SMS မှတစ်ဆင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများသို့ ငွေလှူဒါန်းနိုင်

ARSA အကြမ်းဖက် သမားများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် ရခိုင်ပြည် နယ်ရှိ ပြည်သူများအတွက် SMS မှတစ်ဆင့် ငွေလှူဒါန်းနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၀န်ဆောင်မှုပေးအပ်ခဲ့သည်။

 မြန်မာ့ဆက်သွယ်ရေးမိုဘိုင်းဖုန်းလိုင်းအသုံးပြုသူများသည် 3001 (သို့မဟုတ်) ‘ 500 ’ ဟု ရေးသားပေးပို့ပါက လက်ကျန်ဘီလ်အတွင်းမှ ၅၀၀ ကျပ်ကို ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများထံသို့ ပေးပို့လှူဒါန်းမည်ဟု အော်ပရေတာက ကြေညာထားသည်။

လှူဒါန်းမှုအတွက် အကြိမ် အရေအတွက် အကန့်အသတ်မရှိ SMS ပေးပို့နိုင်ကြောင်း၊ SMS ပေးပို့မှုအတွက် ၀န်ဆောင်ခ ကောက်ခံမည်မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြန်ကြားရေးတာဝန်ခံ မဟေမန် စိုးက ပြောသည်။


 မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် လက်ရှိအချိန်၌ အသုံး ပြုသူအရေအတွက် အများဆုံးပိုင် ဆိုင်ထားသည့် အော်ပရေတာ ဖြစ်ပြီး Active User ၂၅ သန်း ၀န်းကျင်ရှိသည်။ မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး အော်ပရေတာ သုံးခုသည် နိုင်ငံအတွင်းရှိ သဘာ ၀ဘေးအန္တရာယ်နှင့် လူမှုဘ၀အ ခက်အခဲများကြုံတွေ့လာရသည့် အခါ SMS မှတစ်ဆင့် အလှူငွေ လက်ခံကာ တစ်ဆင့်လှူဒါန်းပေး ခဲ့သည်။

၂၀၁၅ အတွင်း ကြုံတွေ့ခဲ့ရ သည့် ရေဘေးနှင့် ၂၀၁၆ အတွင်း ကြုံတွေ့ခဲ့ရသည့် ငလျင်ဘေးတို့ တွင် အများပြည်သူအလှူငွေ ထည့်ဝင်နိုင်ရန် အော်ပရေတာ များက SMS အလှူဝန်ဆောင်မှု ပေးအပ်ခဲ့သည်။ ရခိုင်ပြည်နယ်အ တွက် SMS ဖြင့် ပေးပို့လှူဒါန်း သည့် အလှူငွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှတစ် ဆင့် လှူဒါန်းမည်ဖြစ်သည်။

SMS မှတစ်ဆင့် အလှူခံရာ တွင် ရေဘေးအတွက် ကျပ်သိန်း သုံးထောင်ခန့် ရရှိခဲ့ကြောင်း၊ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ သည့် ရှေးဟောင်းအမွေအနှစ်များ အတွက် အလှူခံရာတွင် ကျပ် သိန်းနှစ်ထောင်ခန့် ရရှိခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြေညာထားသည်။ ရခိုင်ပြည်နယ်အတွက် SMS ဖြင့် ငွေကြေးလှူဒါန်းခြင်းကို အောက်တိုဘာ ၃၀ ရက်အထိ လက်ခံမည်ဖြစ်သည်။