ဆီးချိုရောဂါကို တိုက်ဖျက်နိုင်သော အစားအစာများ

အမျိုးအစား ၂ ဆီးချိုရောဂါရှိပြီး တိုက်ဖျက်ရန် ကြိုးစားနေသူများနှင့် အမျိုးအစား ၁ ဆီးချိုရောဂါရှိပြီး ထိန်းချုပ်ရန် ကြိုးစားနေသူ များ စားသုံးနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ ပေးစွမ်းနိုင် သည့် အစားအသောက်များစွာရှိသည်။

အစေ့အဆန်များတွင် ကျန်းမာရေးနှင့်ညီသော အဆီဓာတ် ကောင်းစွာပါဝင်ပြီး ယင်းအဆီဓာတ်က သွေးထဲရှိ သကြားဓာတ်ပ မာဏကို ကောင်းစွာထိန်းချုပ်နိုင်သည်။ သို့သော် ပမာဏကို ထိန်း ချုပ်စားသောက်သင့်သည်။ အစေ့အဆန်များတွင် မက်မွန်စေ့သည် ကျန်းမာရေးအကျိုးကျေးဇူး အများဆုံးဖြစ်သည်။ အိုမီဂါ ၃ ကဲ့သို့ ကျန်းမာရေးနှင့်ညီသော အဆီဓာတ်များ ကြွယ်ဝစွာပါဝင်သည့် အစေ့အဆန်များက ဆီးချိုရောဂါတိုက်ဖျက်ရန် အထောက်အကူ ပြုနိုင်သည်။


ငါးများတွင် ကျန်းမာရေးနှင့်ညီသော ပရိုတိန်းဓာတ်ကြွယ်ဝစွာပါဝင်ပြီး ငါးကြော်စားခြင်းထက် ကင်စားခြင်းက ပို၍အကျိုးများ စေသည်။

ဘယ်ရီသီးအမျိုးမျိုးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် အ မျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး ဆီးချိုရောဂါအတွက် အထူးကောင်း မွန်သော အစားအစာဖြစ်သည်။

ပရိုတိန်းဓာတ်ကြွယ်ဝစွာ ပါဝင်သည့် ပဲအမျိုးမျိုးသည် သွေးထဲရှိ သကြားဓာတ်ကို ထိန်းချုပ်ရန် အထောက်အကူပြုသည်။

ပန်းဂေါ်ဖီစိမ်းသည် ဆီးချိုရောဂါ တိုက်ဖျက်နိုင်သော သဘာဝဒြပ်ပေါင်းများ ပါဝင်သော အစားအစာဖြစ်ပြီး နှလုံးရောဂါကိုကာကွယ်နိုင်သည်။

ကိုက်လန်တွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် အခြားအာ ဟာရဆိုင်ရာ ဒြပ်ပေါင်းများ ပါဝင်သဖြင့် ဆီးချိုရောဂါအတွက် အထူးကောင်းမွန်သည်။

ထောပတ်သီးပုံမှန်စားသောသူများသည် အမျိုးအစား ၂ ဆီးချို ရောဂါ ဖြစ်ပွားနိုင်ခြေ ၂၅ ရာခိုင်နှုန်း ပိုနည်းသည်။

ကာဗိုဟိုက်ဒရိတ် ပါဝင်မှု နည်းသော ဒိန်ချဉ်ကို စားသုံးပေး ခြင်းဖြင့် အစာချေဖျက်မှုစနစ် အားကောင်းပြီး ဆီးချိုရောဂါသည် များ စားပေးသင့်သည်။

ဂရင်းတီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်ပြီး နေ့စဉ်သောက်ပေးခြင်းဖြင့် ဆီးချိုရောဂါထိန်းချုပ်ရန် အထောက်အကူဖြစ်နိုင်သည်။

နှမ်းကြက်ပင်၏အစေ့၊ ပန်းသီး၊ ကြက်သွန်ဖြူ၊ ဒေါက်ခွရွက်၊ ချောကလက်အနက်ရောင်နှင့် ကညွတ်တို့သည်လည်း ဆီးချိုရောဂါ သည်များအတွက် အဓိကအစားအစာများဖြစ်သည်။

—Ref: TOI