အားလပ်ရက်မှာလည်ပတ်စရာ

သီတင်းကျွ တ်ညတွေမှာ ဈေးပွဲတော်တွေ လျှောက်လည်ကြမယ်
ဓာတ်ပုံ− စိုင်းဇော်

သီတင်းကျွတ်အခါသမယမှာ ချစ် ခင်ရတဲ့သူတွေ၊ ချစ်ရတဲ့မိသားစု တွေနဲ့ပျော်ရွှင်စွာ ဖြတ်သန်းဖို့ပြင် နေပြီလား။ ဒီနှစ် သီတင်းကျွတ်ကလည်း ပိတ်ရက်တွေဆက်နေ တော့ ခရီးသွားကြမလား၊ ဒါမှမ ဟုတ် ရန်ကုန်မှာပဲ အချိန်ကုန်ဆုံး မလား ဝေခွဲရခက်နေမှာပါ။

ထူးထူးခြားခြား ပိတ်ရက် တွေဆက်နေတဲ့ သီတင်းကျွတ် အားလပ်ရက်မှာ ပျော်ရွှင်ဖွယ် ကောင်းတဲ့ ပွဲတော်တွေကလည်း သင့်ကို ပျော်ရွှင်စေဖို့ စောင့်ကြို နေပါတယ်။ ဒီတော့ သီတင်းကျွတ်အားလပ်ရက်မှာ ပျော်ပျော်ရွှင်ရွှင် လည်ပတ်နိုင်တဲ့ နေရာတွေကို ဖော်ပြလိုက်ပါတယ်။

ဘန်ကောက်ရောက်သလို ခံစားရမယ့်  BKK NIGHT MARKET BKK NIGHT

MARKET (ဘန်ကောက်ည ဈေး)ဆိုတဲ့အတိုင်းဘန်ကောက် က အဝတ်အထည်၊ အလှကုန်၊ ဟန်းမိတ်ပစ္စည်းလေးတွေ၊ အရုပ်၊ ဖိနပ်၊ ဖန်စီပစ္စည်းလေးတွေ အစုံ အလင် ရရှိနိုင်ပါတယ်။

အစားအသောက်တွေဆိုရင် လည်း ယိုးဒယားသင်္ဘောသီး ထောင်း၊ ပင်လယ်စာအကင်စုံ စ တဲ့ဘန်ကောက်Street Food မျိုး စုံ ဝယ်ယူစားသောက်နိုင်ပါတယ်။ ဘန်ကောက်ညဈေးရောက်ပြီဆို တာနဲ့ မစားမဖြစ် စားရမှာက ချဉ် ချဉ်စပ်စပ်ယိုးဒယားသင်္ဘောသီး ထောင်း၊ ပုစွန်၊ ကဏန်းတွေ၊ ပင် လယ်စာအစုံအလင်ပါတဲ့ ရှူးရှူး ရှဲရှဲ ပင်လယ်စာဟင်းပွဲကြီးတွေ၊ ကလေးရော လူကြီးပါ ကြိုက်နှစ်သက်တဲ့ ယိုးဒယား ကြက်အူ ချောင်း၊ ကြက်ဆီထမင်း၊ ကွေ့သလို၊ ယံယံ ပင်လယ်စာချဉ်စပ် သုပ်၊ ဖတ်ထိုင်းနဲ့ ပင်လယ်စာ အကင်စုံ၊ ပင်လယ်စာ အသား ကင်ကြော်တွေကို ဘန်ကောက် လမ်းဘေးစတိုင်အတိုင်း ဝယ်ယူ စားသောက်နိုင်မှာပါ။

သွားရင်းစားရင်း လူတိုးလို့ မောလာပြီဆိုရင်လည်း ပုံးလေးနဲ့ ထည့်ထားတဲ့ ရောင်စုံအအေး ဖျော်ရည်၊ ရောင်စုံအအေးပုလင်း လေးတွေ၊ ပျားသံပရာနဲ့ဂျယ်လီ တွေ၊ ချောကလက်ချောင်းနဲ့လှလှ ပပ ပြုလုပ်ထားတဲ့ ရေခဲမုန့်မျိုးစုံ ကို ဝယ်ယူနိုင်ပါတယ်။

ဘန်ကောက်ညဈေးကို စက် တင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ နေ့လယ် ၂ နာရီကနေ ည ၁၀ နာရီအထိ ပြည်သူ့ရင်ပြင် Myan-mmar Culture Valley ကားပါ ကင်ဧရိယာမှာ ပြုလုပ်မှာဖြစ်ပါ တယ်။

ဖျော်ဖြေရေးအစီအစဉ်တွေကြည့် ရင်း မီးပုံးလှလှလေးတွေ မျှောနိုင် မယ့် YGN Thadinkyut Festival 2017

