သီတင်းကျွတ်လပြည့်နေ့ ရွှေကျင်မီးမျှောပွဲမှာ ရှိမယ့် မိုးယံဇွန်

သရုပ်ဆောင်မိုးယံဇွန် က သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၅ ရက်)တွင် ရွှေကျင်မီးမျှောပွဲ၌ ရှိနေမည်ဖြစ် ကြောင်း  ပြောသည်။

သီတင်းကျွတ် နောက်ဆုံး နေ့တွင် မင်းသမီး အေးဝတ်ရည် သောင်းနှင့်အတူ ပခုက္ကူဘုရားပွဲ ၌ နန်းဝတ်နန်းစားများ ဝတ်ဆင် ကာ မြို့လှည့်ပေးရမည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အနုပညာလှုပ် ရှားမှုများအနေဖြင့် နယ်သွားကာ သီချင်းဆိုဖြစ်ပြီး ဘောလုံးဝါသ နာကြီးသောကြောင့် တစ်ခါတစ်ရံ ဝါသနာတူ နယ်ခံများနှင့်ပါ ဘော လုံးကန်ဖြစ်သည်ဟု ၎င်းက ပြော သည်။

‘‘ကျွန်တော်တို့ဆီမှာ ဘော လုံးအသင်းတွေများလာတော့ ကိုယ်တိုင်ကလည်း ဘောလုံးဝါ သနာကြီးတဲ့အတွက် ဟိုလူခေါ် ရင်လည်း ဝင်ကန်တယ်။ ဒီလူခေါ် ရင်လည်း လိုက်သွားတာပဲ။ အဲဒါ ကြောင့်မို့ နေရာတိုင်းမှာ ဘော လုံးကန်နေတာကို တွေ့နေရတာ ပါ။ ကျွန်တော်ကိုယ်တိုင်လည်း အလုပ်အားတဲ့အခါ သက်သက် ကို ချိန်းပြီး ဘောလုံးကစားတာဆို တော့ ဝါသနာပါတော့ အမြဲလိုလို ကန်ဖြစ်နေတာပါ။ ဘောလုံးကန် တယ်ဆိုတာကလည်း ဝါသနာပါ ပြီး အသက်အရွယ်တစ်ခုအရပဲ ကစားလို့ရတာလေ။ အသက်ကြီး လာရင် ကစားချင်တာတောင် စိတ်သွားတိုင်း ကိုယ်ပါမှာမဟုတ် တော့ဘူး။ အဲဒါကြောင့် ကစား ဖြစ်နေတာပါ’’ဟု မိုးယံဇွန်က ပြောသည်။

အပတ်စဉ် ရန်ကုန်တွင်ရှိ ချိန်၌ သောကြာ၊ စနေ၊ တနင်္ဂနွေတွင် တစ်ရက်ရက်သွားကစားဖြစ် ပြီး အလုပ်များသောအခါ၌ တစ်လကို အနည်းဆုံးနှစ်ကြိမ်ခန့် ကစား ဖြစ်သည်ဟုဆိုသည်။

အောက်တိုဘာအတွင်း Model FC အနေဖြင့် ရုပ်ရှင်ကား ကြီးတစ်ကား ရိုက်ကူးရန်ရှိ ကြောင်း၊ ဒါရိုက်တာ ညိုမင်းလွင် ဖြစ်ကြောင်း  မိုးယံဇွန်က  ပြော ကြားသည်။

လက်ရှိ အချစ်ရေးသည် တစ်ယောက်တည်းဖြစ်နေသည့် အပြင် အနုပညာလောကထဲမှ အားကျရသည့် လူပျိုကြီးများရှိနေ သေးသောကြောင့် မင်္ဂလာသ တင်းသည် အဝေးကြီးလိုသေး ကြောင်း ၎င်းက ပြောသည်။