ် အထူးကုဆေးရုံကြီး ဝေဘာဂီတွင် အတွင်းလူနာအဖြစ် တက်ရောက် ကုသမှုခံယူသူမရှိတော့ဘဲ အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ် ဆေးရုံကြီးများတွင် အတွင်းလူနာ သုံးဦးဆက်လက်ဆေးကုသမှုခံ ယူနေသည်။ လက်ရှိတွင် ရောဂါသက်သာ၍ ဆေးရုံဆင်းလူနာ ၃၁၈ ဦးနှင့် ပြင်ပလူနာအဖြစ် ပြသသူ ၁၉ ဦးရှိခဲ့သည်။

စာသင်ကျောင်း၊ လုပ်ငန်း ခွင်၊ ဟိုတယ်၊ ရိပ်သာနှင့် ဂေဟာ များ၊ အခြားလူစုလူဝေးရှိသော နေရာများတွင် တုပ်ကွေးဆန် သော ရောဂါလက္ခဏာများ ထပ် ဆင့်ဖြစ်ပွားမှု လျော့နည်းသဖြင့် ကူးစက်မှုနှုန်း ကျဆင်းလာ ကြောင်း ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနက စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

More in News Section