နောက်တစ်ခုကတော့ ရန် ကုန်မြို့မှာ ပထမဆုံး သီတင်း ကျွတ်မီးမျှောပွဲတော်ပြုလုပ်မယ့် YGN Thadinkyut Festival 2017 ပဲဖြစ်ပါတယ်။ YGN Thadinkyut Festival 2017 ဆိုတဲ့အတိုင်း ညဈေးတန်းတွေ၊ ဖျော်ဖြေရေးအစီ အစဉ်တွေတစ်ဝကြီးနဲ့ ပျော်ရွှင်ရမှာပါ။ ဒီပွဲတော်က ထူးထူးခြားခြား အနေနဲ့ ကန်တော်ကြီး ကရဝိက်ကို နောက်ခံထားပြီး ချစ်ရတဲ့သူနဲ့ အတူတူ မီးပုံးလေးတွေ မျှောနိုင်ဖို့ စီစဉ်ထားပါတယ်။ သီတင်းကျွတ် မီးပုံးလေးတွေမှာ ကိုယ်နှစ်သက် ရာ စာသားရေးပြီးတော့ မီးပုံးတစ် ခုကို ၂၀၀၀ ကျပ်နဲ့ ရောင်းချပေး မှာပါ။ ဦးမေတ္တာနှင့် မေတ္တာရွှေဇင် အငြိမ့်အဖွဲ့ရဲ့ကပြဖျော်ဖြေမှုအ ပြင် နီနီခင်ဇော်၊ အောင်ထက်၊ ရဲရင့်အောင်၊ ချစ်သုဝေ၊ လင်း လင်း၊ Ar-T၊ ပိုပိုဟေသာ၊ Project-K စတဲ့ နာမည်ရအဆိုတော်များ ရဲ့သီဆိုဖျော်ဖြေမှုကို ကြည့်ရှုခံစားရမှာပါ။ YGN Thadinkyut Festival  2017 ပွဲတော်ရဲ့ ဝင်ခွင့်လက်မှတ်တွေကို ၁၅၀၀ ကျပ်နဲ့ ပွဲတော်ရက်တွေဖြစ်တဲ့ အောက်တိုဘာ ၁၊ ၂၊ ၃ ရက်တို့မှာ ပွဲကျင်းပမယ့်နေရာ ကန်တော်ကြီးဥယျာဉ် သိမ်ဖြူ လမ်းဝင်ပေါက်နဲ့ မျှော်စင်ကျွန်းဝင်ပေါက်တို့မှာ နေ့လယ် ၃ နာရီကစပြီး ရောင်းချပေးမှာဖြစ်ပါတယ်။

ပြည်သူ့ရင်ပြင်ထဲက  Night Market

အောက်တိုဘာ ၅ ရက်ကနေ၈ ရက်နေ့အထိ ပြည်သူ့ရင်ပြင် ကစားကွင်းအနီးမှာ ပြုလုပ်မယ့် The Night Market ကလည်း ဆိုင်ခန်း ၁၀၀ ကျော်နဲ့ ပျော်ရွှင်စွာ နွှဲပျော်နိုင်မှာပါ။ ဒီညဈေးတန်းမှာ ဆိုရင်လည်း အသုပ်၊ အထောင်းစုံလင်တဲ့ ယိုးဒယားအစားအစာ တွေ၊  တော့ပိုကီနဲ့ ကိုရီးယားအစားအစာတွေ၊ အိမ်တော်ရာ မလိုင်ပေါက်စီ၊ အဝတ်အထည်နဲ့ အလှကုန်မျိုးစုံတွေအပြင် သီတင်းကျွတ်မီးထွန်းပွဲတော် သင်္ကေတ မီးပုံးလှလှလေးတွေကို ရောင်းချ ပေးသွားမှာပါ။ ဒီညဈေးတန်းကို တော့ နေ့လယ် ၃ နာရီကနေ ည ၁၀ နာရီအထိ ပြုလုပ်မှာပါ။       ။

ရေကျော်မီးထွန်းပွဲတော်

ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော်နဲ့ ပွဲဈေးကြီးကလည်းရန်ကုန်မြို့ရဲ့ သီတင်းကျွတ်ပွဲတော်ကာလမှာ မသွားမဖြစ် သွားရောက်လည်ပတ်ရမယ့် အထင်ကရပွဲတော်ကြီးဖြစ်ပါတယ်။ ဒီနှစ်  ပွဲတော်ကို အောက်တိုဘာ၂ ရက်ကနေ စတင်ကျင်းပမှာဖြစ်လို့ ပွဲတော်နှစ်သက်သူများမလွတ်တမ်း သွားရောက်လည်ပတ်ရမယ့် ပွဲတော်ကြီးလည်းဖြစ် ပါတယ်။          ။

Top News