ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တွင် ကျန်းမာရေး စစ်ဆေးမှုခံယူ

 နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကမာရွတ်မြို့နယ်ရှိ ဂရင်းဟံသာ နိုင်ငံ တကာဆေးရုံ၌ စက်တင်ဘာ ၂၉ ရက် က ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့ ကြောင်း အဆိုပါဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက 7Day Daily အား အတည် ပြုပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ယင်းနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ဆေးရုံသို့ စတင် ရောက်ရှိလာပြီး နှစ်နာရီကျော် ကြာ ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည် သည် ကျန်းမာရေးစစ်ဆေးမှုကို တစ်နှစ်တစ်ကြိမ် ပုံမှန်ပြုလုပ်လေ့ ရှိပြီး လိုအပ်ပါက ခြောက်လတစ် ကြိမ် ကျန်းမာရေးစစ်ဆေးလေ့ရှိ ကြောင်း ၎င်း၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက ပြော ကြားထားသည်။

 ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်လာပြီးနောက် ၂၀၁၆ ဧပြီ ၉ ရက်နှင့် ၁၆ ရက်တွင် မျက်စိခွဲစိတ်ကုသမှုကို နေပြည် တော်၌ ပြုလုပ်ခဲ့ပြီး ခွဲစိတ်မှု အောင်မြင်ခဲ့သည်။ ထို့အပြင် သီတင်းနှစ်ပတ်ကြာ ပြည်ပခရီးစဉ်များ သွားရောက်ပြီးနောက် ၂၀၁၆ အောက်တိုဘာ ၃ ရက် တွင် နေပြည်တော် ဇမ္ဗူသီရိအ ထူးကုဆေးရုံ၌နှစ်နာရီခန့်အကြာ ကျန်းမာရေး စစ်ဆေးမှုခံယူခဲ့ သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယခုနှစ် ဇွန်လက အသက် (၇၂)နှစ် ပြည့်ခဲ့ပြီး ၎င်း၏ မွေးနေ့ တွင် လွှတ်တော်အတွင်းရှိ သန့်ရှင်းရေးဝန်ထမ်းများအပါအ၀င် ၀န်ထမ်းများ၊ သတင်းထောက် များကို ဒါနပြု ကျွေးမွေးခဲ့သည်။