မောင်ပြောတာ ရှင်းပါလေစကွယ်

မောင်ဗညားတို့ငယ်စဉ်မှာ အဘိုးတွေ၊ အဘွားတွေက တို့တစ်တွေဟာ အင်္ဂလိပ်ခေတ်၊ဂျပန်ခေတ်၊ ဖဆပလခေတ်(ပါလီမန်ဒီမိုကရေစီခေတ်) ခေတ်ကြီးသုံးခေတ်ကို ဖြတ်သန်းလာရတဲ့အတွက် အတွေ့အကြုံတွေ များခဲ့ပြီလို့ ပြောပြလေ့ရှိပါတယ်။ အချို့လူကြီးတွေကလည်း အင်္ဂလိပ်ကို တိုက်ထုတ်တဲ့စစ်၊ ဖက်ဆစ်ဂျပန်ကို တော်လှန်တဲ့စစ်၊ ပြည်တွင်းစစ် တွေကို ကြုံခဲ့ရလို့ တို့တစ်တွေ မိ အေးသုံးခါနာခဲ့ရတယ်လို့ ဆိုကြ ပါတယ်။

 ယခုမောင်ဗညားအရွယ် ရောက်လို့ အသက်ကလေးနည်း နည်းရလာတော့ အတိတ်ကိုပြန် တွေးမိတဲ့အခါ ကိုယ်ကိုယ်တိုင် ခေတ်ကြီးသုံးခေတ်ကို ဖြတ်သန်း ခဲ့ရပုံကို ပြန်မြင်ရပါတယ်။ လမ်း စဉ်ပါတီခေတ်၊ စစ်အစိုးရခေတ်နဲ့ ယခုပါတီစုံဒီမိုကရေစီခေတ်ဆိုပါ တော့။ လူ့ဘ၀မှာ နှစ်ပေါင်း ၅၀ လောက်ဖြတ်သန်းပြီးရင် အတွေ့ အကြုံများစွာနဲ့ ရင့်ကျက်သွားကြ တာ မှန်ပေမယ့် ရှေးလူကြီးတွေ လို မိအေးသုံးခါနာတဲ့အဖြစ်မျိုးကို တော့ မကြုံချင်ပါဘူး။

အတိတ်ကို ပြန်တွေးရင်း ဒီ ရက်ထဲမှာ သတိရမိတဲ့အချက်သုံး ချက်ရှိပါတယ်။ တစ်ခုနဲ့တစ်ခု ဆက်စပ်မှုရှိချင်မှရှိပေမယ့် ဖတ် လို့ကောင်းမယ်လို့တော့ ထင်ပါ တယ်။

 ပထမ အချက်ကတော့ ၁၉၈၀ ပြည့်နှစ်တစ်ဝိုက်ကဖြစ်ပါ တယ်။ မောင်ဗညားရဲ့ဖခင်ကြီး ဟာ အဲဒီခေတ်လမ်းစဉ်ပါတီရဲ့ မြို့နယ်ပါတီယူနစ်ကော်မတီဝင် တစ်ဦးဖြစ်ပါတယ်။ သူဟာ ပါတီ လူကြီးတွေရဲ့ အိတ်ကိုလိုက်ဆွဲရင်း အဲဒီနေရာရောက်သွားသူတော့ မဟုတ်ပါဘူး။ အမှန်တကယ်သူ့ အလုပ်က ဆည်မြောင်းအင်ဂျင်နီ ယာပါ။ ရုံးကအလုပ်သမားအ စည်းအရုံး(ယခုခေတ်အခေါ် အ လုပ်သမားသမဂ္ဂ)မှာ ၀င်လုပ်ရင်း လူကြီးတွေက မျက်စိကျကာ ဗဟို နိုင်ငံရေးတက္ကသိုလ်တက်ခိုင်းပြီး ပါတီလူကြီးဖြစ်သွားတာပါ။

လမ်းစဉ်ပါတီရဲ့လုပ်ငန်းစဉ် က ပါတီရဲ့ဦးဆောင်မှုနဲ့ကောင်စီ ကလုပ်ငန်းဖော်ဆောင်ရတာဖြစ် ပါတယ်။ ပြန်တွေးကြည့်ရင်မောင် ဗညားရဲ့ဖခင်ကြီးဟာသနားဖို့ ကောင်းပါတယ်။ စက်ဘီးတစ်စီး နဲ့ ကျေးရွာအနှံ့ကို စည်းရုံးရေး ထွက်ရပါတယ်။ ညဥ့်အိပ်ညဥ့်နေ ခရီးတွေလည်း မကြာခဏ ထွက် ရပါတယ်။ ကျောင်းဆရာမမောင် ဗညားမိခင်ကြီးက မိသားစုတာ ၀န်ကို တစ်ဦးတည်းတာဝန်ယူရ တဲ့ရက်တွေ၊ လတွေကအများ သားပါ။ ဘာအခွင့်အရေးရလဲ ဆို ရင် ဘာမှမရပါဘူး။

