My Play ဂိမ်းအသစ်ထုတ်လုပ်

 သြစတြေးလျနိုင်ငံ အခြေစိုက် iSentric ကုမ္ပဏီထံမှ ကန်ဒေါ်လာ လေးသန်းကျော်ရင်း နှီးမြှုပ်နှံမှုရရှိထားသည့် မြန်မာ ဂိမ်းကုမ္ပဏီ My Play က Tank Rival Mission အမည်ရှိ ဂိမ်း အသစ်ကို ဈေးကွက်၌ စတင် မိတ်ဆက်ခဲ့သည်။


Tank Rival Mission ဂိမ်း သည် ပြည်ပရင်းနှီးမြှုပ်နှံမှု ရရှိ သည့်နောက်ပိုင်း My Play မှ ပထမဦးဆုံး ထွက်ရှိလာသည့် ဂိမ်းဖြစ်သည်။ ‘‘နောက်ထပ် ဆက် ထွက်လာဖို့တွေ ရှိနေပါတယ်’’ ဟု  My Play ကုမ္ပဏီ အော်ပရေး ရှင်းမန်နေဂျာ ဦးစိုင်းပြည့်ဖြိုးဟန် က ပြောသည်။

My Play ဂိမ်းကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ပြည်ပရင်းနှီးမြှုပ်နှံ မှုအများဆုံးရရှိသည့် ကုမ္ပဏီ ဖြစ်ပြီး ဂိမ်းများ ဆက်လက်ထုတ် လုပ်ဖြန့်ချိမှုကို ပြည်တွင်းရှိ Deve -loper များဖြင့်သာ ဆက်လက် လုပ်ဆောင်နေသည်။

အသစ်ထွက်ရှိလာသည့် Tank Rival Mission ဂိမ်းသည် တင့်ကားတစ်စီးကို ထိန်းချုပ်၍ ကစားရသည့် မိုဘိုင်းဂိမ်းအမျိုး အစားဖြစ်သည်။ နှစ်ဖက်ပစ်ခတ် ကစားရသည့် ဂိမ်းဖြစ်ပြီး အဖွဲ့လိုက်အနေဖြင့် ကွန်ရက်ချိတ် ဆက်ကစားနိုင်သည်။

My Play ကုမ္ပဏီသည် ၂၀၁၃ ကစတင်၍ မိုဘိုင်းဂိမ်း များ ဖန်တီးထုတ်လုပ်ခဲ့ပြီးလက်ရှိ၌ အသုံးပြုသူနှစ်သန်းကျော် ပိုင် ဆိုင်ထားသည်။ကုမ္ပဏီအနေဖြင့် Rage of Rama, Opoke Saga, Shan Koe Mee World, Show  City, Children Village, Nga Pain Thingyan စသည့် ဂိမ်းများထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပ သို့ ဖြန့်ချိခဲ့သည်။

My Play သည် မိုဘိုင်းဂိမ်း များ ရေးဆွဲသည့်အပြင် ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့က အပ်နှံသည့် 3D အန်နီမေးရှင်းအရုပ် ရေးဆွဲ ခြင်းကို လုပ်ဆောင်နေသည့် ကုမ္ပဏီဖြစ်သည်။