မြန်မာအလှမယ်တွေ နိုင်ငံတကာစင်မြင့်မှာ ကြုံကောင်းကြုံရနိုင်မယ့်ဖိအားတစ်ခု

ဓာတ်ပုံ- နစ်ကီ

ကမ္ဘာ့နိုင်ငံ ၈၀ ကျော်ပါဝင်ယှဉ် ပြိုင်မည့် Miss Grand Interna-tional ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ် စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်မည့် အလှမယ် ရွှေအိမ်စည်သည် ယခု ရက်ပိုင်းတွင် နိုင်ငံတကာဆိုရှယ် မီဒီယာသုံးစွဲသူများနှင့် ပြည်တွင်း ပရိသတ်များကြား ပိုမိုသတိပြုမှု ကို ရရှိခဲ့သည်။


အကြောင်းသည် ရခိုင်အရေးကိစ္စများဖြစ်ပွားပြီး  ကမ္ဘာ့နိုင်ငံ အချို့က မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားမှုများ ရှိခဲ့သော ကြောင့် ရွှေအိမ်စည်က မြန်မာနိုင်ငံတွင် အမှန်တကယ် ကြုံတွေ့နေရသည့် အကြောင်းအရာများဟုဆိုကာ ဓာတ်ပုံအချက်အလက်များ တင်၍ အင်္ဂလိပ်ဘာသာစကားဖြင့် ပြောကြားထားသော သုံးမိနစ်ခွဲ ကျော်ကြာ ဗီဒီယိုဖိုင်တစ်ခုကို စက် တင်ဘာ ၂၄ ရက်က ၎င်း၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာ၌ တင်ခဲ့ခြင်း ကြောင့်ဖြစ်သည်။ အဆိုပါ ဗီဒီယို ဖိုင်ကြောင့် ရွှေအိမ်စည်ကို ဝေဖန် သူများပြားသလို အားပေးသူ လည်း များပြားခဲ့သည်။

‘‘ကိုယ့်ဘက်က တတ်နိုင် သလောက် လုပ်တယ်။ တော်တော်လေးထိရောက်သွားလို့ ပျော် တယ်။ နိုင်ငံခြားမှာ ရောက်နေတဲ့ မြန်မာတစ်ယောက်က သူ့သူငယ် ချင်းတွေမေးလာတဲ့အချိန်မှာ မဟုတ်ပါဘူး။ မြန်မာတွေက သတ်နေတာမဟုတ်ဘူး။ မြန်မာတွေ ဘက်ကလည်း သူ့အခြေအနေ လေးတွေရှိတယ်။ အဲဒါမျိုးပြန်ပြ လို့ရသွားတာပေါ့။ အဲဒါနဲ့တင် ကျေနပ်ပါတယ်’’ဟု ရွှေအိမ်စည် က ၎င်း၏ ရပ်တည်ချက်အပေါ် ဂုဏ်ယူစွာပြောသည်။

ရွှေအိမ်စည်ကို အဓိကဝေ ဖန်ခဲ့ကြသည်မှာ နိုင်ငံတကာအလှ မယ်အသိုင်းအဝိုင်းကဖြစ်ပြီး ငြိမ်း ချမ်းရေးကို ဦးတည်လုပ်ဆောင်ရ သည့် အလှမယ်တစ်ဦးအနေဖြင့် နိုင်ငံရေးနှင့်သက်ဆိုင်သည့် စကားများမပြောသင့်ဟု မှတ်ချက်ပြုကြ ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ပြိုင်ပွဲလာရောက် မယှဉ်ပြိုင်ရန်အထိ ဖိအားပေးမှု များ ကြုံခဲ့ပြီး လာရောက်ယှဉ်ပြိုင် ပါကလည်း အားမပေးကြောင်း ပြောဆိုမှုများ ကြုံတွေ့ခဲ့ရကြောင်း ၎င်းရင်ဆိုင်ခဲ့ရသည့်အကြောင်းအ ရာများကို ရှင်းပြသည်။

