လင်္ကာဒီပပဲ့ကိုင် ဗိုလ်ချုပ်ရုပ်တုများ ဖန်တီးရှင်

အနှစ် ၂၀ ခန့် ပန်းချီဆွဲလာ သူတစ်ဦးကို ဗိုလ်ချုပ်အောင်ဆန်း ၏ ပုံတူရုပ်တုများက ပန်းပုဆရာ တစ်ယောက်အဖြစ်သို့ ပြောင်းလဲ သွားစေသည်။

ဗိုလ်ချုပ် နှစ်(၁၀၀) ပြည့် တွင် နတ်မောက်မြို့ရှိ ဗိုလ်ချုပ် အောင်ဆန်း၏နေအိမ်၌ ဗိုလ်ချုပ် ပုံတူ ဆီလီကွန်ရုပ်တုထားရှိရန် အလုပ်လာအပ်ခြင်းမှ အစပြုခဲ့ သည်။

နတ်မောက်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အလုပ် လာအပ်ခြင်းဖြစ်ပြီး အဆိုပါရုပ်တု အတွက် ပန်းရဲ့လမ်းအဖွဲ့က ရန် ပုံငွေရှာပေးခဲ့ကြောင်း လင်္ကာဒီပ ပန်းပုအလုပ်ရုံပိုင်ရှင် ကိုအောင် ကျော်ထွန်းက ရှင်းပြသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ပုံတူ ကို ထုလုပ်ရမည်ဖြစ်သောကြောင့် တာဝန်ကြီးသော်လည်း မူလတန်း အရွယ်ကတည်းက ငါးကျပ်တန်၊ တစ်ဆယ်ကျပ်တန်များမှ ဗိုလ် ချုပ်ပုံတူများကို အလွတ်ရေးဆွဲ ကျင့် ရှိနေသကဲ့သို့ ပန်းချီအခံ လည်း ရှိနေသောကြောင့် အခက် အခဲများစွာ မရှိခဲ့ဟု ယင်းရုပ်တု ထုလုပ်ခဲ့သည့်  အမှတ်တရကို ပြောပြသည်။

‘‘ငယ်ငယ်ကတည်းက ကျွန် တော့်မှာ ဘာရလာလဲဆိုတော့ ဗိုလ်ချုပ်ပုံ အလွတ်ဆွဲရင်တောင် တူအောင်ဆွဲတတ်တယ်’’ဟု ကို အောင်ကျော်ထွန်းကပြောသည်။

‘‘မှတ်မှတ်ရရ ကျွန်တော် အမြဲတမ်း ဆွဲဖြစ်တာက ငါးကျပ် တန်ခေါင်းရယ်၊ တစ်ဆယ်တန် ခေါင်းရယ်၊ တစ်ဆယ်တန်ခေါင်း က ဦးထုပ်လေးက Lighting တစ် ခြမ်းတည်းဆိုတော့ အများကြီး မဆွဲရဘူး။ ငါးကျပ်တန်ကျတော့ ခေါင်းတုံးနဲ့။ ငယ်ငယ်ကတည်းက ပန်းချီဆွဲတတ်ကတည်းက တော် တော်ဆွဲဖြစ်တယ်’’ဟု ၎င်းက ပြောသည်။

ငယ်စဉ်ကတည်းက ဗိုလ် ချုပ်အောင်ဆန်းအကြောင်းကို လေ့လာဖြစ်ခဲ့သလို ဗိုလ်ချုပ် အောင်ဆန်းသည် ၎င်းအားကျရ သူတစ်ဦး ဖြစ်ခဲ့ကြောင်း ဆိုသည်။

‘‘ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ် ချုပ်မွေးနေ့ပါဆိုတဲ့ ကဗျာလေး တွေကအစ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို လေ့လာဖြစ်တယ်။ နောက်ကျတော့ ဗိုလ်ချုပ်အောင် ဆန်းကို အားလည်းအားကျတယ်။ တကယ်လည်း ကျေးဇူးတင် တယ်။ ကိုယ့်နှလုံးသားထဲကို အဲဒီ ကတည်းကရောက်နေတာ’’ဟု ဗိုလ်ချုပ်အောင်ဆန်းနှင့်   ပတ် သက်၍ ၎င်း၏ခံစားချက်ကိုပြော သည်။

သို့သော် စိန်ခေါ်မှုတစ်ခု ရှိ နေခဲ့သည်။ ၎င်းထုလုပ်ရမည့် ဗိုလ်ချုပ်ပုံစံသည် ယခင်မြင်ဖူးနေ ကျ ဗိုလ်ချုပ်၏ပုံစံမဟုတ်ဘဲ ပက် လက်ကုလားထိုင်ပေါ်၌ စွပ်ကျယ် နှင့်ပုဆိုးကိုဝတ်ကာ စာထိုင်ဖတ် နေသည့် ဗိုလ်ချုပ်၏ပုံစံ ဖြစ်နေ သောကြောင့်ပင်။ သို့သော် ဗိုလ် ချုပ်နှင့်တူသည်ဟု ပြောသံများ ပြန်ကြားခဲ့ရ၍ သူကျေနပ်ခဲ့ရ သည်။

