-->

အကောင်းဆုံး Ultrabook ငါးမျိုး

လက်ပ်တော့ ကွန်ပျူတာတွေနဲ့ပတ်သက် ရင် အသုံးပြုမယ့်ရည်ရွယ်ချက်ပေါ် အခြေခံ ပြီး ချီတုံချတုံဖြစ်စရာတွေ အမြဲတမ်းကြုံရ တတ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းကို အသား ပေးရွေးမှာလား (ဒါမှမဟုတ်) ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်ရလွယ်တာကို ရွေးချယ်မှာလား စသဖြင့်ဒွိဟဖြစ်လေ့ရှိပါတယ်။ အဲဒီပြဿနာ ကို အတော်လေး ဖြေရှင်းနိုင်ဖို့အတွက် Ultra-book တွေကို ဖန်တီးလာကြတာဖြစ်ပါတယ်။


Ultrabook တွေဟာ သမားရိုးကျ လက်ပ် တော့(Notebook) တွေထက် အလေးချိန်သိသိ သာသာ ပိုပေါ့ပြီး ဒီဇိုင်းတည်ဆောက်မှုအနေ နဲ့လည်း ပါးပါးလွှာလွှာ ကျစ်ကျစ်လျစ်လျစ် ဖန်တီးထားလေ့ရှိတယ်။ စွမ်းဆောင်ရည်ပိုင်း မှာလည်း အမြင့်ဆုံးမဟုတ်ရင်တောင် အတော်လေး ဘက်ပေါင်းစုံ အသုံးတည့်လောက်တဲ့ ဖြည့် တင်းမှုတွေ ပါရှိနေတတ်တယ်။ ဒါကြောင့် လုပ်ငန်းသုံးအတွက် Ultrabook တွေကို ရွေးချယ်မှုက ပိုပြီးများပြားလာခဲ့ပါတယ်။ အခု ဆောင်းပါးမှာတော့ ၂၀၁၇ ရဲ့ အကောင်းဆုံးလို့ ယေဘုယျယူဆနိုင်တဲ့ Ultrabook ငါးမျိုးကို စုစည်းဖော်ပြလိုက်ပါတယ်။


Dell XPS 13

အပေါ့စား Notebook တွေထဲမှာ အကောင်းတကာ့ အ ကောင်းဆုံး ဖန်တီးမှုတစ်ခုလို့ ညွှန်းရပါမယ်။ စီးရီးအလိုက် စွမ်းဆောင်ရည်ပိုင်းမှာလည်း ရွေးချယ်ခွင့် ကျယ်ကျယ်ပြန့်ပြန့်ရနိုင် တယ်။ ဘက်ထရီသက်တမ်းက အတော်လေး အထင်ကြီးစရာ ကောင်းတယ်။ ၁၃ ဒသမ ၃ လက်မအရွယ် LED Screen ဟာ 3200x1800 Resolution ထိ ထောက်ပံ့ နိုင်ပါတယ်။ အလေးချိန်ကလည်း၂ ဒသမ ၉ ပေါင်ပဲရှိတယ်။ Processor ပိုင်းမှာ Core i5 နဲ့Core i7 အမျိုးအစားတွေ ရွေးချယ် နိုင်ပြီး RAM ပမာဏကိုလည်း 4GB ကနေ 16GB ထိ လဲလှယ်  တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ သို

လှောင်မှုပိုင်းအတွက် SSD Cardကို သုံးထားတယ်။ ဒါပေမဲ့ Web Cam တပ်ဆင်ထားတဲ့ အထားအသိုကတော့ အသုံးပြုရတာ အ ဆင်အပြေဆုံး မဟုတ်ပါဘူး။


Razer Blade Stealth

Razer ကို Gaming Note-book တွေနဲ့ပတ်သက်လို့ ပိုပြီးလူသိများကြပါတယ်။ ဒါပေမဲ့ Ultra-book နယ်ပယ်ထဲ ဝင်လာချိန်မှာ လည်း အထင်ကြီးလောက်စရာ လက်ရာမျိုး ဖန်တီးပြခဲ့ပြန်တယ်။ ၁၂ ဒသမ ၅ လက်မအရွယ် QHD Screen ကို တပ်ဆင်ထားတဲ့ Ultrabook ဟာ Resolution ပမာဏ 2560x1440 ထိ ထောက်ပံ့နိုင်ပါတယ်။ ဒါပေမဲ့ 4K Displayနဲ့ မှာယူမယ်ဆိုရင်တော့ Resolu-tion က 3840x2160 ထိ ရရှိနိုင်မှာပါ။ RAM ပမာဏကို 8GB နဲ့ 16GB ရွေးချယ်နိုင်ပြီး Core i5နဲ့ Core i7 Processor တွေ နှစ်သက်သလို မှာယူနိုင်ပါတယ်။SSD Card ကို 128GB ကနေ 1TB ထိ တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီသက်တမ်း တော်တော် ကောင်းမွန်ပါတယ်။ Keyboard ကတော့ သုံးရတာ နည်းနည်း သက်သောင့်သက်သာ မရှိသလို ဖြစ်နေတယ်။