‘‘ညီမအနေနဲ့ ဆုကိုလည်း မှန်းထားပါတယ်။ အဲဒီထက်မက ပိုပြီးအရေးကြီးတာက ကိုယ့်နိုင်ငံ ကို ဂုဏ်မဆောင်ဘဲတော့ ပြန် မလာနိုင်ဘူး။ ကိုယ့်နိုင်ငံမကောင်း ကြောင်းပြောပြီး လူကြိုက်များ တော့ကော ဘာလုပ်မှာလဲ။ နောက်ဆုံး ပြန်စဉ်းစားကြည့်ရင် ကိုယ်က မြန်မာနိုင်ငံကိုယ်စားပြုလေ။ မြန်မာနိုင်ငံအကြောင်း လူတွေသိ သွားအောင်ပြောရမယ့် တာဝန်ရှိ တယ်’’ဟု ပြိုင်ပွဲနှင့်ပတ်သက်၍ ၎င်း၏ ခံယူချက်ကို ပြောသည်။
ထို့ကြောင့် ရခိုင်အရေးကိစ္စ သည် ယခုနှစ် နိုင်ငံတကာအလှ မယ်ပြိုင်ပွဲများသို့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် အလှမယ်များရင်ဆိုင်ရနိုင်သည့် ကိစ္စတစ်ခုဖြစ်လာနိုင်သည်။

နိုင်ငံတကာအလှမယ်ပြိုင်ပွဲ များတွင် ဩဇာအကြီးမားဆုံးပြိုင် ပွဲဖြစ်သည့် မယ်စကြဝဠာပြိုင်ပွဲ၏ စင်မြင့်ပေါ်၌ ပြီးခဲ့သည့်နှစ်က မြန်မာကိုယ်စားပြုအလှမယ်သည်  အမျိုးသားဝတ်စုံဆုရရှိခဲ့ပြီး လာ ရောက်ကြည့်ရှုအားပေးသည့် ပရိ သတ်များ၏ လက်ခုပ်သံများစွာ ရရှိကာ အောင်ပွဲခံခဲ့သည်။

သို့သော် ယခုနှစ်တွင် မြန်မာ နိုင်ငံအနောက်ဘက်  ရခိုင်အရေး ကိစ္စနှင့်ပတ်သက်၍  နိုင်ငံ တကာစင်မြင့်တွင် မြန်မာအလှ မယ်များ မည်သို့သော ဖိအားပေး မှုနှင့် ကြုံနိုင်မည်ကိုမူ မခန့်မှန်းနိုင် သေးပေ။ 

‘‘တချို့ ပြင်းထန်တဲ့နိုင်ငံတွေ မှာဆိုရင် မယ်ထွက်လာရင် အဆဲ ခံရမလားမသိဘူး။ အမေရိကမှာ တော့ (ဒါမျိုး)လုပ်မယ်မထင်ဘူး’’ ဟု အမေရိကန်နိုင်ငံတွင် အခြေချ နေထိုင်သည့် မြန်မာအမျိုးသမီး စာရေးဆရာတစ်ဦးက ပြောသည်။

သို့သော်လည်း ယင်းကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့လာပါ က ကိုယ့်ကိုယ်ကိုယ် အကောင်း ဆုံး ပြင်ဆင်ထားသင့်ကြောင်း ပြိုင်ပွဲစင်မြင့်တွင် ချော်လဲခဲ့သော် လည်း အခြေအနေမပျက် ယှဉ် ပြိုင်ခဲ့သည့် မေဘရဏီသော်၏ အဖြစ်အပျက်ကို ဥပမာပေး၍ မယ်စကြဝဠာပြိုင်ပွဲသို့ ၂၀၁၃ တွင် သွားရောက်ယှဉ်ပြိုင်ခဲ့သည့် အလှမယ် မိုးစက်ဝိုင်က အကြံပြု သည်။

‘‘Public Figure တစ် ယောက် ဖြစ်တယ်ဆိုရင်တော့ အခြေအနေအချိန်အခါတိုင်းမှာ Ready ဖြစ်ရမှာပေါ့။ ကိုယ့်ကိုယ် ကိုယ် Present လုပ်သွားနိုင်တဲ့ ဟာမျိုးပေါ့’’ဟု မိုးစက်ဝိုင်က ပြောသည်။

မယ်စကြဝဠာ  ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင်မည့် ဇွန်သံ စဉ်ကလည်း ရခိုင်အရေးနှင့်ပတ် သက်၍ အမှန်တရားဘက်မှ ရပ် တည်ရန် ပြင်ဆင်ထားကြောင်း ဆိုသည်။

‘‘ညီမတို့နိုင်ငံမှရယ်မဟုတ် ပါဘူး။ အရင်တုန်းကလည်း တခြားနိုင်ငံတွေမှာ ဒီလိုအဖြစ် ဆိုးတွေ ကြုံခဲ့ဖူးတယ်။ နိုင်ငံတိုင်း မှာ ကောင်းတာရှိသလို ဆိုးတာ တွေလည်း ကြုံခဲ့ဖူးတော့ ညီမတို့ အတွက် Effect အရမ်းသက် ရောက်မှုတော့ မရှိပါဘူး’’ဟု ယင်း ကိစ္စအပေါ် ၎င်း၏အမြင်ကိုပြော သည်။