အဆိုပါရုပ်တုကို ဗိုလ်ချုပ် ၏သမီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ယဉ်ကျေးမှုဦးစီးဌာနသို့ လှူဒါန်းပေးခဲ့ကြောင်း သူကပြန် ပြောပြသည်။

‘‘သူ (ဒေါ်အောင်ဆန်းစု ကြည်)က အမှတ်တရအနေနဲ့ ဗိုလ်ချုပ်ရဲ့ နားရွက်အကြောင်းပဲ ပြောတယ်။ ဗိုလ်ချုပ်ရဲ့နားရွက်က အလယ်သားလေးက အပြင်ကို ထွက်တယ်ဆိုတဲ့အကြောင်း၊ သူ့ နားရက်နဲ့ဆင်တယ်ပေါ့။ နောက် အရုပ်တွေကျရင် အဲဒါလေးလုပ် ပေးပါလို့ပြောတယ်’’ဟု ကို အောင်ကျော်ထွန်းက မှတ်မှတ်ရ ရ ပြန်ပြောသည်။

သူသည် ဗိုလ်ချုပ်အောင် ဆန်း၏ နှစ်(၁၀၀)ပြည့်မွေးနေ့မှ ယနေ့အထိ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဗိုလ်ချုပ်ရုပ်တု ဆယ် ရုပ်ကျော် ထုလုပ်ပေးခဲ့ရသည်။ ကြေးရုပ်တု ထုလုပ်ရမှုမှာ များ ပြားပြီး ဆီလီကွန် ရုပ်တုသည် နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင် ဆန်းနေအိမ်၌ ထားရှိသော ဆီလီ ကွန်ရုပ်တု၊ ရန်ကုန်မြို့ ဗိုလ်ချုပ် ပြတိုက်ရှိ ဆီလီကွန်ရုပ်တုနှင့် နေပြည်တော်ရှိ ဆီလီကွန်ရုပ်တု သုံးရုပ်သာ ရှိသည်ဟုဆိုသည်။

‘‘ဗိုလ်ချုပ်ပုံ တူဖို့ဆိုတာက တချို့ဆိုရင် မျက်နှာတူတူ၊ မတူ တူ ဦးထုပ်နဲ့ လောင်းကုတ်ပါရင် ဗိုလ်ချုပ်လို့ သတ်မှတ်နေကြတာ တွေရှိတယ်။ ဗိုလ်ချုပ်ရဲ့ Acce- ssories တွေပါရင် ဗိုလ်ချုပ်လို့ သတ်မှတ်နေကြတယ်’’ဟု ဗိုလ် ချုပ်ပုံစံတူ ထုလုပ်မှုများနှင့်ပတ် သက်၍ ၎င်းက မှတ်ချက်ပြုသည်။

ယခင်က ဆီလီကွန်ရုပ်တု များ ထုလုပ်လိုပါက ပြည်ပနိုင်ငံ များသို့ သွားရောက်၍ ထုလုပ်ရ ချိန်ဖြစ်သည်။ ပန်းပု ပြုလုပ်သူ များကို ဆီလီကွန်ရုပ်တုများ ပြု လုပ်ရန် တိုက်တွန်းသော်လည်း မပြုလုပ်သောကြောင့် ၎င်းကိုယ် တိုင် ကြိုးစားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဓာတုဗေဒနှင့် ကျောင်းပြီး ထားသူတစ်ဦး ဖြစ်သလို အနု ပညာတက္ကသိုလ်မှ ပန်းပုပညာရပ် ဖြင့် ကျောင်းပြီးခဲ့ခြင်းကလည်း ပန်းပုသမားတစ်ယောက်ဖြစ်မည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိရန် တွန်းအားပေးခဲ့သော အချက်များ ဖြစ်သည်။

လက်ရှိအချိန်တွင်မူ ဗိုလ် ချုပ်ပုံတူများသာမကဘဲ ဆရာ တော်ကြီးများ၏ ပုံတူရုပ်တုများ ကိုလည်း ထုလုပ်ပေးနေရကာ ယခုနောက်ပိုင်းတွင် အာဇာနည် ပုဂ္ဂိုလ်ကြီးများ၏ ပုံတူများကို လည်း ထုလုပ်ပေးရကြောင်း ကို အောင်ကျော်ထွန်းက ပြောသည်။

