နယ်စပ်မှ တရားမဝင်ကျူးကျော်ဝင်ရောက်လာသူများကို ပစ်ခတ်တားဆီးနိုင်ရေး ဥပဒေပြဋ္ဌာန်းပေးရန် NDF ပါတီတောင်းဆို

 မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတစ်ဆင့် တရားမဝင် ကျူးကျော်ဝင်ရောက်သူများကို လုံခြုံရေးအဖွဲ့အစည်းများက တရားဝင်ပစ်ခတ်တားဆီးနိုင်ရန် ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရေး အပါအဝင် ရခိုင်အရေးနှင့်ပတ် သက်သည့် အချက်ငါးချက်ကို အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (NDF)က အောက်တိုဘာ ၂ ရက်တွင် ကြေညာချက်ထုတ် တောင်းဆိုခဲ့သည်။

‘‘ကျွန်တော်တို့ နယ်ခြားမှာ က လုံခြုံရေးအဖွဲ့အစည်းတွေကို တရားဝင်ပစ်ခတ်ခွင့်ပေးထား တယ်လို့ မကြားမိဘူး။ ခိုးဝင်လာ သူတွေကို ပစ်ပိုင်ခွင့်ပေးလိုက်ရင် မတရားသတ်ဖြတ်နေသလားဆို တာတွေ ပြောနေစရာအကြောင်း မရှိတော့ပါဘူး။ ဒါကြောင့် ဥပဒေ ခိုင်ခိုင်မာမာပြဋ္ဌာန်းပေးဖို့ တောင်းဆိုတာပါ’’ဟု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

နယ်စပ်မှ တရားမဝင်ကျူး ကျော်ဝင်ရောက်လာသူများကို တားဆီးနိုင်ရေးနှင့်ပတ်သက်၍ လွှတ်တော်တွင် တင်လာပါက လုပ်ထုံးလုပ်နည်းအရ ဆွေးနွေး ဆုံးဖြတ်ရမည်ဖြစ်ပြီး မည်သို့အ ရေးယူမည်ကို သေချာစဉ်းစားရ မည်ဖြစ်ကြောင်း ပြည်သူ့လွှတ် တော်ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာဝေဖြိုးအောင်က ပြော ကြားသည်။

‘‘တကယ်လို့ ဥပဒေဆွဲမယ် ဆိုရင်လည်း ကျော်လာတာနဲ့ ပစ် ဆိုတာမျိုးထက်ကို ဘယ်လိုဆိုရင် ပိုပြီးသင့်တော်မလဲဆိုတာ ဆွေး နွေးအဖြေရှာကြရင်တော့ ပို ကောင်းမယ်ထင်တယ်’’ဟု ၎င်း က အကြံပြုသည်။

ယခင်အစိုးရက တည် ဆောက်ခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးသည် လုံ ခြုံမှုမရှိ၍ အိမ်နီးချင်းနိုင်ငံအချို့ ၏ နယ်စပ်ခြံစည်းရိုးကဲ့သို့ အခိုင် အလုံကာရံတည်ဆောက်ပေးရန် လိုအပ်ကြောင်း NDF ပါတီထုတ် ပြန်ချက်၌ ဖော်ပြထားသည်။

ထို့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၌ အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက် ပြေးသူများကို ပြန်လည်စိစစ် လက်ခံရာတွင် ၁၉၉၃ ခုနှစ် နိုင်ငံ သဘောတူညီချက်များအပြင် အ ကြမ်းဖက်မှုကျူးလွန်ခဲ့သူ ဟုတ်၊ မဟုတ် စိစစ်ရေးကို အချက်တစ် ချက်အဖြစ် ထည့်သွင်းသင့် ကြောင်း ကုလသမဂ္ဂအပါအဝင် ပြည်ပနိုင်ငံအချို့နှင့် အဖွဲ့အစည်း များက ရခိုင်ပြည်နယ်မြောက်ပိုင်း မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက် ပြေးလာသည့် ဒုက္ခသည်ဦးရေ လေးသိန်းကျော်ရှိကြောင်း ပြောဆိုထားသော်လည်း မြန်မာအစိုးရ ဘက်က ပြုစုထားသည့် စာရင်းအတိုင်းသာ   ပြန်လည်လက်ခံသင့် ကြောင်း ယင်းပါတီက တောင်း ဆိုထားသည်။