ဒီတစ်ပတ်ကြည့်ရမယ့် ဟောလိဝုဒ်ရုပ်ရှင်

KINGSMAN: THE GOLDEN CIRCLE

- ပရိသတ်တွေ ဒီတစ်ပတ်ကြည့်ဖို့ ညွှန်းပေးမယ့်ဇာတ်ကား လေးကတော့ စုံထောက်ဟာသအက်ရှင်ဇာတ်ကား Kingsman: The Golden Circle ပါ။ ၂၀၁၄ တုန်းကKingsman: The Secret Service ဆိုတဲ့ဇာတ်ကားထွက်ရှိခဲ့ဖူးပြီး အဲဒီရဲ့ ဇာတ်လမ်းအဆက်အဖြစ် ထွက်လာတာဖြစ်ပါတယ်။

ဒါရိုက်တာမက်သယူးဗွန့်ရဲ့ လက်ရာဒီဇာတ်ကားမှာကော် လင်းဖာ့သ်၊ ဂျူလီယန်မိုး၊ တာရွန် အီဂါတန်၊ မာ့ခ်စထရောင်း၊ ဟယ်လီဘယ်ရီ၊ အယ်လ်တန်ဂျွန် စတဲ့သရုပ်ဆောင်များစွာပါဝင်ထားတာပါ။

အက်ဆီအန်ဝင်းဟာလျှို့ဝှက်အဖွဲ့အစည်းဖြစ်တဲ့ Kings-man ကအေးဂျင့်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့စီနီယာဟယ်ရီဟာ့တ် အသတ်ခံရပြီးမှာတော့ သူ့ရဲ့ ဂါလာဟက်ဒ်ဆိုတဲ့ လျှို့ဝှက်အမည်ကို အက်ဆီကဆက်သုံးခဲ့ပါတယ်။ တစ်ရက်မှာတော့ အက်ဆီဟာ Kingsman အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့လက်တစ်ဖက်ပြတ်ချာလီရဲ့ အလစ်တိုက်ခိုက်ခြင်းခံခဲ့ရပေမယ့်ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဗြိတိန်မှာရှိတဲ့ Kingsman ဌာနချုပ် ဖျက်ဆီးခံခဲ့ရပြီး အက်ဆီနဲ့မာလင်ကလွဲလို့ကျန်တဲ့အေးဂျင့်တွေအကုန်လုံး သေဆုံးခဲ့ပါတယ်။ နောက်တော့ အက်ဆီနဲ့မာလင်ကို အမေရိကန်လျှို့ဝှက်အဖွဲ့အစည်း Statesman ကချိတ်ဆက်ခဲ့ပြီး The Golden Circle ဆိုတဲ့ အကြမ်းဖက်လျှို့ဝှက်အဖွဲ့အစည်းကို ခြေရာခံဖို့လုပ်ဆောင်ခဲ့ပါတယ်။

သေသွားပြီလို့ထင်နေကြတဲ့ အေးဂျင့်ဟယ်ရီဟာ အသက် ရှင်နေသေးပေမယ့် အတိတ်မေ့ရောဂါခံစားနေရတာမို့ ဟယ်ရီမှတ်ဉာဏ်ပြန်ရဖို့ အက်ဆီတစ်ယောက် ခြိမ်းလား၊ ခြောက်လားနဲ့ နည်းလမ်းမျိုးစုံသုံးပြီး လုပ်ဆောင်ရပါတော့တယ်။ တစ်ဖက်မှာလည်း ကမ္ဘာ့အကြီးဆုံးမူးယစ်ဆေးဝါးစီးပွားရေးလုပ်ငန်းများ အဖွဲ့ခေါင်းဆောင် ပေါ့ပီအက်ဒမ်ကလည်း သူ့ရဲ့အဖျက်စွမ်းအားပြင်း မူးယစ်ဆေးနဲ့ ပတ်သက်ပြီး တစ်ကမ္ဘာလုံးကို ကြေညာခဲ့ကာ အဲဒါရဲ့ဖြေဆေးနဲ့ ပတ်သက်ပြီးတော့ပါ ထုတ်ဖော်ခဲ့ပါတယ်။

အက်ဆီတို့တွေဟာ ဖြေဆေးနမူနာကို ခိုးယူဖို့ကြိုးပမ်းခဲ့ပေမယ့် Golden Circle အဖွဲ့ရဲ့ လူယုံနဲ့တွေ့ပြီး မအောင်မြင်ခဲ့ပါဘူး။ နောက်တော့ပေါ့ပီရဲ့ မူးယစ်ဆေးဟာ နေရာအနှံ့ပျံ့နှံ့ကုန်တဲ့အတွက် တစ်ကမ္ဘာလုံးကသန်း နဲ့ချီတဲ့လူတွေရဲ့အသက်ကယ်နိုင်ဖို့ကြိုးပမ်းရပါတော့တယ်။ အက်ဆီတို့ Kingsman အဖွဲ့နဲ့ ထိပ်တိုက်တွေ့ကြတဲ့အခါမှာ Golden Circle အဖွဲ့ရဲ့ ကံကြမ္မာက ဘယ်လိုပုံစံနဲ့အဆုံးသတ်မလဲဆိုတာတော့ စက်တင်ဘာ ၂၉ ရက်ကစလို့ရုံတင်ပြသတော့မှာမို့ ကိုယ်တိုင်ကြည့်ရှုခံစားပါဦးလို့ .........။

Top News