သတ္တမအကြိမ် ကျပ်သိန်းတစ်သောင်းဆုကို စစ်ကိုင်းမြို့နေ ဦးတင်မြင့် ဆွတ်ခူး

 အောက်တိုဘာ ၁ ရက်ကဖွင့်လှစ်ခဲ့သော (၇)ကြိမ်မြောက်အောင်ဘာလေထီ၏ အမြင့်ဆုံး ကျပ်သိန်းတစ်သောင်း ဆုကို စစ်ကိုင်းမြို့တွင်နေသည့် ဦးတင်မြင့်က ဆွတ်ခူးခဲ့ကြောင်း အဆိုပါထီလက်မှတ် ရောင်းချခဲ့သော အေးငြိမ်းချမ်းသာ ပင်ရင်းထီဆိုင်ပိုင်ရှင် ဦးသီဟဝင်းမော်က ပြောသည်။

ဦးတင်မြင့်သည် မန္တလေးမြို့ သို့ ရောက်နေစဉ် အေးငြိမ်းချမ်း သာထီဆိုင်၌ လမ်းကြုံ၍ ကံစမ်း ခဲ့ရာ ထီဖွင့်ပြီးသုံးရက်အကြာ (အောက်တိုဘာ ၃ရက်)တွင် ထီ ဆိုင်သို့ ဆက်သွယ်လာခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။


‘‘ကျွန်တော်တို့နဲ့ မနေ့ကမှ အဆက်အသွယ်ရတာပါ။ သူ ပေါက်တယ်ဆိုတာတော့ ကျိန်း သေတယ်။ နေရပ်လိပ်စာအတိ အကျနဲ့ မနေ့ကမှ အလုပ်အကိုင် ကိုတော့ ကျွန်တော် သေသေချာ ချာ မမေးလိုက်မိဘူး။ မကြာခင် ကျွန်တော်တို့ဆိုင်ကနေ ဂုဏ်ပြုပွဲ လုပ်ပေးဖို့ရှိတယ်။ အဲဒီအခါကျ ရင်တော့ အတိအကျသိရပါမယ်’’ ဟု ဦးသီဟဝင်းမော်က ဆိုသည်။

အောင်ဘာလေထီ (၅)ကြိမ် နှင့် (၆)ကြိမ်မြောက်တွင် အမြင့် ဆုံး ကျပ်သိန်းတစ်သောင်းဆုရှင် ကို ပင်ရင်းထီဆိုင်များက ထုတ် ဖော်ပြောကြားမှု မရှိခဲ့သည့်နည်း တူ ယခု (၇) ကြိမ်မြောက်၌လည်း ထီဖွင့်ပြီး လေးရက်ကြာချိန်အထိ ယင်းထီဆုရှင်အမည် ထွက်ပေါ် ခြင်းမရှိ၍ ထီကံစမ်းသူများနှင့် ထီလောကသားများ စိတ်ဝင်စားမှုမြင့်မားခဲ့သည်။

 အဆိုပါကျပ်သိန်းတစ် သောင်းဆုကို အေးငြိမ်းချမ်းသာ ထီဆိုင်က ပထမဆုံး ရောင်းချပေး ခဲ့ပြီး သားကောင်းရတနာထီဆိုင် က တစ်ကြိမ်နှင့် မိုးယံရွှေလမင်း နှင့်မြတ်ဆုကုဋေထီဆိုင်က လေး ကြိမ် ရောင်းချနိုင်ခဲ့သည်။

ယခင် (၆) ကြိမ်မြောက်က အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းဆု ထီလက်မှတ်ကို ရောင်းခဲ့သည့် ပင်ရင်းထီဆိုင် မရှိဘဲ တစ်နိုင်တစ်ပိုင် ဝယ်ယူ ရောင်းချသူက အောင်ဘာလေ သိန်းဆုဌာနခွဲထံမှ တိုက်ရိုက် ဝယ်ယူ၍ ထီကံစမ်းသူကို ရောင်း ခဲ့ကြောင်း ထီအရောင်း ကိုယ် စားလှယ်များက ပြောသည်။

  အေးငြိမ်းချမ်းသာထီဆိုင် သည် ယခု (၇)ကြိမ်မြောက်၌ အမြင့်ဆုံး ကျပ်သိန်းတစ်သောင်း ဆုအပြင် ဒုတိယအမြင့်ဆုံးဆုဖြစ် သည့် ကျပ်သိန်းငါးထောင်နှစ်ဆု အနက် တစ်ဆုကိုလည်း ရောင်း ချနိုင်ခဲ့သည်။

အောင်ဘာလေသိန်းဆုဌာန သည် (၇) ကြိမ်မြောက်၌ ဆုမဲ ၁၂၃,၂၀၂ ဆု ဖွင့်လှစ်ခဲ့သည်။

More in News Section