ရုပ်ရှင် အကြိုခံစားခြင်း

RENEGADES

ဒီနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာတော့ မကြာမီ ရုံတင်တော့မယ့် ပြင်သစ် -ဂျာမန်စစ်အက်ရှင်ဇာတ်ကား လေး ပရိသတ်တွေအတွက် ဖော် ပြပေးလိုက်ပါတယ်။

 ဇာတ်အိမ်ကတော့ မှတ် တမ်းတင်လောက်တဲ့ ရှာဖွေမှုကြီး တစ်ခု ပြုလုပ်ခဲ့တဲ့ ရေတပ်အထူး တပ်ဖွဲ့အကြောင်းကို တင်ဆက် ထားတာပါ။

ဇာတ်လမ်းကို ၁၉၉၅ ဆာ ရာရေဗိုမြို့ မြင်ကွင်းနဲ့ အစပြု ထားပြီး ဒေသခံတွေကို ကူညီပေး နေတဲ့ ရေတပ်အထူးတပ်ဖွဲ့ဟာ ဘော့စနီးယန်းရေအိုင် အောက် ခြေမှာ တိမ်မြုပ်ပျောက်ကွယ်နေ တဲ့ ရွှေချောင်းတွေနဲ့ပတ်သက်ပြီး ရှာဖွေဖို့ ဖြစ်လာခဲ့ပါတယ်။

ရွှေချောင်းတွေဟာ ဒုတိယ ကမ္ဘာစစ်ကာလတုန်းက ပြင်သစ် တွေဆီကနေ နာဇီတွေ ခိုးယူခဲ့ တာဖြစ်ပြီး ရွှေတွေသယ်သွားတဲ့ လမ်းမှာ တိုက်ခိုက်ခံရပြီးနောက် ရေအောက်မှာ နစ်မြုပ်ပျောက် ကွယ်နေတာ ဖြစ်ပါတယ်။

ရေတပ် အထူးတပ်ဖွဲ့ဝင် တွေဟာ ဒေါ်လာသန်း ၃၀၀ တန် ဖိုးရှိတဲ့ ရေအောက်က ရွှေချောင်း တွေကို ပိုင်ရှင်လက်ထဲ ပြန်အပ် နိုင်ဖို့အတွက် ရှာဖွေရေးလုပ်ငန်း စဉ်တွေ လုပ်ဆောင်နေစဉ် ရန်သူ တွေက ခြေရာခံမိခဲ့ပါတယ်။

ရွှေချောင်းတွေသယ်ဖို့ ရတဲ့ အချိန် ၁၀ နာရီအတွင်းမှာ စစ် ဆင်ရေးပြီးမြောက်နိုင်ဖို့ အခက် အခဲတွေကြားကနေ နည်းမျိုးစုံနဲ့ ကြိုးပမ်းရပါတော့တယ်။

စိတ်ဝင်စားစရာ ဒီစစ်အက် ရှင်ဇာတ်ကားကို Final Desti-nation 5 နဲ့ Into The Storm ဇာတ်ကားတွေ ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ စတီဗင်ကွေးလ်က ရိုက်ကူးပုံဖော်ထားပြီး ဆူလဗင်စတေပယ်တန်၊ ဂျေကေဆင်မွန်၊ ချာလီဘျူလေ၊ ဒိုင်ယာမိတ်မာတတ် စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။

ရေတပ်အထူးတပ်ဖွဲ့ဝင်တွေရဲ့ ရွှေချောင်းရှာပုံတော်စစ်ဆင်ရေးမှာ ဘာတွေနဲ့ကြုံဆုံပြီး ဘယ်လိုဇာတ်သိမ်းမယ်ဆိုတာတော့... ။