အညာခရမ်းချဉ်သီး တလိမ့်ထိုးငါးပိချက်

အသားဟင်း  မစားချင်သူ တွေအတွက် ထမင်းမြိန်စေမယ့် ခရမ်းချဉ်သီးချက်လေး ချက်ကြည့်ရအောင်လို့ ဖော်ပြလိုက် ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

၁။ပထမဦးစွာခရမ်းချဉ်သီးများကို ရေစင်အောင် ဆေး၍ ပါးပါး လှီးထားပါ။

၂။ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ညက်အောင်ထောင်းပြီးငရုတ်သီး ခွဲကြမ်းမှုန့်နှင့် ရောထားပါ။

၃။ဒယ်အိုးထဲတွင် ဆီထည့်၍အပူပေးပြီးပူလာလျှင် ငရုတ်သီးကြက် သွန်အနှစ်ကို ဆီသတ်ပါ။

၎။အနှစ်နွမ်းလာလျှင် ပုစွန်ငါးပိထည့်၍ ကြေအောင်မွှေပေးပါ။

၅။အနှစ်များကြွပ်၍ အနံ့မွှေးလာလျှင် ခရမ်းချဉ်သီး၊ အရသာမှုန့်၊ ဆားတို့ထည့်၍ မွှေပေးပါ။

၆။ခရမ်းချဉ်သီးကြေရန် ရေကိုနည်းနည်းချင်းစီထည့်၍ တည်ပေးပါ။

၇။ခရမ်းချဉ်သီးကြေလာလျှင် ငရုတ်သီးစိမ်းထည့်၍ မွှေပြီးအဖုံးအုပ် ထားပါ။

၈။ဆီပြန်လာလျှင် နံနံပင်အုပ်၍ အရသာစိတ်ကြိုက်မြည်းကာ မီးပိတ်ပေးလို့ရပါပြီ။

ပါဝင်ပစ္စည်းများ

ကိုင်းခရမ်းချဉ်သီး၁၀ လုံး

ပုစွန်ငါးပိစားပွဲတင်ဇွန်း (၂)ဇွန်း

ကြက်သွန်နီ၂ လုံး

ကြက်သွန်ဖြူ၅ မြွာ

ငရုတ်သီးစိမ်း၇ တောင့်

နံနံပင်အနည်းငယ်

ငရုတ်သီးခွဲကြမ်းမှုန့်စားပွဲတင်ဇွန်း (၃) ဇွန်း

ဆီစားပွဲတင်ဇွန်း (၁၀) ဇွန်း

Ei’s Cooking Diary မှပံ့ပိုးကူညီပါသည်။

Top News