မန္တလေးနှင့် အူဆန်ကိုညီအစ်မမြို့တော်အဖြစ် MoU ရေးထိုး

သမိုင်းဝင် မန္တလေး နန်းတော်မြို့ရိုးနှင့်အတူ တွေ့ရသော ဖွံ့ဖြိုးတိုးတက်နေသည့် မန္တလေးရှိ အဆောက်အအုံများ ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)

တောင်ကိုရီးယားနိုင်ငံ စက်မှုမြို့ တော် အူဆန် (Ulsan)နှင့် မန္တလေး မြို့တို့အကြား ညီအစ်မမြို့တော် (Sister City)အဖြစ် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန် စက်တင်ဘာတတိယပတ်က နှစ်နိုင်ငံမြို့တော်ဝန်များ တွေ့ဆုံကာ လက်မှတ်ရေးထိုးခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မ တီဝင် ဦးရဲမြတ်သူက ပြောသည်။


‘‘အူဆန်မြို့တော်ဝန်က လွန် ခဲ့တဲ့ တစ်နှစ်ကျော်က မန္တလေးကို လက်မှတ်ရေးထိုးဖို့ဆိုပြီး လာခဲ့ ပေမယ့် ဒီဘက်က အစိုးရပေါ်လစီ က အဲဒီလိုထိုးမရဘူးဆိုတော့ လက်မှတ်ထိုးမယ့် MoU ကြီးကို အဆင့်ဆင့်တင်ပြီး တစ်နှစ်ကြာမှ ပြန်ကျလာတဲ့အတွက် လက်မှတ် ရေးထိုးနိုင်ခဲ့တာပါ’’ဟု ဦးရဲမြတ် သူက ဆိုသည်။

မန္တလေး မြို့တော်ဝန်သည် တောင်ကိုရီးယားနိုင်ငံတွင် ပြုလုပ်သည့် အာရှပစိဖိတ်မြို့တော်ဝန်များ ဖိုရမ်သို့တက်ရောက်သည့် ခရီးစဉ်၌ အူဆန်မြို့တော်ဝန်နှင့်တွေ့ဆုံကာ MoU သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သည်။

‘‘လက်မှတ်ရေးထိုးတဲ့အခါ မှာ တစ်ခုခုတူမှ ထိုးလို့ရတာ။ ရှေး ဟောင်းချင်းတူတာလား၊ လူဦးရေ ချင်းတူတာလား ဆိုတာမျိုးပေါ့။ အူဆန်ဆို ကျွန်တော်တို့နဲ့ လူဦး ရေချင်းတူတယ်။ ကျွန်တော်တို့လို ပဲ တစ်သန်းခွဲလောက်ပဲရှိတယ်။ သူတို့ရဲ့ မြူနီစီပယ်နဲ့ ကျွန်တော် တို့ရဲ့ မြူနီစီပယ်က မြို့တော်ဝန် ရုံးချင်းကလည်း အရွယ်အစားတူ တူလောက်ပဲ။ အဲဒီလို တူတာတွေ ပေါ်မူတည်ပြီးမှ လက်မှတ်ရေး ထိုးကြတာ ဖြစ်ပါတယ်’’ဟု ဦးရဲ မြတ်သူက ရှင်းပြသည်။

Sister City အဖြစ် လက် မှတ်ရေးထိုးပြီးနောက်ပိုင်းတွင် Ulsan နှင့် မန္တလေးမြို့တို့အကြား အပြန်အလှန်ကူညီများ ပေးအပ် ခြင်း၊ နည်းပညာများ မျှဝခြေင်း စသည့် လုပ်ငန်းများ ပြုလုပ်မည် ဖြစ်သည်။ ထို့အပြင် လက်မှတ်ရေး ထိုးရန် ဆောင်ရွက်ဆဲကာလတွင် မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနမှ ဆရာဝန်များအား အူဆန်တွင် သင်တန်းများ ပို့ချခဲ့ကြောင်း ၎င်းက ပြောသည်။

အူဆန်သည် ယခင်က ကမ်း ခြေ အစားအသောက်များဖြင့် နာမည်ကျော်ကြားသည့် တံငါမြို့လေးဖြစ်ပြီး စက်မှုလုပ်ငန်းများကို စတင် အကောင်အထည်ဖော်ပြီး နောက်ပိုင်းတွင် တောင်ကိုရီးယား တွင် GDP အများဆုံးရှာဖွေပေးနိုင် သည့် မြို့ဖြစ်လာခဲ့ကာ နာမည်ကြီး ကားကုမ္ပဏီ ဟွန်ဒိုင်းနှင့် သင်္ဘော တည်ဆောက်ရေးလုပ်ငန်းစသည့် စက်မှုလုပ်ငန်းကြီးများစွာကို ဆောင်ရွက်နေသည့် မြို့ဖြစ်သည်။