ကျပ် ၃၀၀ ခိုးမှုဖြင့် တရားစွဲခံရသော ကျောင်းသားသုံးဦး ကွင်းလုံးကျွတ်လွတ်မြောက်

 ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အောင်ဗောဓိစေတီရှိ အလှူခံပုံးများကို ဖောက်၍ ခိုးယူ သည်ဆိုကာ အသက်(၁၀)နှစ်မှ (၁၃)နှစ်ရှိ ကျောင်းသားသုံးဦး အား ဂေါပကအဖွဲ့ဝင်တစ်ဦးက တရားစွဲဆိုထားမှုကို တရားရုံးက စွဲ ချက်တင်ရန် မသင့်ဟု ဆုံးဖြတ်ခဲ့ သောကြောင့် အဆိုပါကလေး ငယ်သုံးဦးသည် အမှုမှ ကွင်းလုံး ကျွတ်လွတ်မြောက်ခဲ့ကြောင်း ရန် ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြော ကြားသည်။

‘‘ကျွန်တော့်ဆီကို ဒီနေ့ညနေ ပဲ မြို့နယ်ရဲစခန်းမှူးက ဖုန်းဆက် လာပါတယ်။ ဒီကလေးတွေနဲ့ပတ် သက်ပြီးတော့ စွဲချက်တင်ရန် မသင့်လို့ ဆုံးဖြတ်တာဖြစ်တဲ့အ တွက် ကလေးတွေက လုံးဝ ဒီအမှု ကနေပြီးတော့ ကွင်းလုံးကျွတ် လွတ်မြောက်သွားပါပြီလို့ ပြောပါ တယ်’’ဟု ၎င်းက ပြောသည်။


အလှူခံပုံးအတွင်းမှ ကျပ် ၃၀၀ ခိုးယူသဖြင့် တရားစွဲခံရပြီး သန်လျင်မြို့နယ်ရှိ လူငယ်သင် တန်းကျောင်းတွင် ထိန်းသိမ်းခံ ထားရသည့် ကလေးငယ်သုံးဦး သည် စက်တင်ဘာ ၂၆ ရက်၌ စာမေးပွဲဖြေရမည်ဖြစ်၍ အဆိုပါ ထိန်းသိမ်းရေးကျောင်းမှ ကလေး များကို ခေတ္တပြန်လည်ခေါ်ယူပြီး စာမေးပွဲ ပြန်လည်ဖြေဆိုစေလို ကြောင်း ကြိုးပမ်းချိန်တွင် တရားရုံးက ယခုကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်သည်။

‘‘ကျွန်မတို့ကလေးတွေကိစ္စ ဒီနေ့ ရဲစခန်းကို သွားရောက်ပြီး တော့ မေးမြန်းတဲ့အခါမှာ ကွင်း လုံးကျွတ်လွတ်မြောက်တယ်ဆို တာကို သိခဲ့ရပါတယ်’’ဟု တရားစွဲခံရသူကလေးနှစ်ဦး၏ မိခင်က ပြောသည်။

 အဆိုပါကလေးငယ်များ သည် တတိယတန်းတက်ရောက် နေသူတစ်ဦး၊ ပဉ္စမတန်းတက်နေ သူတစ်ဦးနှင့် သတ္တမတန်းတက် နေသူတစ်ဦးတို့ဖြစ်ပြီး တတိယ တန်းနှင့် ပဉ္စမတန်းကျောင်းသားနှစ်ဦးသည် ညီအစ်ကိုအရင်းဖြစ်သည်။

၂၀၁၇ စက်တင်ဘာ ၁၃ ရက်က ကျောင်းသားသုံးဦးသည် ကျူ ရှင်မှအပြန် အောင်ဗောဓိစေတီ တည်ရှိရာ ဘုရားဝင်းအတွင်း ဆော့ကစားနေစဉ် ဘိုးတော်ရုပ် တုအရှေ့ရှိ အလှူခံပုံးအပေါက်ဝတွင် တစ်ဝက်တစ်ပျက်ဖြစ်နေ သော ကျပ် ၃၀၀ ကို သွားကြားထိုး တံဖြင့် ကော်ထုတ်ယူနေစဉ်ဂေါပကအဖွဲ့က တွေ့ရှိသဖြင့် ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း အမှုဖွင့်ခံရသူ ညီအစ်ကိုနှစ်ဦး၏ဖခင် က ပြောသည်။

ထို့အပြင် ဂေါပကအဖွဲ့ဝင်များနုတ်ထွက်ရေး၊ ဂေါပက အဖွဲ့ဥက္ကဋ္ဌက တစ်ဦးတည်းပိုင်အ မည်ဖြင့် ရယူထားသောမြေများ ပြန်လည်ရရှိရေးအပါအ၀င် အ ချက်လေးချက်ကို ပြည်သူ ၂၀၀ ခန့်က စက်တင်ဘာ ၂၆၊ ၂၇ ရက်တွင် ဆန္ဒပြတောင်းဆိုခဲ့ပြီး ယင်းအချက်များကို တိုင်းဒေသကြီး လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းမည်ဖြစ်ကြောင်း  တောင် ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။