■ အားကစား သတင်းတိုများ

ရီးရဲလ်တိုက်စစ်မှူး ဂါရတ်ဘေးလ်သည် တနင်္လာနေ့ကဝေးလ်စ်အသင်းအတွက် ကစားရန်ရောက်လာပြီး လေ့ကျင့်ခန်းမဆင်းနိုင်ဘဲ ဆေးစစ်ရာတွင် ခြေသလုံးဒဏ်ရာရနေကြောင်းတွေ့ရှိပြီး နောက်တစ်လအထိ အနားယူရမည်ဖြစ်၍ ဝေးလ်စ်အသင်း၏ နောက်ဆုံးခြေစစ်ပွဲနှစ်ပွဲ လွဲချော်မည်ဖြစ်သည်။
 

အပြောင်းအရွှေ့ဈေးကွက်ပိတ်ရက်ကုန်ဆုံးမှု ၁၄ စက္ကန့်နောက်ကျပြီးမှ စပို့တင်း ကွင်းလယ်လူအဒ်ဒရီယန်ဆေးလ်ဗားကို ပေါင် ၂၂ သန်းဖြင့် လက်စတာကဝယ်ယူရန် သဘောတူညီမှုရခဲ့သော်လည်း ခွင့်ပြုချက်အတွက် အက်ဖ်အေသို့ လျှောက်ထားမှုကို ဖီဖာကပယ်ချသည်။

အင်္ဂလန်အသင်း၏ ထုတ်ပယ်ခံရခြင်းနှင့် ပတ်သက်၍ နည်းပြဟောင်း ဆမ်အလာဒိုက်စ်က အက်ဖ်အေကို တရားစွဲဆိုရန် စဉ်းစားနေသည်ဟု ပြောသည်။

မန်စီးတီးနောက်ခံလူ ဂျွန်စတုန်းက မိမိတို့ အင်္ဂလန်လက်ရွေးစင်အသင်းသည် ဂွာဒီယိုလာ၏ မန်စီးတီးကစားပုံကဲ့သို့ ကစားရမည်ဟု ယုံကြည်သော်လည်းရလဒ်က ကစား ဟန်ထက်ပိုမိုအရေးကြီးသည်ဟု ပြောသည်။

ဘိုင်ယန်မြူးနစ်က ထုတ်ပယ်သည့် နည်းပြအန်ဆယ်လော့တီ၏ နေရာတွင် မည်သူ့ကို အစားထိုးခန့်အပ်မည်ဆိုခြင်းကို မိမိသိရှိထားသည်ဟု မန်စီးတီးနည်းပြ ဂွာဒီယိုလာ က ပြောသည်။

ရီးရဲလ်နောက်ခံလူ ကာဗာဂျယ်သည် နာမကျန်းဖြစ်မှုကြောင့် အနည်းဆုံးနှစ်လအထိ အနားယူရမည်ဖြစ်၍ ဇီဒန်းအတွက် နောက်ခံလူရွေးချယ်ရန် အခက်ကြုံနေသည်။

အာဆင်နယ်တိုက်စစ်မှူး လာကာဇက်က မိမိသည်ဆန်းချက်ဇ်နှင့်ကစားလို၍ အာဆင်နယ်သို့ ပြောင်းလာခြင်းဖြစ်သည်ဟု ပြောသည်။ ဆန်းချက်ဇ်သည် ယခုအခါအသင်းမှထွက်ခွာရန် သေချာသလောက်ဖြစ်နေသည်။

More in Videos Section