မြန်မာဖူဆယ်အသင်းနှင့် ထိုင်းဟိုင်းဝေးအသင်း ဘန်ကောက်တွင် ယနေ့ခြေစမ်းမည်

 မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းသည် ထိုင်းခရီးစဉ် ပထမခြေစမ်းပွဲအ ဖြစ် ထိုင်းဖူဆယ်ကလပ် ဟိုင်း ဝေးအသင်းနှင့် ယှဉ်ပြိုင်မည်ဖြစ် သည်။

မြန်မာအသင်းနှင့် ထိုင်းဖူ ဆယ်ကလပ် ဟိုင်းဝေးအသင်းတို့ ခြေစမ်းပွဲကို အောက်တိုဘာ ၃ ရက် (ယနေ့) မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် ထိုင်းနိုင်ငံ ဘန် ကောက်မြို့၌ ယှဉ်ပြိုင်မည်ဖြစ် သည်။


 ဟိုင်းဝေးဖူဆယ်အသင်း ကို ၂၀၁၂ တွင် ဖွဲ့စည်းခဲ့ပြီး ပြီး ခဲ့သည့် ၂၀၁၆ က စတင်ကာ ထိုင်းဖူဆယ်လိဂ်ပြိုင်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်နေသည်။ မြန်မာ့ လက်ရွေးစင် ဖူဆယ်အသင်းကို လက်ရှိတွင် နည်းပြချုပ်အဖြစ် ဦးဌေးမြင့်က တာဝန်ယူဆောင် ရွက်နေပြီး ပဏာမကစားသမား ၂၇ ဦးဖြင့် လေ့ကျင့်ပြင်ဆင်နေ သည်။

 အာဆီယံဖူဆယ်ချန်ပီယံ ရှစ်ပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် မြန်မာအမျိုးသား ဖူဆယ်အသင်း သည် အောက်တိုဘာ ၁ ရက်က ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီး ထိုင်းဖူဆယ်အသင်းများနှင့် ခြေ စမ်းပွဲလေးပွဲခန့် ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။

အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပ မည့် ၂၀၁၇ အာဆီယံဖူဆယ်ပြိုင် ပွဲ၌ မြန်မာအသင်းသည် အုပ်စု (က)တွင် အိမ်ရှင်ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းအသင်းတို့နှင့် ကျရောက်နေ သည်။ အုပ်စု(ခ)တွင် လက်ရှိ ချန်ပီယံ ထိုင်း၊ မလေးရှား၊ တီမော၊ လာအိုအသင်းတို့ ပါဝင် သည်။

၂၀၁၇ အာဆီယံ ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ သို့ တက်ရောက်နိုင်သည့် အသင်း လေးသင်းသည် ၂၀၁၈ အာရှ ဖူ ဆယ်ချန်ပီယံရှစ်ပြိုင်ပွဲသို့ တိုက် ရိုက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

Top News