သခွတ်ပင်က ဒေါ်လာတကျည်ကျည်

မကြာမီက ငယ်သူငယ်ချင်းတစ်ယောက် အမေရိကန်ပြည်ထောင် စုမှ ပြန်ရောက်လာသဖြင့် တွေ့ ဆုံခွင့်ရခဲ့သည်။ တက္ကဆက်ပြည် နယ်ရှိ ဒုက္ခသည်များစိစစ်လက်ခံ ရေးရုံးတွင် အလုပ်လုပ်နေသည် ဟု သိရသည်။ အမေရိကတွင် နေထိုင်သည်မှာ ဆယ်နှစ်နီးပါးရှိ ပြီး အမေရိကန်နိုင်ငံသားပင် ဖြစ် နေ၏။ သူက ကရင်လူမျိုးဖြစ်ပြီး တက္ကသိုလ်တွင် ကျွန်တော်နှင့် မြန်မာစာအထူးပြု  သင်ယူခဲ့သူ ဖြစ်သည်။

 ယခုပြန်လည်ဆုံတွေ့စဉ် တွင် မိသားစုတွေအကြောင်း ပြောကြရင်း တဖြည်းဖြည်းနှင့် မြန်မာ့နိုင်ငံရေးဘက်ရောက်လာ သည်။ သူကဒုက္ခသည်များ စိစစ် လက်ခံကာ အလုပ်အကိုင်နေရာ ချထားပေးသူ တစ်ယောက်ဖြစ် သဖြင့် ရခိုင်ပြည်နယ်အရေး သဘောထားဘယ်လိုရှိသလဲဟု မေးမြန်းဖြစ်သည်။ မြန်မာနိုင်ငံ တွင် ဇာတိချက်ကြွေမွေးဖွားခဲ့ သော မြန်မာနိုင်ငံသား တော် တော်များများသည် နိုင်ငံခြားတွင် အနေကြာပြီး ထိုနိုင်ငံ၏ နိုင်ငံသား ဖြစ်သွားကာ အထောက်အပံ့များ ရလာကြသဖြင့် မြန်မာနိုင်ငံအ ပေါ်အမြင်ပြောင်းကြတာ တွေ့ဖူး ကြားဖူးသည်။


ကျွန်တော့်သူငယ်ချင်းကော မြန်မာနိုင်ငံအပေါ် ဘယ်လိုသ ဘောထားရှိလဲဟူသည့် စူးစမ်းချင်စိတ်က ကျွန်တော့်တွင် ပြင်းပြနေသည်။ ရှေးဦးစွာသူက မြန်မာနိုင်ငံအကြောင်း မပြောသေးဘဲ အမေရိကန်ပြည်ထောင်စုတွင် သမ္မတဒေါ်နယ်ထရန့် တက်လာ ပြီးနောက် ဒုက္ခသည်အဖြစ် ခိုးဝင်လာသူများကို ၅၀ ရာခိုင်နှုန်း လောက် လျှော့ချလက်ခံလာ ကြောင်းနှင့် အထူးသဖြင့် ဆီးရီး ယားမှ ခိုလှုံလာသော မွတ်စလင် လူမျိုးများကို ၀င်ခွင့်တင်းကျပ် ထားကြောင်း ပြောပြသည်။

ရခိုင်ပြည်နယ်မှ ဘင်္ဂါလီအ ရေးနှင့် ပတ်သက်ပြီး ပြောပြတော့ သူ့ဒုက္ခက မသေးလှ။ သူ့ကိုမြန် မာနိုင်ငံသားမှန်းသိသဖြင့် သူ့လုပ် ဖော်ကိုင်ဖက်တွေက နိုင်ငံတကာ

