ဘရူနိုင်းခရီးစဉ်အပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်အချို့ ရွှေ့ဆိုင်း

ဓာတ်ပုံ − ဟိန်းထက်/အီးပီအေ

နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် ဘရူနိုင်းနိုင်ငံခရီးစဉ်အပြီး တွင် လက်ရှိအနေအထားအရ အ လည်အပတ်ခရီးစဉ်အဖြစ် ဖိတ် ကြားထားသည့်နိုင်ငံများသို့ သွား ရောက်လည်ပတ်ရေးရွှေ့ဆိုင်း ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦး ကျော်ဇေယျက ပြောသည်။

 ဒေါ်အောင်ဆန်းစုကြည် သည် ဘရူနိုင်းဘုရင်မင်းမြတ်၏ ဖိတ်ကြားချက်အရ ဘရူနိုင်းနိုင်ငံ ၏ နန်းမွေဆက်ခံသည့် နှစ်(၅၀) ပြည့်အခမ်းအနားသို့ အောက်တို ဘာ ၆ ရက်တွင် သွားရောက်မည် ဖြစ်ပြီး အောက်တိုဘာ ၇ ရက်၌ ပြန်လာမည်ဖြစ်ကြောင်း ဦးကျော် ဇေယျက ပြောသည်။

‘‘ဇွန်၊ ဇူလိုင်လောက်ကနေ ပြီး ပြန်ကြားတာတွေရှိခဲ့ဖူးတယ် ပေါ့။ လက်ရှိအချိန်အခါမှာ လက် ရှိအနေအထားအရလည်း တချို့ ခရီးစဉ်လေးတွေကို ရွှေ့ဆိုင်းရ တာလေးတွေရှိတယ်။ ရွှေ့ဆိုင်း ဆိုတာက လောလောဆယ်ပြော တဲ့အချိန်မှာ မသွားဖြစ်သေးဘူး ပေါ့။ ဒါပေမဲ့လည်း ဖိတ်ကြား ချက်တွေကရှိတယ်။ နောက်ပိုင်း မှာတော့ ဒါတွေက ပြန်ပြီးတော့ အခြေအနေလည်း ပေးတဲ့အခါ ပြန်စဉ်စားမယ့်သဘောမျိုးပြော တာပါ။ ဒီတစ်လ၊ နှစ်လအတွင်း မှာတော့ ပုံမှန်အစည်းအဝေးတွေ က လွဲပြီးတော့ ကျန်တဲ့ခရီးစဉ် တွေကတော့ ပြန်ပြီးတော့ စဉ်း စားနေဆဲရှိပါသေးတယ်’’ ဟု ဦး ကျော်ဇေယျက ပြောသည်။

 ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးခရီးစဉ်အဖြစ် ၂၀၁၆ ဩဂုတ် ၅ ရက်ကလာအိုနိုင်ငံသို့ သွားရောက်ခဲ့ပြီး ယင်းလအတွင်း ၌ပင် တရုတ်နိုင်ငံသို့လည်း သွား ရောက်ခဲ့သည်။

ထို့နောက် ပြည်ပရောက် မြန်မာလုပ်သားများအများဆုံးရှိ သော ထိုင်းနိုင်ငံသို့ဇွန်လ ၂၃ ရက်တွင် သွားရောက်ခဲ့ပြီးစက် တင်ဘာ ၁၀ ရက်၌ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုသို့သွား ရောက်ခဲ့သည်။ နိုဝင်ဘာ ၁၇ ရက်တွင် ဂျပန်နိုင်ငံသို့အလည်အ ပတ်ခရီးစဉ်သွားရောက်ခဲ့ပြီး ဒေါ် အောင်ဆန်းစုကြည်၏ ၂၀၁၆ အ တွင်း နောက်ဆုံးပြည်ပခရီးစဉ်အ ဖြစ် နိုဝင်ဘာ ၃၀ ရက်က စင်ကာ ပူနိုင်ငံသို့ အလည်အပတ်သွား ရောက်ခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၇ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ဧပြီ ၂၈ ရက်က ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဇွန်လ ၄ ရက်က

More in News Section

Top News