အမျိုးသမီးလိဂ်တွင် သစ္စာအားမာန်က အားကစားနှင့်ကာယပညာအသင်းကို အနိုင်ရ

သစ္စာအားမာန်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနအသင်း ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − MFF)

အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၀)  ဒုတိယနေ့တွင် သစ္စာ အားမာန်အသင်းက အားကစား နှင့်ကာယပညာဦးစီးဌာနအသင်း ကို ၃-၂ ဂိုးဖြင့် အနိုင်ရကာ အ မှတ်ပေးဇယား ဒုတိယနေရာ၌ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။

အောက်တိုဘာ ၄ ရက်က အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင် သည့် ယင်းပွဲသည် အမှတ်ပေး ဇယား ဒုတိယနေရာရှိ သစ္စာအား မာန်အသင်းနှင့် တတိယနေရာရှိ အားကစားနှင့်ကာယပညာ ဦးစီး ဌာနအသင်းတို့ တွေ့ဆုံခြင်းဖြစ် ပြီး အကြိတ်အနယ်ရှိခဲ့သည်။


အဆိုပါပွဲမတိုင်မီ ယင်းနှစ် သင်းသည် ရမှတ်ကွာဟမှု တစ်မှတ်သာရှိသည်။ အားကစားနှင့် ကာယပညာဦးစီးဌာန အသင်း သည် ယင်းပွဲအနိုင်ရပါက အမှတ်ပေးဇယား ဒုတိယနေရာကို ရရှိမည်ဖြစ်သော်လည်း သစ္စာအားမာန်အသင်းကို အနိုင်မရသဖြင့် အခွင့်အရေးဆုံးရှုံးခဲ့သည်။

အောက်တိုဘာ ၃ ရက်က အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်သည့် ပွဲစဉ် (၁၀) ပထမရက်တွင် မြဝတီ အသင်းက အားကာသိပ္ပံအသင်း ကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

အမျိုးသမီးလိဂ် ပွဲစဉ် (၁၀) ဒုတိယရက်အပြီးတွင် မြဝတီအ သင်းက ရမှတ် ၂၂ မှတ်ဖြင့် အ မှတ်ပေးဇယား ထိပ်ဆုံး၌ ဆက် လက်ဦးဆောင်နိုင်ခဲ့သည်။ သစ္စာ အားမာန်အသင်းက ရမှတ် ၂၁ မှတ်ဖြင့် ဒုတိယ၊ အားကစားနှင့် ကာယပညာဦးစီးဌာန အသင်းက ရမှတ် ၁၇ မှတ်ဖြင့် တတိယနေရာ တွင် ရပ်တည်နေသည်။

၂၀၁၇ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၀) နောက်ဆုံးပွဲအဖြစ် အောက်တိုဘာ ၆ ရက်တွင် အောင် ဆန်းကွင်း၌ ဇွဲကပင်အသင်းနှင့် ဂန္ဓမာအသင်းတို့ ဆက်လက်ယှဉ် ပြိုင်မည်ဖြစ်သည်။

Top News