မီဒီယာများမှ ထုတ်လွှင့်သော သတင်းများကို သူ့ထံလာပြပြီး ‘‘မင်းတို့နိုင်ငံက အစိုးရက ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်နေ ပြီ’’ဟု ၀ိုင်းပြောကြသည်တဲ့။ သူ က ဗီဒီယိုဖိုင်တစ်ခုကို ကြည့်လိုက်စဉ် အသားမည်းမည်းလူတစ်စုကို မီးရှို့သတ်နေပုံကို  တွေ့ရပြီး အောက်တွင်  သတင်းဌာနတစ်ခုမှ ရိုဟင်ဂျာများကို မြန်မာအစိုးရစစ်တပ်မှ သတ်ဖြတ်နေသည်ဟု စာတန်းကို ဖတ်လိုက်ရသည်။ သူ့ခေါင်းထဲဝင်လာသည်က လွန်ခဲ့သော တစ်နှစ်ခွဲလောက်က ကြည့်ရသည့် ရုပ်ရှင်ကားတစ်ခုထဲက ဇာတ်ဝင်ခန်းဖြစ်သည်ဟု ပြော သည်။ နောက်တစ်နေ့တွင် ထိုရုပ် ရှင်၊ ဗီဒီယိုခွေကို အိမ်မှယူလာပြီး သူ့ရုံးကလူတွေကို ပြလိုက်သည်။ အာဖရိကမှ လူမျိုးတုံးသတ်ဖြတ် သည့် ရုပ်ရှင်ဇာတ်ဝင်ခန်းကို ကူး ယူပြီး ရခိုင်ပြည်နယ်သတင်းအ ဖြစ် ဖော်ပြထားခြင်းကို သူ့ရုံးက လူတွေ တအံ့တသြဖြစ်ရသည်ဟု သူကပြောပြသည်။

ရခိုင်ပြည်နယ် မောင်တော ဒေသတွင် အစွန်းရောက်ဘင်္ဂါလီ များ၏ အကြမ်းဖက်မှုများ စတင် ဖြစ်ပွားစဉ်ကပင် YouTube မှ တစ်ဆင့် နိုင်ငံတကာသတင်းများ ကို မျက်ခြည်မပြတ်ကြည့်ရှုခဲ့ သည်။ CNN, BBC, Al Jazeera စသည့် နိုင်ငံတကာသတင်းဌာန များအပြင် Rohingya News , Rohingya Vision TV, Arakan Press Net, Arakan Time စ သော ခါတော်မီသတင်းမီဒီယာ တွေကိုလည်း တွေ့ရသည်။ အ များစုက တစ်ဖက်နိုင်ငံသို့ ထွက် ပြေးခိုလှုံသွားကြသော ဘင်္ဂါလီ ဒုက္ခသည်များအကြောင်းကို အ သားပေး ဖော်ပြကြသည်။ ထွက် ပြေးသူ ဘင်္ဂါလီများထဲတွင် အ ကြမ်းဖက်သမားများ ပါဝင်နိုင် သည်။ ထိုသူတို့ကတော့ မြန်မာ အစိုးရတပ်ဖွဲ့ဝင်များအကြောင်း ကို မုချအကောင်းပြောမည် မဟုတ်။ ထိုသူတို့နှင့် တွေ့ဆုံပြီးမေးမြန်းခန်းများ၊ ဒုက္ခသည်များ၏ငိုယိုနေပုံများ၊ မီးလောင်ပြင်များ အပြင် တခြားနိုင်ငံမှ အဖြစ်အ ပျက်များ၊ ရုပ်ရှင်များကို ထည့် သွင်းပြီး မြန်မာနိုင်ငံတွင် ရိုဟင် ဂျာများကို လူမျိုးတုံးသတ်ဖြတ် နေသည်၊ ထို့ကြောင့် ထွက်ပြေး လာရသည်ဟု သတင်းမှားများကို အကွက်စေ့စေ့ ထုတ်လွှင့်နေကြ သည်။ ထိုသူတို့သည် သူတို့၏အ ကျိုးစီးပွားတစ်စုံတစ်ရာအတွက် မြန်မာ့အရေးကို အမြတ်ထုတ်နေ ကြခြင်းပင် ဖြစ်၏။

