လူငယ်လိဂ်တွင် ပြိုင်ခွင့်ရပါက ကစားသမားများ အခွင့်အရေးကောင်းဖြစ်မည်ဟု ယူ-၁၆ နည်းပြပြောကြား

မြန်မာလိဂ် လူငယ်ပြိုင်ပွဲတွင် မြန်မာယူ-၁၆ အသင်းယှဉ်ပြိုင် ခွင့်ရပါက ကစားသမားများအ တွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်လာနိုင်သည်ဟု နည်းပြချုပ်ဦး ညီညီလတ်က ပြောသည်။


မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်က ကြီးမှူး၍လက်ရှိတွင် အ သက်(၁၈)၊ (၁၉)၊ (၂၀)၊ (၂၁) နှစ်အောက်လူငယ်လိဂ်ပြိုင်ပွဲများ ကျင်းပနေသည်။ မန္တလေးအကယ် ဒမီ ကစားသမားများဖြင့် ဖွဲ့စည်း ထားသည့် မြန်မာယူ-၁၆ အသင်း သည်ပြီးခဲ့သည့် အာရှယူ-၁၆ ခြေစစ်ပွဲအပြီးတွင် အသင်းပြန် လည် ဖွဲ့စည်းခြင်းမရှိသေးဘဲ လေ့ကျင့်မှုများရပ်နားထားသည်။

လာမည့် ၂၀၁၈ လူငယ်လိဂ် တွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရန် လက်ရှိလိဂ်ပြိုင်ပွဲဝင် အသင်း အားလုံး၏ သဘောတူညီမှုလည်း လိုအပ်ကြောင်း မြန်မာယူ-၁၆ အသင်းနည်းပြချုပ်က ပြောသည်။

‘‘လိဂ်မှာ ၀င်ကစားတာဆို တာက အသက်အပိုင်းအခြားအရ ရော၊ လိဂ်ရဲ့စည်းမျဉ်းတွေနဲ့ရော ကိုက်ညီမှလည်း ကစားခွင့်ရတာ ပါ။ ကျွန်တော်တို့အသင်းက ဘောလုံးအဖွဲ့ချုပ်အောက်က သွားတာဆိုတော့ အဖွဲ့ချုပ်က ခွင့် ပြုဖို့လည်း လိုပါတယ်။ ကလေး တွေက အကယ်ဒမီကဆိုတော့ ဘောလုံးကို အမြဲတမ်းလေ့ကျင့် ခွင့်ရပေမယ့် ပြိုင်ပွဲနဲ့တော့ မတူပါ ဘူး။ ပြိုင်ပွဲကစားခွင့်ရခဲ့မယ်ဆို ရင်တော့ ကစားသမားတွေအ တွက် အတွေ့အကြုံကောင်းတွေ ရနိုင်တဲ့အခွင့်အရေးကောင်းတစ် ခုပါပဲ’’ ဟု ဦးညီညီလတ်က ပြော သည်။

ပြီးခဲ့သည့် ၂၀၁၇ ဘောလုံး ရာသီ မြန်မာလိဂ်-၂ နှင့်(၂၀) နှစ်အောက် လူငယ်လိဂ်ပြိုင်ပွဲ တို့၌ မြန်မာ့လက်ရွေးစင်ယူ-၁၈ အသင်းက ဖီးနစ်ကလပ်အမည် ဖြင့် အသင်းနှစ်သင်းခွဲ၍ ၀င် ရောက်ယှဉ်ပြိုင်ခဲ့သည်။

Top News