ပါတီက လူထုထောက်ခံမှု ရအောင်စည်းရုံးပြီး လူထုလိုအပ် ချက်တွေကို ကောင်စီကိုချပြကာ ကောင်စီကသာ ဖော်ဆောင်ရ တာဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့် အာဏာဟာ ကောင်စီမှာသာရှိပါ တယ်။ အဲဒီခေတ်မြို့နယ်ကောင် စီဥက္ကဋ္ဌတွေကလည်း ဗိုလ်ကြီး တွေသာဖြစ်ပါတယ်။ ပါတီလူကြီး တွေကတော့ အရပ်သားတွေပါ။ ကောင်စီလူကြီးတွေ ကားတစ်ဝီ၀ီ စီးနေချိန်မှာ မောင်ဗညားဖခင်ကြီး ဟာ စက်ဘီးလေးချောက်ချက် ချောက်ချက်နဲ့ လူထုကြားစည်းရုံး ရေးဆင်းရလို့ပေါ့။ အဲဒီခေတ်မူဝါ ဒရေးရာတွေကို သတင်းစာမှာ ဖော်ပြတဲ့အခါ ပါတီ၏ဦးဆောင်မှု အရလို့ပါပေမယ့် ကောင်စီက သူ လုပ်ချင်ရာလုပ်နေတဲ့အခါမှာ ပါ တီက ဘယ်နေရာဦးဆောင်သလဲ ဆိုတာ တွေးမရအောင်ရှိခဲ့ပါ တယ်။ ဒါဟာ မောင်ဗညားပြန် တွေးမိတဲ့ ပထမအချက်ပါ။

ဒုတိယအချက်ကတော့ သ တင်းစာဆရာကြီးဦးဝင်းတင် မ ကွယ်လွန်မီမှာ သူ့အိမ်ရောက်ခဲ့ ဖူးတဲ့အဖြစ်ပါ။ မောင်ဗညားဇာတိ မြို့က မိတ်ဆွေတွေက ဆရာကြီး ဦးဝင်းတင်ကို သူတို့မြို့စာပေ ဟောပြောပွဲမှာ ပြောဖို့လာဖိတ် ကြပါတယ်။ ဆရာကြီးက စာပေ ဟောပြောပွဲလိုက်လေ့မရှိကြောင်း သိထားပေမယ့် သူတို့က ဆရာ ကြီးဟောပြောမှုကို နားထောင်လို ကြတော့ မလိုက်လည်း အရှုံးမရှိ ပါဘူး။ ဆရာ့ကို ဂါရ၀ပြုခွင့်ရတာ ပေါ့ဆိုပြီး သူ့အိမ်ကို သွားကြပါ တယ်။

မျက်နှာစာမှာ သံဆန်ခါတွေ တပ်ထားတဲ့ သစ်သားအိမ်လေး ထဲမှာ ဆရာကြီးက တီဗီထိုင် ကြည့်နေပါတယ်။ မျက်စိက မကောင်းတော့ တီဗီနဲ့နှစ်ပေအ ကွာလောက်ကပ်ကြည့်နေရပါ တယ်။ အိမ်ရောက်ပြီး ဆရာကြီး နဲ့မိတ်ဆက်ကာ စာပေဟောပြော ပွဲဖိတ်အကြောင်း ပြောပြတော့ သူ့ ကျန်းမာရေးနဲ့ မှတ်ဉာဏ်တွေ သိပ်မကောင်းတော့လို့ မလိုက်လို ကြောင်း ပြောပါတယ်။ (နောက် ပိုင်းမှာ ၁၅ မိနစ်စာဟောပြော ချက်ဗီဒီယိုဖိုင်ပေးပါတယ်)။

