ချည်ထည်ဈေးကွက် ကျဆင်းခြင်းကြောင့် မုံရွာရှိ ရက်ကန်းရက်သူအချို့ အိန္ဒိယသို့ ပြောင်းရွှေ့လုပ်ကိုင်

မုံရွာမြို့နယ် ကံပြားကျေးရွာရှိ မိရိုးဖလားရက်ကန်းလုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)

မုံရွာဒေသ မိရိုးဖလာရက် ကန်းလုပ်ငန်းများ အရှုံးပေါ်ခဲ့သ ဖြင့် ရက်ကန်းရက်လုပ်သူအချို့ အိန္ဒိယသို့ သွားရောက်လုပ်ကိုင်မှု ပိုများလာကြောင်း မုံရွာမြို့နယ် သမန္တာကျေးရွာ ဒေသခံများက ပြောသည်။

ရက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းချည်ဈေးမြင့်တက်ပြီး ကုန်ချောချည်ထည်ဈေးကွက်ကျ ဆင်းခြင်းကြောင့် အရှုံးနှင့်ရင် ဆိုင်ရသည့်အတွက် အိန္ဒိယနိုင်ငံ အိုက်ဇောဒေသရှိ ချည်ထည်လုပ် ငန်းများသို့ သွားရောက်လုပ်ကိုင် သူများပြားခြင်း ဖြစ်ကြောင်းသမန္တာကျေးရွာမှ မိရိုးဖလာ ရက်ကန်းလုပ်ကိုင်သူ ကိုမင်းကျော်အောင်က ပြောသည်။       ‘‘လုံချည်တစ်ကွင်းပြီးအောင် ရက်မှ တစ်ထောင့်ငါးရာလောက်ရတော့ တောင်သူအလုပ်ပဲ ထွက်လုပ်ကြတာများတယ်။ အများစုက အိန္ဒိယဘက်ကိုသွားပြီး ရက်ကန်းလုပ်ကြတယ်။ ဒီမှာ ရက်ကန်းရက်ရင် တစ်ရက် သုံးထောင်တောင်အနိုင်နိုင်။ ဟိုမှာက တစ်လဆိုရင် စားပြီးသောက်ပြီး ငါးသိန်းလောက်ကျန်တော့ သွားကြတာပေါ့’’ဟု ၎င်းက ပြောသည်။

မုံရွာဒေသ ရက်ကန်းလုပ် ငန်းများတွင် ယခင်က အိန္ဒိယနိုင်ငံထုတ် ကုန်ကြမ်းချည်များကို အ သုံးပြုခဲ့ရာမှ ယခုနှစ်အတွင်း ဈေး သက်သာသော တရုတ်နိုင်ငံထုတ် ကုန်ကြမ်းချည်များ ပြောင်းလဲအ သုံးပြုသူများပြားခဲ့သည်။ တရုတ် နိုင်ငံထုတ် ချည်တစ်ထုပ်လျှင် ယခင်က ကျပ်နှစ်သောင်းခန့် ရှိ ရာမှ ယခုနှစ်တွင် ကျပ်သုံးသောင်းခန့်အထိ ဈေးတက်ပြီး ကုန်ချော  ချည်ထည်ဈေးကွက်ကျဆင်းခဲ့ ခြင်းကြောင့် ပြီးခဲ့သည့်သုံးနှစ်ခန့် က ရက်ကန်းစင်လုပ်ငန်းကြီးသုံးခု နှင့် တစ်နိုင်တစ်ပိုင်ရက်ကန်းလုပ် ကိုင်သူဦးရေ တစ်ရာခန့် ရှိရာမှ ယခုနှစ်တွင် ရက်ကန်းရက်လုပ်သူ ဆယ်ဦးခန့်သာ ရှိတော့ကြောင်း အဆိုပါကျေးရွာနေရက်ကန်းလုပ် ကိုင်သူများက ပြောသည်။

မုံရွာမြို့နယ် ကံပြားကျေးရွာ ဒေသမှ ရက်ကန်းလုပ်ကိုင်သူ တစ်ဦးက ‘‘မိရိုးဖလာရက်ကန်း လုပ်တဲ့သူတွေက ချည်ကုန်ကြမ်း ပေး ကုန်ချောအပ်စနစ်နဲ့လုပ်တာ များတယ်။ အရင်နှစ်တွေတုန်းက ရက်ကန်းရက်ရင် တစ်ရက်လေး ငါးထောင်ဝင်ငွေရှိတယ်။ အခု ချည်ဈေးတက်တာရော၊ ကုန်ချောဈေးကျတာရောကြောင့် ရက် ကန်းဝင်ငွေနည်းလာတဲ့အတွက် တခြားအလုပ်တွေ ပြောင်းလုပ် တာများတယ်’’ဟု ပြောသည်။