‘‘တဖြည်းဖြည်း ပန်းချီရေး တာက အားနည်းလာပြီး ပန်းပုက အားကောင်းလာတာ’’ဟု ၎င်းက ဆိုသည်။ ယခင်က ဂွတ္တလစ်မြ လမ်း၌ လင်္ကာဒီပ ပန်းချီပြခန်းကို ဖွင့်လှစ်ထားခဲ့သလို လက်ရှိ အချိန်တွင် ပန်းပုအပ်သူများပြား လာသောကြောင့် လင်္ကာဒီပ ပန်းပုလုပ်ငန်းကို ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် ဖွင့်လှစ် ထားပြီဖြစ်သည်။ ဆီလီကွန်ရုပ်တု များသည် လူနှင့်အမှန်တကယ်တူ သောကြောင့် ဆရာတော်ကြီးများ ၏ ရုပ်တုများကို အပ်သူများပြား ကြောင်း ၎င်းကဆိုသည်။

‘‘တချို့က ဘုန်းကြီးကို အို ရင်အိုတဲ့အတိုင်း၊ အရိုးကျရင်ကျ နေတဲ့အတိုင်း အမှန်အတိုင်းမြင် ချင်တယ်။ တချို့ကျတော့လည်း သူတို့ဘုန်းကြီးကို အိုသာအိုနေ၊ ကျသာကျနေတာ ချောချောလေး မြင်ချင်တယ်’’ဟု ဆရာတော်ကြီး များ၏ ပုံတူထုလုပ်ရာတွင် ကြုံရ သည့်အဖြစ်အပျက်ကို ခပ်ပြုံးပြုံး ဖြေပါသည်။

ထို့ကြောင့် ပုံတူအပ်သူများ လာရောက်ပါက ၎င်းတို့လိုချင် သည့်ပုံစံနှင့် ကွဲလွဲနေသော ကြောင့် ပြင်ပေးရသည့်ရုပ်တုများ လည်းရှိကြောင်း ၎င်း၏အတွေ့ အကြုံကို ပြောပြသည်။ ထို့အပြင် ပန်းချီဆရာတစ်ဦးအနေဖြင့် နာ မည်မရမီ အချိန်ကတည်းက ရုပ် ရှင်ပိုစတာများကိုလည်း ရေးဆွဲခဲ့ သလို ရုပ်ရှင်ကားများတွင် မိတ် ကပ်အထူးပြုလုပ်ချက်များလည်း ပြုလုပ်ခဲ့သည်။

‘‘မိတ်ကပ်စပယ်ရှယ် Effect လုပ်တာကလည်း ကြာပြီ။ မိုက် ကယ်ဂျက်ဆင်လို ရုပ်ပြောင်းရုပ် လွှဲတွေ လုပ်ကတည်းက ဝါသနာ ပါတာ။ အဲဒါကြောင့် ကျွန်တော့် ဟာ ကျွန်တော် စမ်းသပ်တယ်။ ရုပ်ရှင်လောကကလည်း ကျွန် တော်လုပ်တာလေးတွေကို သဘောကျတယ်။ ကြိုက်တယ်။ အဲဒါနဲ့ပဲ အပ်တဲ့သူတွေများလာ တယ်’’ဟု ကိုအောင်ကျော်ထွန်း က ပြောသည်။

သို့သော် ပန်းပုဘက်တွင် အလုပ်များသကဲ့သို့ မိတ်ကပ် အထူးပြုလုပ်ချက် လုပ်ရသည်မှာ လည်း အချိန်ပေးရသောကြောင့် သင်တန်းများ ဖွင့်လှစ်ဖြစ်ခဲ့သည် ဟု ၎င်းကပြောသည်။

‘‘ရန်ကုန်နဲ့မန္တလေးမှာ သင် တန်းတွေဖွင့်တယ်။ တပည့်တွေ သွားတယ်။ အရေးကြီးတဲ့ကိစ္စ တွေမှာ ကျွန်တော်လုပ်ပေးတယ်’’ ဟု မိတ်ကပ်အထူးပြုလုပ်ချက် များနှင့်ပတ်သက်၍ ပြောသည်။

ရုပ်ရှင်ဇာတ်ကားများအနေ ဖြင့် လတ်တလောတွင် ရုပ်ရှင် ဇာတ်ကားအမည်ဖြင့်ပင် ပွဲဆူခဲ့ သော ‘ကျွန်’ဇာတ်ကား၌ ထူးမွန် အတွက် မိတ်ကပ်အထူးပြုလုပ် ပေးခဲ့ပြီး ‘ကြောက် ကြောက် ကြောက်’ရုပ်ရှင်တွင်လည်း မိတ် ကပ်အထူး ပြုလုပ်ပေးခဲ့သည်ဟု ကိုအောင်ကျော်ထွန်းက ပြော သည်။