ဇွန်သံစဉ်က မယ်စကြဝဠာ ပြိုင်ပွဲကို အမေရိကန်နိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး လတ်တလော၌ ပြိုင်ပွဲအတွက် လိုအပ်သော ပြင်ဆင်မှုများ ပြု လုပ်နေသည်ဟု ၎င်းကဆိုသည်။

‘‘အဓိကကတော့ တကယ် ဖြစ်နေတာကို မှန်မှန်ကန်ကန်နဲ့ ဘယ်ဘက်ကိုမှ ဘက်မလိုက်ဘဲ တင်ပြနိုင်ဖို့ပဲ ပြောထားတယ်’’ဟု မယ်စကြဝဠာ မြန်မာ၏ National Director ဒေါ်စိုးယုဝေက ပြိုင်ပွဲဝင် များအပေါ် ညွှန်ကြားထားမှုနှင့် ပတ်သက်၍ ပြောသည်။

အလှမယ်ပြိုင်ပွဲနှင့်ပတ် သက်သည့် ပြင်ဆင်မှုများကို အိမ် နီးချင်းနိုင်ငံများအထိ စေလွှတ်၍ လေ့ကျင့်ပေးဖြစ်သော်လည်း ရခိုင်ကိစ္စနှင့်ပတ်သက်၍ ပြင်ဆင် မှု မလုပ်ပေးဖြစ်ကြောင်း မယ် ကမ္ဘာ မြန်မာ၏ National Director ကိုစိုးသူရက ပြောသည်။

‘‘ကျွန်တော်တို့ကတော့ နိုင်ငံ့ ခေါင်းဆောင်တွေနဲ့ နိုင်ငံတော် အစိုးရရဲ့ ရပ်တည်ချက်အတိုင်း သွားမှာဖြစ်တဲ့အတွက် သူက လည်း အဲဒီအတိုင်း ဖြေမှာပဲ။ နိုင်ငံက Official ထုတ်တဲ့သတင်း တွေအတိုင်းပဲပြောဖို့ သူ့ကိုပြော ထားပါတယ်’’ဟု နိုင်ငံ ကိုယ်စား ပြုအလှမယ်ကို ရခိုင်အရေးနှင့် ပတ် သက်၍ မှာကြားထား ကြောင်း ၎င်းကဆိုသည်။ မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် မယ်ကမ္ဘာ ပြိုင်ပွဲသို့ ယခုနှစ်တွင် စတုတ္ထ အကြိမ် သွားရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး သွားရောက်ယှဉ်ပြိုင်မည့် အလှမယ် အိကျော့ခိုင်ကလည်း ရခိုင်အရေးနှင့်ပတ်သက်၍ မေးမြန်းမှုများ ရှိလာပါက တရားမျှတမှုရှိရှိဖြင့် ဖြေဆိုမည်ဟုဆိုသည်။

‘‘စိုးရိမ်စိတ်တော့မရှိပါဘူး။ ညီမ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါတယ်။ ဒီဟာကိုလည်း အတတ်နိုင်ဆုံး ဖြေနိုင်မယ်။ သူတို့ ဘက်က မှားနေတာကိုလည်း ယုံ ကြည်မှုရှိရှိနှင့် ဖြေနိုင်မယ်လို့ထင် ပါတယ်’’ဟု နိုင်ငံတေစ်ရာကျော် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲနှင့် ပတ် သက်၍ ပြောသည်။

ထို့ပြင် မယ်ကမ္ဘာပြိုင်ပွဲသည် ပရိသတ်များ၏ အားပေးမှုအပေါ် မူတည်နေသည့် ပြိုင်ပွဲတစ်ခုဖြစ် သောကြောင့် ပရိသတ်များအနေ ဖြင့် Voting များပေးရန်လည်း ၎င်း က မေတ္တာရပ်ခံသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကို အဓိကရည်ရွယ်သည့် မယ်မြေ ကမ္ဘာပြိုင်ပွဲကိုလည်း မြန်မာနိုင်ငံ မှ အလှမယ် တင်စန္ဒာမျိုးက ဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ တင်စန္ဒာမျိုးက ရခိုင်အရေးနှင့် ပတ်သက်၍ မေးမြန်းမှုများကြုံ လာပါက မြန်မာဘက်ကသာ ရပ်တည်ပြောကြားမည်ဟု  ဆို သည်။

