ရခိုင်ပြည်နယ်အရေး မီဒီယာများထံမှ ပြန်ကြားရေးဝန်ကြီး အကြံဉာဏ်ယူ

ရခိုင်အရေးနှင့် ပတ် သက်၍ ပြည်တွင်း၊ ပြည်ပမီဒီယာ များ၏ သတင်းဖော်ပြမှုနှင့် သ တင်းအချက်အလက်မှန် ရယူနိုင် ရေးအတွက် ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က မီဒီယာများနှင့် အောက်တိုဘာ ၄ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲသို့ တက်ရောက် သော မြန်မာဂျာနယ်လစ်ကွန်ရက်မှ အလုပ်အမှုဆောင် ဦးမြင့် ကျော်က ရခိုင်အရေးနှင့် ပတ် သက်၍ ပုံမှန်သတင်းစာရှင်းလင်း ပွဲများ ပြုလုပ်ပေးရန်၊ ပြောရေးဆို ခွင့်ရှိသူကို တစ်ဦးထက်ပို၍ ထားရှိရန်နှင့် ပဋိပက္ခဖြစ်ပွားရာ နေရာ သို့ လွတ်လပ်စွာနှင့် လုံခြုံစွာသွား ရောက်၍ သတင်းယူခွင့်ရရှိနိုင်ရန် အကြံပြုဆွေးနွေးခဲ့ကြောင်း ပြော သည်။


‘‘လောလောဆယ် ဘာလုပ် ဖို့ လိုတယ်ဆိုတဲ့ အကြံပြုချက် တွေပေးတဲ့ ဆွေးနွေးပွဲပါ’’ဟု ဦး မြင့်ကျော်က ပြောသည်။

အဆိုပါ အကြံပြုချက်များ နှင့်ပတ်သက်၍ အစိုးရဘက်မှ ချက်ချင်း ဆောင်ရွက်နိုင်သည် များကို ဆောင်ရွက်မည်ဟု တာဝန်ရှိသူက ပြောကြားခဲ့ကြောင်း DVB သတင်းဌာနမှ ဦးတိုးဇော် လတ်ကပြောသည်။

 ‘‘သတင်းထောက်တွေ ဘက်က အချက်အလက်ပိုင်းမှာ ထောက်ပံ့ပေးဖို့၊ ပြောရေးဆိုခွင့် ကို တိတိကျကျ သတ်မှတ်ပေးဖို့ အကြံပြုကြပါတယ်’’ဟု ဦးတိုး ဇော်လတ်က ပြောသည်။

 နိုင်ငံတကာအသိုင်းအဝိုင်း အချို့က ဖိအားပေးဆောင်ရွက် နေမှုနှင့်ပတ်သက်၍ သတင်းတု ကို သတင်းတုဖြင့် မတုံ့ပြန်ဘဲ သတင်းမီဒီယာများကို လွတ်လပ်စွာ သတင်းယူခွင့် ပေးမည်ဟု အစိုးရဘက်မှ တာဝန်ရှိသူက ဖြေကြားကြောင်း ဦးတိုးဇော်လတ်က ပြောသည်။

လက်ရှိဖြစ်ပေါ်နေသော မီဒီ ယာဆိုင်ရာကိစ္စရပ်များနှင့် ရခိုင် ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် အရေးကိစ္စများအပေါ် ပြည်တွင်း၊ ပြည်ပ မီဒီယာများ၏ ဖော်ပြမှု၊ နိုင်ငံတကာအသိုင်းအ ဝိုင်းအချို့က ဖိအားပေးဆောင် ရွက်နေမှုနှင့် ပြည်သူများက ရွေး ကောက် တင်မြှောက်ထားသည့် ယနေ့အစိုးရ၏ ရည်မှန်းချက်ဖြစ် သော ဖက်ဒရယ်ဒီမိုကရေစီ တည် ဆောက်ရေး၊ အမျိုးသားရင်ကြား စေ့ရေးတို့အတွက် ဆောင်ရွက် နေမှုများကို ဒေါက်တာဖေမြင့်က ရှင်းလင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် မိမိအဖွဲ့အ စည်း၊ တရားဝင်လုပ်ငန်းတာဝန် များနှင့် ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာ ထိခိုက်မည်ကို စိုးရိမ်ခြင်းမရှိစေဘဲ မိမိ၏ ကိုယ်ပိုင်အမြင်များကို လွတ်လပ်စွာ ပြောဆိုခွင့်ပေးခဲ့ သည်။ တွေ့ဆုံဆွေးနွေးပွဲသို့ မြန် မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ Foreign Correspondents Club ၊ မြန်မာနိုင်ငံ သတင်းစာဆရာအ သင်း (MJA)၊ မြန်မာစာနယ်ဇင်း သမဂ္ဂ(MJU)၊ မြန်မာဂျာနယ်လစ်   ကွန်ရက်(MJN)၊ ရွှေသံလွင်မီဒီ ယာဂရု(ပ်)၊ Forever Group၊ Eleven Media Group၊ The Voice၊ 7Day Daily သတင်းစာ၊ Frontier၊ မြန်မာတိုင်းမ်၊ Mizzima၊ DVB၊ ဧရာဝတီသတင်းဌာန တို့နှင့်အတူ ဖိတ်ကြားထားသူများ အပါအဝင် စုစုပေါင်း ၃၂ ဦး တက်ရောက်ခဲ့သည်။

Top News