အမ်းတွင် ဆူပူမှုဖြစ်စေရန် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲမှုများ မဟုတ်မှန်ကြောင်း ငြင်းဆို

ပြည်ခိုင်ဖြိုးပါတီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟုဆို

အမ်းမြို့နယ်တွင် ဆူပူ အုံကြွအောင် လှုံ့ဆော်ပေးသူအား ငွေကြေး ထောက်ပံ့နေသူသည် မကွေး ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး ဖြစ်ကြောင်း သတင်းများထွက် ပေါ်နေခြင်းသည် စွပ်စွဲမှုသာဖြစ် ပြီး လုံးဝမဟုတ်မှန်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာ လှမြင့်ကပြော သည်။


ရခိုင်ပြည်နယ် အမ်းမြို့နယ် တွင် ဆူပူအုံကြွမှုဖြစ်စေရန် ကြိုး ပမ်းဆောင်ရွက်ပေးသူတစ်ဦး လျှင် ကျပ်ငါးသိန်းပေးမည်ဆိုကာ လှုပ်ရှားဆောင်ရွက်နေသူသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ တာဝန်မှူးဟု သ တင်းများထွက်ပေါ်နေသည်။

‘‘အဲဒါက စွပ်စွဲတာပါ။ အဲဒီ လို စွပ်စွဲတဲ့အတိုင်း လုံးဝမဟုတ် ဘူးလို့ ပြောရပါမယ်။ မကွေး တိုင်းဝန်ကြီးချုပ်ကလည်း ဥပဒေ နဲ့အညီ ဆောင်ရွက်မယ်ဆိုတဲ့အ ခါကျရင် ဘယ်သူဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ပေါ်ထွက်လာ မှာပါ’’ဟု ဒေါက်တာနန္ဒာလှမြင့် က ပြောသည်။

ထို့အပြင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို စွပ် စွဲချက်များနှင့်ပတ်သက်ပြီး မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီက သတင်း စာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ပြီး သတင်းမီဒီယာများအား ကြိုတင် အသိပေးမည်ဟု ၎င်းက ပြော သည်။

‘‘ဒီလိုသွားပုပ်လေလွင့်က တော့ ရှိနေမှာပဲ။ ကျွန်တော်တို့က တော့ ကိုယ့်အလုပ်ကိုယ်လုပ်သွား မယ်။ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အမျိုးသားရေးလုပ်ငန်းများအ တွက် ပုံမှန်ပဲ လုပ်ဆောင်သွားမှာ ပါ’’ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

အမ်းမြို့နယ်တွင် ဆူပူမှုများ ဖြစ်ပွားစေရန် လှုံ့ဆော်ပေးပါက လူတစ်ဦးလျှင် ကျပ်ငါးသိန်းပေး မည်ဆိုကာ မကွေးတိုင်းအတွင်း စည်းရုံးခဲ့သူကို မကွေးခရိုင်တရား ရုံးသို့ ဦးတိုက်လျှောက်ထားကာ တရားစွဲထားကြောင်း မကွေး တိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောကြားသည်။

‘‘ဒီကိစ္စက ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ပြည်သူတွေက သူ့ဟာသူ အချိန်တန်ရင် သိကြမှာ ပါ။ ကျွန်တော်တို့ မလုပ်ဘူးဆို တာ သေချာတယ်။ ကျွန်တော်တို့ လုံးဝမဟုတ်တာမလုပ်ဘူး။ တစ် ဖက်သတ်စွပ်စွဲမှုသာဖြစ်တယ်လို့ ပြောကြားချင်ပါတယ်’’ဟု ဒေါက် တာနန္ဒာလှမြင့်က ပြောသည်။