‘‘ဟိုး...အရင်တုန်းက ရန် အောင်တို့ နဖူးပြောင်ကြီးလုပ်တာ တို့ ကားတွေကတော့အများကြီး ပဲ။ သိပ်မမှတ်မိဘူး။ အရင်ခေတ် တစ်ခေတ်လုံး Special Effect လုပ်တာတွေက ကျွန်တော့်ဟာ တွေချည်းပဲ။ အခုနောက်ပိုင်းမှာ သာ တပည့်တွေလုပ်တာ’’ဟု မိတ်ကပ်အထူးပြုလုပ်ချက်များ နှင့် ပတ်သက်၍ ဂုဏ်ယူစွာပြော သည်။

မိတ်ကပ်အထူးပြုလုပ်ရာ တွင် ပစ္စည်းမပြည့်စုံမှုကို ပြည့်စုံ အောင် ပြုလုပ်နိုင်သော်လည်း ရိုက်ကူးရေးပိုင်းတွင် မိတ်ကပ် အထူး ပြုလုပ်သူများကို အလေး မထားသောကြောင့် အခက်အခဲ များ ရှိသည်ဟုဆိုသည်။

‘‘ကော်တွေနဲ့ ကပ်ထားတာ ကို နေပူထဲမှာရိုက်ရင်ရိုက်တယ်။ အဲဒါတွေက မပြည့်စုံတာကြောင့် မဟုတ်ဘူး။ သူတို့တွေက ဒီပညာ ရပ်အတွက် Schedule မထုတ် ပေးတာ’’ဟု ၎င်းကအမြင်ကို ပြောသည်။

ထို့အပြင် ဇာတ်သဘင်ဘက် ၌လည်း ဇာတ်မင်းသားကြီးဦးဖိုး စိန်နှင့် ရွှေမန်းတင်မောင်၏ ပုံတူ ရုပ်တုများကို ထုလုပ်ပေးဖူး ကြောင်း ကိုအောင်ကျော်ထွန်းက ပြောသည်။

‘‘ကျွန်တော် ဖန်တီးချင်တာ က အမေရိကန်နိုင်ငံမှာ သမ္မတ လေးယောက်ကို နံရံမှာလုပ်ထား သလို ဂုဏ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်ကြီး တွေရဲ့ Portrait ပုံတူကြီးတွေ ဥပမာ သခင်ဖိုးလှကြီး၊ ဗိုလ်ချုပ် အောင်ဆန်း၊ ဆရာစံတို့ပုံတူတွေ ကို တောင်နံရံမှာ ကြီးကြီးလုပ်ချင် တယ်’’ဟု ၎င်း၏အိပ်မက်ကိုပြော သည်။

ထို့အပြင် အခြားနိုင်ငံများ တွင် ဂုဏ်ပြုထိုက်သူများကို ဆီ လီကွန်ပြတိုက်များဖြင့် ပြသထား သကဲ့သို့ မြန်မာနိုင်ငံ၌လည်း ပြု လုပ်လိုသည်ဟု ၎င်းကဆိုသည်။

‘‘နံပါတ်(၁)ကတော့ ငွေ ပေါ့။ ကျွန်တော့်ကို ငွေချပေးရင် တော့ ဖြစ်အောင် အကောင် အထည်ဖော်မှာ။ ငွေဆိုတဲ့နေရာ မှာ ငွေချပေးလို့ သူတို့ပိုင်ဆိုင်ရင် ပိုင်ဆိုင်မယ်။ သူတို့ဘယ်လောက် ပဲ ပိုင်ပိုင်။ အနုပညာကတော့ ကျွန်တော့်အနုပညာပဲလေ။ ပိုက် ဆံတွေ ဘယ်လောက်ပဲ ပုံအော ပေးပေး ထုတာကတော့ အောင် ကျော်ထွန်း ထုတာပဲလေ’’ဟု ၎င်း ကပြောသည်။

လက်ရှိအချိန်တွင် မြန်မာ နိုင်ငံ၏ မြို့အတော်များများ၌ ၎င်း ကိုယ်တိုင် ထုလုပ်ထားသော ဗိုလ် ချုပ်အောင်ဆန်း ရုပ်တုများထား ရှိသည့်အပေါ် ၎င်း၏ခံစားချက်ကို လည်း ယခုကဲ့သို့ ပြောပြသည်။

‘‘ကျွန်တော့်သမိုင်းလေ။ ကျွန်တော့်ခေတ်မှာ ကျွန်တော့် သမိုင်းကို တည်ထောင်ခွင့်ရတာ ကျေနပ်တယ်ဗျာ’’ဟု သူကဆို သည်။

လင်္ကာဒီပအနုပညာ စတူ ဒီယိုတွင် ဒသဂီရိဟန်ဖြင့် ကို အောင်ကျော်ထွန်း၏ ပုံတူဆီလီ ကွန်ရုပ်တုက အားမာန်အပြည့် ဖြင့် ...။

Top News