ARSA အကြမ်းဖက်သမားများ ဖမ်းဆီးခေါ် ဆောင်သွားသော ဟိန္ဒူဘာသာဝင်အမျိုးသမီးနှင့်ကလေးငယ်များ ပြန်လည်ရောက်ရှိ

ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ဟိန္ဒူဘာသာဝင် အမျိုးသမီးနှင့် ကလေးငယ်များ (ဓာတ်ပုံ − Information Committee)

ARSA အကြမ်း ဖက်သမားများ ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိနေသည့် ဟိန္ဒူ ဘာသာဝင်အမျိုးသမီးရှစ်ဦးနှင့် ကလေးရှစ်ဦးတို့သည် မြန်မာနိုင် ငံလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အ ကူအညီဖြင့် မောင်တောဒေသသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က ယမန်နေ့က သတင်းထုတ်ပြန် သည်။

မိသားစုဝင်များ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရပြီး ဘင်္ဂ လားဒေ့ရှ်နိုင်ငံဘက်သို့ ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရသည့် ရ ခိုင်ပြည်နယ်မောင်တောမြို့နယ် ခမောင်းဆိပ်မြို့ရဲဘော်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင် အမျိုးသမီး များနှင့် ကလေးငယ်များကို တစ် လကျော်ကြာ စက်တင်ဘာလ ကုန်ပိုင်းနှင့် အောက်တိုဘာလ ဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန် လည်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည် ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘‘ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်နေတဲ့ ဟိန္ဒူဘာသာဝင် တွေ ပြန်ရောက်ပြီလို့ ကြားပါ တယ်။ ကျွန်တော်လည်း ကယ် ဆယ်ရေးအဖွဲ့တွေနဲ့ အလုပ်ရှုပ် နေပါတယ်။ ကိုယ်တိုင်တော့ သွား မတွေ့ရသေးပါဘူး’’ ဟု ဟိန္ဒူဘာသာဝင်များ ကူညီရေး ခေါင်းဆောင်ဦးနီမော်လ်က ပြော သည်။

ဩဂုတ် ၂၅ ရက်က မောင် တောခရိုင်ရှိ ရဲစခန်းသုံးဆယ် ကျော်ကို အကြမ်းဖက်သမားများ က တိုက်ခိုက်ခဲ့ပြီးနောက် ဟိန္ဒူ ဘာသာဝင်အမျိုးသမီးနှင့်ကလေး ငယ်အချို့ကို ဖမ်းဆီးခေါ်ဆောင် ခြင်းဖြစ်သည်။

မောင်တောဒေသသို့ ပြန် လည်ရောက်ရှိလာသော ဟိန္ဒူ မိသားစုဝင်များက ရဲဘော်ကျ နှင့် တမန်းသားကျေးရွာမှ ဟိန္ဒူ ဘာသာဝင်များကို အစုလိုက်အ ပြုံလိုက် သတ်ဖြတ်ခဲ့သူများသည် ARSA အကြမ်းဖက်သမားများနှင့် ဘင်္ဂါလီကျေးရွာများမှ အစွန်း ရောက်ဘင်္ဂါလီများဖြစ်သည်ဟု ထွက်ဆိုကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်းခံရပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကူတူပါလောင်ဒုက္ခသည် စခန်းသို့ ရောက်ရှိလာသည့်ဟိန္ဒူ ဘာသာဝင်များကို ယင်းဒုက္ခသည် စခန်းတွင် အလုပ်လုပ်ကိုင်နေ သည့် ဟိန္ဒူဘာသာဝင်တစ်ဦးက သိရှိခဲ့ရာမှတစ်ဆင့် ၎င်းက ဘင်္ဂ လားဒေ့ရှ်နိုင်ငံရှိ ဟိန္ဒူဘာသာ ရေးခေါင်းဆောင်တစ်ဦးထံ ဆက် သွယ် အကြောင်းကြားခဲ့သည်။ ထိုမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နယ် ခြားစောင့်တပ်(BGB)မှ တာဝန်ရှိ သူများနှင့် ဟိန္ဒူဘာသာဝင်များ ရောက်ရှိလာပြီး အဆက်အသွယ် ရကာ ပြန်လည်ခေါ်ယူနိုင်ခြင်းဖြစ် သည်ဟု သတင်းထုတ်ပြန်ချက် တွင်ပါရှိသည်။

မောင်တောမြို့နယ် ရဲဘော် ကျကျေးရွာနှင့် တမန်းသား ကျေးရွာမှ ဟိန္ဒူဘာသာဝင် ၉၃ ဦးသည်ဩဂုတ် ၂၅ ရက်တွင်အ ကြမ်းဖက်သမားများ၏ သတ် ဖြတ်ခြင်းခံခဲ့ရသည်။ မြှုပ်နှံထား သည့်ရုပ်အလောင်း ၄၅ လောင်း ကို အခင်းဖြစ်ပွားခဲ့သည့်ခမောင်း ဆိပ်မြို့အနီး တောင်တန်းတွင် စက်တင်ဘာ လကုန်ပိုင်း၌ တူးဖော်တွေ့ရှိခဲ့သည်။ အဆိုပါ တူးဖော်တွေ့ရှိခဲ့သည့် ရုပ်အ လောင်းများအနက် ၂၅ လောင်း သည် ဟိန္ဒူဘာသာဝင်များဖြစ် သည်ကို မိသားစု၊ ဆွေမျိုးများက အတည်ပြုနိုင်ခဲ့သည်။

Top News