‘‘ညီမကို လာတိုက်ခိုက်မယ် ဆိုရင်လည်း ညီမကတော့ အမှန် တရားအတွက်ပဲ ရပ်တည်သွား မယ်။ ကိုယ့်နိုင်ငံအတွက်ပဲ ရပ် တည်သွားမယ်ဆိုတာတော့ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်’’ဟု ၎င်း၏ ခံယူချက်ကို ပြောသည်။

ပြည်တွင်းမီဒီယာများထက် ပြည်ပမီဒီယာများက ပို၍ အား ကောင်းနေသောကြောင့် အမှန် တရားကို ရှင်းပြနိုင်ရန် အလှ မယ်များအနေဖြင့် ရခိုင်အရေး ကိစ္စနှင့်ပတ်သက်၍ ပြင်ဆင်ထားသင့်ကြောင်း Miss International ပြိုင်ပွဲနှင့် မယ်စကြဠာပြိုင်ပွဲများ သို့ နိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ဖူးသည့် မေဘရဏီသော်က အကြံပြုသည်။

‘‘ရခိုင်ကိစ္စကို အဓိကပြော စေချင်တယ်။ ပြည်ပမီဒီယာတွေ ရဲ့ ထင်မြင်မှုတွေက ၇၀ ရာခိုင် နှုန်းလောက် မှားနေတယ်။ ပြည် တွင်းမီဒီယာတွေကလည်း ကြိုး စားပြီး အမှန်တရားကို ထုတ်ဖော် ပြပေမယ့် မတိုးနိုင်ဘူး။ အလှမယ် တစ်ယောက်အနေနဲ့ နိုင်ငံကိုယ် စားပြုဖြစ်တဲ့အတွက် နိုင်ငံတကာ ကို ရောက်တဲ့အချိန်မှာ နိုင်ငံ တကာကသိအောင် ပိုပြီးပြောစေ ချင်တယ်’’ဟု ယင်းကိစ္စနှင့်ပတ် သက်၍ ၎င်း၏အမြင်ကိုပြော သည်။

ထို့အပြင် အလှမယ်များ အနေဖြင့် မိမိနိုင်ငံမဟုတ်သည့် အခြားနိုင်ငံတစ်ခုသို့    သွား ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သော ကြောင့် လုံခြုံရေးကိုလည်း အထူး ဂရုစိုက်သင့်သည်ဟု ထင်ကြောင်း တင်စန္ဒာမျိုးက ပြောသည်။

‘‘သူများနိုင်ငံရောက်သွားတဲ့ အချိန်မှာ ကိုယ့်နိုင်ငံလိုတော့ မဟုတ်ဘူး။ Security ပိုင်းရော စိတ်ပူတာတွေရှိပေမယ့် ညီမကိုး ကွယ်နေတဲ့ ဘုရားလည်းရှိတာ ဆိုတော့ ဘုရားနဲ့အတူ လုပ် ဆောင်သွားမယ့် ခရီးစဉ်မှာ အဆင်ပြေသွားမယ်။ ကိုယ်က ကောင်းဖို့အတွက်ပဲ ရည်ညွှန်းတာ ဆိုတော့ ကောင်းတာတွေပဲ ဖြစ် လာမယ်လို့ မျှော်လင့်ထားပါ တယ်’’ဟု ၎င်းကပြောသည်။

(ယခုဆောင်းပါးရေးသားနေ သည့် အောက်တိုဘာ ၁ ရက်တွင် အလှမယ် ရွှေအိမ်စည်ကို Miss Grand International ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြုအနေဖြင့် စေ လွှတ်တော့မည်မဟုတ်ကြောင်း ကြေညာချက်ကို မယ်စကြဝဠာ မြန်မာအဖွဲ့အစည်းက အောက်တို ဘာ ၁ ရက်တွင် ထုတ်ပြန်သည်။ 

ထို့အပြင်    ရွှေအိမ်စည်၏ နေရာ၌ မယ်စကြဝဠာ မြန်မာ ၂၀၁၃ ပြိုင်ပွဲတွင် 1st Runner Up ဆုရရှိခဲ့သည့် အလှမယ် အေးချမ်းမိုးကိုစေလွှတ်ရန် ယင်း ပြိုင်ပွဲ၏ National Director ဒေါ်စိုးယုဝေက ရွေးချယ်ခဲ့သည်။)


ကမ္ဘာပေါ်တွင် အကြီးဆုံးအလှမယ်ပြိုင်ပွဲတစ်ခုဖြစ်သော Miss Universe ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် မြန်မာကိုယ်စားပြုအလှမယ်တစ်ဦးကို စက်တင်ဘာ ၃၀ ရက်က ရွေးချယ်နေစဉ်
ဓာတ်ပုံ−နစ်ကီ