မကြာမီကပင် စင်ကာပူနိုင် ငံအခြေစိုက် CNA သတင်းဌာန က ရခိုင်အရေးနဲ့ပတ်သက်ပြီး ဘင်္ဂါလီတွေကိုပဲ တစ်ဖက်သတ် အင်တာဗျူးပြီး သတင်းမှားတွေ ထုတ်လွှင့်ခဲ့လို့  တောင်းပန် ကြောင်း ကြေညာချက်ထုတ်ပြန် ခဲ့တာ တွေ့ရသည်။ ထိုသတင်း ဌာနသို့  ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ခိုးဝင်သွားကြတဲ့ ဘင်္ဂါလီတွေကို အင်တာဗျူးရာမှာ ဘင်္ဂါလီတွေ ပြောစကားနဲ့ ဘာသာပြန်ပေးသူ ရဲ့ ပြောစကား ကွာခြားချက်တွေ ရှိနေတာကြောင့် ယခုလိုတောင်း ပန်ရခြင်းဖြစ်တယ်လို့ ဆိုပါသည်။ ဒါဟာ ဘင်္ဂါလီအရေးမှာ နိုင်ငံ တကာမီဒီယာတွေ အလိမ်ခံနေရ သည့် အဖြစ်ပါ။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေ တဲ့ ရခိုင်ဒေသ ဘင်္ဂါလီအရေးကို ခုတုံးလုပ်ပြီး အမြတ်ထုတ်ဖို့ နည်း မျိုးစုံနဲ့ ကြိုးစားနေကြသူတွေ ထဲမှာ နိုင်ငံခြားသားတွေသာမက ဘဲ ပြည်ပရောက်မြန်မာနိုင်ငံသား တချို့ပါ အံ့သြဖွယ်ပါဝင်နေတာ တွေ့ရသည်။ ယခင်က ဒီမိုကရေ စီရေး ကြွေးကြော်သံများကို ကျယ်လောင်စွာပြောဆိုရ၊ နိုင်ငံ ရေးခိုလှုံခွင့်ရကာ ထိုနိုင်ငံအ ထောက်အပံ့ဖြင့် နေထိုင်ခဲ့ကြပြီး ယခု ဘင်္ဂါလီအရေးမှာတော့ မြန်မာအစိုးရကို ရှုတ်ချလိုသူများ အကြိုက်လိုက်လံပြောနေတာ ဟာ ဘယ်အကျိုးစီးပွားကို ရှေးရှု နေသလဲဆိုတာ ထင်ရှားလှသည်။

ပုဂ္ဂိုလ်ရေးဆန်လို့ လူနာမည်တပ်မပြောချင်ပါ။ မကြာမီက Asian Forum for Human Rights and Development အ စည်းအဝေးမှာ မြန်မာ့ဒီမိုကရေစီ ရေးကို အကြောင်းပြုပြီး အမေရိ ကန်မှာ နှစ်ပေါင်းများစွာနေထိုင် ခွင့်ရနေသူ မြန်မာတစ်ဦး၏ ပြော စကားက သည်လိုပါ။

