ရှစ်လေးလုံးသမိုင်းပြတိုက်အတွက် နေရာနှစ်ခုရွေးထား

ရှစ်လေးလုံးသမိုင်းပြတိုက်(ယာယီ)အားတွေ့ရစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

ရှစ်လေးလုံးသမိုင်းပြ တိုက်တည်ဆောက်ရန် နေရာနှစ် ခုရွေးချယ်သတ်မှတ်၍ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်ပြထားကြောင်း ပြတိုက်ဖြစ် မြောက်ရေးကော်မတီ(ယာယီ)မှ အဖွဲ့ဝင် ဦးမြင့်အောင်က ပြော သည်။

အဆိုပါ သမိုင်းပြတိုက်ကို ရန်ကုန်မြို့ရှိ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်ရှိ မြန်မာ့ ပို့ကုန်၊ သွင်းကုန်ကော်ပိုရေးရှင်း MEIC အဆောက်အအုံနှင့် သိမ်ဖြူလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အဆောက်အအုံတစ်ခုခုတွင် တည်ဆောက်နိုင်ရေး  စက်တင်ဘာလအတွင်းက  တောင်းခံထား သည်။

‘‘ကျွန်တော်တို့    နေရာ တောင်းခံထားတာနဲ့ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာနက ဘာ မှတော့ အကြောင်းမပြန်သေးပါ ဘူး’’ဟု ဦးမြင့်အောင်က ပြော ကြားသည်။

ဝန်ကြီးသူရဦးအောင်ကိုနှင့် ပြတိုက်ဖြစ်မြောက်ရေးကော်မတီ တို့ ညှိနှိုင်းဆွေးနွေးကာ ပြတိုက် တည်ဆောက်ခွင့်ရရေးမူကြမ်း တစ်ရပ်ကို ယခုနှစ်အစောပိုင်းက ပြည်သူ့လွှတ်တော်သို့ တင်သွင်း ခဲ့သည်။ သို့သော် အဆိုပါလုပ်ငန်း စဉ်သည် လွှတ်တော်က ဆောင်ရွက်ရမည့်လုပ်ငန်း မဟုတ်ကြောင်း    ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က   ပြတိုက်ဖြစ်မြောက်ရေး ကော်မတီအား ပြောကြားခဲ့သည်။

ထို့ကြောင့် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် သမ္မတ ဦးထင်ကျော် တို့ထံ ဆက်လက်တင်ပြတောင်း ဆိုမည်ဖြစ်ကြောင်း ဦးမြင့်အောင် က ပြောသည်။

ရှစ်လေးလုံးသမိုင်းပြတိုက် ကို  ရှစ်လေးလုံးနှစ်သုံးဆယ်နေ့ အောက်မေ့ဖွယ်  အခမ်းအနား မကျင်းပမီ စတင်ဆောက်လုပ် မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး သူရဦးအောင်ကို က ပြောကြားသည်။

ရှစ်လေးလုံးသမိုင်းပြတိုက် တည်ဆောက်ဖွင့်လှစ်နိုင်ရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနအနေဖြင့် အဆိုမူကြမ်းရေးပြီး ပြည်သူ့လွှတ်တော်သို့   တင်ပြခဲ့ပြီးဖြစ်သည်။     ပြည်သူ့ လွှတ်တော်မှ ခွင့်ပြုချက်ရသည် နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တာ ဝန်ရှိသူများက ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းအ ကောင်အထည်ဖော်ဆောင်ရွက် သင့်သည်ဟု အကြံပြုကြောင်း သြဂုတ် ၃ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာသည်။

ရှစ်လေးလုံးသမိုင်းပြတိုက် (ယာယီ)ကို လက်ရှိတွင် ရန်ကုန် မြို့ရှိ ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံး ဘေး၌ ယာယီဖွင့်လှစ်ထားသည်။

အဆိုပါပြတိုက်သည် ရန် ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သု မင်္ဂလာလမ်းတွင် တည်ရှိပြီး ရှစ် လေးလုံးအရေးတော်ပုံကာလအ တွင်းဖြန့်ဝေခဲ့သော သတင်းမှတ် တမ်းများ၊ ဓာတ်ပုံမှတ်တမ်းများ နှင့် ရုပ်သံမှတ်တမ်းများကို လေ့ လာနိုင်ကြောင်း ယင်းကော်မတီမှ သိရသည်။ ယာယီပြတိုက်ကို တနင်္လာနေ့မှအပ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ဖွင့် လှစ်ထားသည်။

Top News