ကျောက်ဆည်ဆင်ပြိုင်ပွဲ ကျင်းပ

ကျောက်ဆည်ဆင်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နေသော ဆင်တစ်စီးကိုတွေ့ရစဉ် (ဓာတ်ပုံ−စည်သူလင်း)

 နှစ်စဉ် ကျင်းပမြဲ ကျောက်ဆည် ဆင်ပြိုင်ပွဲကို ကျောက်ဆည်မြို့ ရွှေသာလျောင်း တောင်ခြေတွင် သီတင်းကျွတ်လ ဆန်း ၁၄ ရက် (အောက်တိုဘာ ၄ ရက်)က ကျင်းပခဲ့သည်။

ရွှေသာလျောင်းဘုရားဝတ္တ ကမြေတွင် ကျင်းပခဲ့ပြီး ဖွင့်ပွဲကို ကျောက်ဆည်မြို့ပေါ်ရှိဆင်အက အဖွဲ့များမှ ဆင် ၆၉ စီးဖြင့် ဂုဏ် ပြုဧည့်ခံကာ စတင်ဖွင့်လှစ်ခဲ့ သည်။

ယခုနှစ်ကျောက်ဆည်ဆင် ပြိုင်ပွဲတွင် ဆင် ၂၄ စီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရိုးရာအငယ်တန်း ဆင်တွင် ငါးစီး၊ အကြီးတန်းတွင် ၁၆ စီးနှင့် ဘော်ကြယ်ဆင်တွင် သုံးစီး ယှဉ်ပြိုင်ခဲ့သည်။

ပြိုင်ပွဲဝင်ဆင်များအား ပွဲ ကျင်းပရေးကော်မတီက ဆုချီးမြှင့် မည် ဖြစ်ပြီး ရိုးရာအငယ်တန်းဆင် တွင် ပထမဆုကျပ်ခြောက်သိန်း၊ ဒုတိယဆု ကျပ်လေးသိန်း၊ တတိ ယဆု ကျပ်နှစ်သိန်း၊ ရိုးရာအကြီး တန်းဆင်တွင် ပထမဆုကျပ်ဆယ် သိန်း၊ ဒုတိယဒု ရှစ်သိန်း၊ တတိ ယဆု ခြောက်သိန်းနှင့် ဘော်ကြယ်ဆင်တွင် ပထမဆု ကျပ်ရှစ်သိန်း၊ ဒုတိယဆု ခြောက်သိန်း၊ တတိယ ဆု လေးသိန်းချီးမြှင့်မည် ဖြစ် သည်။

ထို့အပြင် ပြိုင်ပွဲဝင်ဆင်များ ကို ပြိုင်ပွဲကျင်းပရေးကော်မတီက ချီးမြှင့်သည့် ဆုကြေးငွေများအ တိုင်း ကမ္ဘောဇဘဏ်ကလည်း ထပ်လောင်း ချီးမြှင့်မည် ဖြစ် သည်။

ယခုနှစ်ကျောက်ဆည်ဆင် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သည့် ဆင်အစီးရေ ယမန်နှစ်အောက် လျော့နည်းခဲ့ပြီး လွန်ခဲ့သည့် ၂၀၁၆ က ပြိုင်ပွဲဝင်ဆင် ၂၉ စီးရှိခဲ့ သည်။

ဆင်ပြိုင်ပွဲကို သီတင်းကျွတ် လဆန်း ၁၄ ရက် တစ်နေ့တည်း ကျင်းပပြီး သီတင်းကျွတ်လပြည့် နေ့တွင် ရွှေသာလျောင်းဘုရားရင် ပြင်ပေါ်၌ ဆွမ်းတော်ကြီးတင်ပွဲနှင့် ဆွမ်းကပ်လှူပွဲများ ဆက်လက် ကျင်းပမည်ဖြစ်သည်။

ကျောက်ဆည်ဆင်ပြိုင်ပွဲကို ၁၉၂၅ တွင် စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။