‘‘သြဂုတ် ၂၅ ရက်တွင် စစ် တပ်၏တုံ့ပြန်မှုမှာ တရားလွန်များ ပြားခဲ့ပါသည်။ ကုလအထူးကိုယ် စားလှယ်က သြဂုတ် ၃၁ ရက်တွင် စစ်တပ်က မြင်မြင်သမျှ ပစ်ခတ် နေခြင်း၊ အရပ်သားများအပေါ် ဟယ်လီကော်ပတာများ၊ ရော့ ကတ်လောင်ချာများဖြင့် ပစ်ခတ် တိုက်ခိုက်နေကြောင်းပါရှိပါ သည်။ ကျွန်မတို့ ရရှိသောအချက် အလက်များအရဆိုလျှင် ရိုဟင် ဂျာများကို အဓိကပစ်မှတ်ထား တိုက်ခိုက်ပြီး ရိုဟင်ဂျာများ ထွက် ပြေးသွားစေရန်နှင့် အမျိုးဖြုတ် သတ်ဖြတ်ရန်ပြုလုပ်နေရာ ရို ဟင်ဂျာကျေးရွာများကို မီးရှို့ခြင်း၊ ငတ်မွတ်အောင်ပြုလုပ်ခြင်း၊ ရို ဟင်ဂျာများနှင့် ဆက်ဆံခြင်း၊ ကူး သန်းရောင်းဝယ်မှုပြုလုပ်နေသည့် ရခိုင်ဗုဒ္ဓဘာသာဝင်များကို ခြိမ်း ခြောက်ခြင်းများ ပြုလုပ်နေပါ သည် စသည်ဖြင့်တို့ ဖြစ်၏။

ရခိုင်အရေးနဲ့ပတ်သက်ပြီး အမေရိကန်၊ ဂျပန်စသည့် နိုင်ငံခြားရောက် မြန်မာနိုင်ငံသားများက ဒေါ်အောင်ဆန်းစုကြည်အစိုးရ၏ လုပ်ဆောင်ချက်များကို ၀ိုင်းဝန်း ထောက်ခံနေကြချိန်တွင် ဒီမိုက ရေစီရေး နာမည်ခံနိုင်ငံရေး ခိုလှုံ သူတချို့၏ အသံပြောင်းလဲလာမှုက အံ့သြဖို့ကောင်းပါသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတချို့က  ရခိုင်အရေးနဲ့ပတ်သက်ပြီး မြန်မာ ကို ရှုတ်ချပြောဆိုနေတဲ့ အချိန် မှာ နိုင်ငံခြားရောက် မြန်မာတွေ အနေနှင့် မိမိပတ်ဝန်းကျင်မှာရှိ သော ၎င်းနိုင်ငံသားများကို မြန်မာဖြစ်စဉ်အကြောင်း ထိထိမိမိရှင်း ပြပြောဆိုပေးစေချင်ပါသည်။ သူတို့ပြည်သူတွေ မြန်မာအကြောင်း သေချာစွာသိမှ သူတို့အစိုးရကို ပြန်လည် အသိပေးနိုင်မှာ ဖြစ် သည်။

သည်လိုမှမဟုတ်ဘဲ ကိုယ့်အသက်မွေးဝမ်းကျောင်းအတွက် နိုင်ငံမျက်နှာမကြည့်ဘဲ ဒေါ်လာ မျက်နှာကြည့်ကာ ကိုယ်ကပါဝင် ပြီး သခွတ်ပင်က မီးတကျည်ကျည် လုပ်နေမယ်ဆိုရင်တော့ ကိုယ့် နိုင်ငံသိက္ခာကိုချရာ ကျနေမယ်ဆို တာ စဉ်းစားသုံးသပ်သင့်ပါသည်။  မကြာခင်အချိန်မှာပဲ နိုင်ငံတကာ သံတမန်တွေနဲ့ သတင်းမီဒီယာ တွေကို ရခိုင်မြောက်ပိုင်းဆီ မြန် မာအစိုးရက ခေါ်သွားတော့မည် ဖြစ်၏။ အဲဒီအခါ သူတို့အထင်အ မြင်တွေနှင့် ပကတိအခြေအနေ တွေကို သုံးသပ်နိုင်ပါတော့မည်။ ဒီအချိန်တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများကပင် မြန်မာ့အရေးကို ဖေးမရပ်တည်ပေးကြမည်ဆိုပါက ကျွန်တော်တို့ နိုင်ငံ၏ ပုံ ရိပ်ကိုအမြန်ဆွဲတင်နိုင်မည် ထင် ပါကြောင်း။    ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News