အဲဒီအချိန်က ဆရာကြီးက အင်န်အယ်လ်ဒီမှာ နာယကတာ ၀န်ယူထားပါတယ်။ နိုင်ငံရေးအ ကြောင်းရောက်သွားပြီး အင်န် အယ်လ်ဒီရဲ့ ဖြတ်သန်းခဲ့ရတဲ့ဖြစ် စဉ်တွေကို ရက်စွဲ၊ ခုနစ်၊လ အတိ အကျတွေနဲ့ ပြောပြနေတော့ မှတ် ဉာဏ်တွေသိပ်မကောင်းတော့လို့ ဆိုတဲ့ သူပြောတဲ့စကားကိုတောင် သံသယဖြစ်မိပါတယ်။ နောက်မှ တွေးမိတာက ဆရာကြီးဟာ အင်န်အယ်လ်ဒီအပေါ်အတော် သံယောဇဉ်ကြီးသူပါလားလို့ ဆင် ခြင်မိတာဖြစ်ပါတယ်။ အင်န် အယ်လ်ဒီအကြောင်းပြောဆိုအ ပြီးမှာတော့ ဆရာကြီးဟာအဝေး ကို ငေးကာ ‘မင်းတို့အန်တီက လည်း တစ်ခါတစ်ခါအခက်သား ကွာ’လို့ ပြောပါတယ်။ မောင်ဗ ညားတို့တွေက ငြိမ်နေကြတော့ ‘မင်းတို့တွေ အင်န်အယ်လ်ဒီ မဟုတ်ဘူးလား’ လို့ မေးပါတယ်။ ‘မဟုတ်ပါဘူး’ လို့ သံပြိုင်ဖြေကြ တော့ ‘မသိပါဘူးကွာ အင်န် အယ်လ်ဒီက မှတ်လို့ပြောနေတာ’ လို့ သူကပြောပါတယ်။ ဒါဟာ ဆရာကြီးနဲ့ တွေ့ဆုံခြင်းပြန်လည် သတိရချက်ဖြစ်ပါတယ်။

နောက်ဆုံးအချက်သတိရမိ တာကတော့ နိုင်ငံရေးနဲ့မဆက် နွှယ်ပါဘူး။ မြန်မာသံသီချင်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ်။ ဆရာ မောင်သာချိုက စာပေဟောပြော ပွဲတွေမှာ သူတွံတေးသိန်းတန်သီ ချင်းကြိုက်ကြောင်း၊ မန်မိုရီစတစ် တစ်ခုနဲ့အပြည့်သွင်းပြီး နား ထောင်ကြောင်း ပြောလေ့ရှိပါ တယ်။ မောင်ဗညားကတော့ သူ့ လောက်မကြိုက်ပေမယ့် အခုရက် ထဲသီချင်းတစ်ပုဒ်ကို အခါခါပြန် နားထောင်ဖြစ်နေပါတယ်။ သီ ချင်းနာမည်က ‘အချစ်တစ်ပွဲ စစ် ပွဲတစ်ရာ’ ဖြစ်ပါတယ်။ တေးရေး က သောင်းတင်ဌေးပါ။ အချို့ လည်း နားထောင်ဖူးကြပါလိမ့် မယ်။

မောင်ဗညားအခါခါ ပြန် နားထောင်မိတာက သီချင်းစာ သားတစ်ပိုဒ်ဖြစ်ပါတယ်။ ‘ပုံပြင် သဘော... ရှေးသရောကို ပြောရ ရင်...ဖြူလွလွဆင်စွယ်ကိုကွယ် ... ပန်းပုဆရာတစ်ယောက်ရယ် က..ဩော် လက်ရာမြောက်စွာနဲ့ ရယ် .... ဘီလူးငယ်ရုပ်ကလေး .... ချက်ချင်းအသက်သွင်းလို့ ရယ်....စိန်မြရံခြယ်... ရွှေကြုတ် အတွင်းမှာထည့်ကာထား....အ လှကြည့်မယ်စိတ်ကူးများနဲ့ရယ် ....ဇာတိနွယ်မပျောက်သမျှတော့ .... ကြောက်စရာ့ဒီဘီလူးရယ်... အချိန်တန်တော့လည်း.... အရေး ထားဆို...အသွေးအသားကို ပူ ဆာတတ်လာတယ်....မောင် ပြောတာရှင်းပါလေစကွယ်....’ လို့ ဖြစ်ပါတယ်။

ဆောင်းပါးအစက ပြောခဲ့သ လိုပဲ မောင်ဗညားရဲ့ အတွေးတွေ က တစ်ခုနဲ့တစ်ခု အဆက်အ စပ်မရှိတဲ့ ဗယောက်ဗယက်အ တွေးတွေဖြစ်ပါတယ်။ ယခုရက် တွေထဲ တိုင်းပြည်အရေးတွေးမိ တိုင်း စိတ်လက်မကြည်သာဖြစ် ကြရလေတော့ မောင်ဗညားရဲ့ အရေးကို ဒီလောက်အထိစိတ် ရှည်ရှည်ဖတ်ပေးတာပဲ ကျေးဇူး အထူးတင်ရပါတယ်။  ရှေးလူကြီး တွေလို မောင်ဗညားတို့ မိအေး သုံးခါမနာချင်တာတော့ အမှန်ပါ ဗျာ....။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)