Asus ZenBook UX 310

ပေါ့ပေါ့ပါးပါးနဲ့ ကျစ်ကျစ်လျစ်လျစ်အဖြစ်ဆုံး Ultrabookတစ်ခုပါ။ အရောင်အသွေးစုံလင်တဲ့ Glare-Free Screen ကလည်း အထင်ကြီးစရာပါပဲ။ Screen ကိုFHD နဲ့ QHD နှစ်မျိုးရွေးချယ်နိုင် ပါတယ်။ FHD နဲ့ဆိုရင် Resolution1920x1080 ထောက်ပံ့ပေးပြီး QHD နဲ့ ဆိုရင်တော့ 3200x1800Resolution ထိ ရရှိနိုင်မှာဖြစ်ပါ တယ်။ RAM ပမာဏက 4GB နဲ့ 16GB ကြား ရွေးချယ်နိုင်ပြီး Processor အတွက် Core i3၊Core i5 နဲ့ Core i7 တွေ ရရှိနိုင် ပါတယ်။ အားနည်းချက်တစ်ခုက Speaker သေးငယ်ပြီး အသံပိုင်း သိပ်အားရစရာ မဖြစ်ပါဘူး။ သိုလှောင်မှုအတွက် HDD ရော SSD ပါ သုံးစွဲနိုင်ခြင်းကတော့ ရွေးချယ်စရာတွေ ပိုမိုကျယ်ပြန့် များပြားစေပါတယ်။


Microsoft Surface

Microsoft က Surface ကိုNotebook အနေနဲ့ပဲ မိတ်ဆက်ခဲ့ပြီး Ultrabook လို့ မသုံးနှုန်းခဲ့ပါ ဘူး။ ဒါပေမဲ့ စွမ်းဆောင်ရည်ပိုင်း အားကောင်းပြီး ဒီဇိုင်းတည် ဆောက်ပုံ ကျစ်လျစ်တဲ့ ဒီလက်ပ် တော့လေးဟာ Ultrabook တစ်ခုရဲ့ စံနှုန်းတွေအားလုံးနဲ့ ကိုက်ညီအောင် တည်ဆောက်ထားပါ တယ်။ ၁၃ ဒသမ ၅ လက်မအရွယ်Display ဟာ 2256x1504 Resolution ကို ပုံဖော်ထောက်ပံ့ပေးနိုင်ပြီး Touchscreen အဖြစ် လည်း အသုံးပြုနိုင်ပါတယ်။ Core i5 နဲ့ Core i7 Processor တွေ ကို ရွေးချယ်နိုင်ပြီး RAM ပမာဏက 4GB ကနေ 16GB ထိ အမျိုးမျိုးရရှိနိုင်ပါတယ်။ သိုလှောင်မှုအတွက် SSD ကိုသာ သုံးထားတဲ့အ တွက် ဝန်ပေါ့စေတယ်။ ဒီဇိုင်းပိုင်း နဲ့ နေရာချတည်ဆောက်ပုံတွေက Surface ကို ဆွဲဆောင်မှုအရှိဆုံး Ultrabook တစ်လုံး ဖြစ်လာစေပါတယ်။ USB-C ပါလာရင်တော့ ပြည့်စုံသထက် ပြည့်စုံသွားမှာပါ။


Lenovo Yoga 910

Yoga 900 ရဲ့ နောက်ဆက် တွဲအဖြစ် ဒီ Ultrabook ကို Lenovoက မိတ်ဆက်လာတာ ဖြစ်ပါ တယ်။ လှပကြော့ရှင်းမှုနဲ့ စွမ်း ဆောင်ရည် မြင့်မားမှုတွေကို အချိုးညီညီ ပေါင်းစပ်ထားတဲ့ လက်ရာတစ်ခုလို့တောင် ညွှန်း နိုင်တယ်။ ပေါင်ခပ်ပါးပါးသာ အနားကွပ်ထားတဲ့ ၁၄ လက်မScreen က ကြီးမားပေမယ့် အလွယ်တကူ သယ်ယူဖို့တော့ ပြဿနာမရှိပါဘူး။ Core i7 Processor ကို အသုံးပြုပြီး RAMပမာဏ 8GB၊ 16GB တွေ ရွေးချယ်နိုင်ပါတယ်။ သိုလှောင်မှုအတွက်လည်း 1TB ထိ ပမာဏများပြားတဲ့ SSD တွေကို အသုံးပြုနိုင်တယ်။ Screen က ဘက်ပေါင်း စုံက စိတ်ကျေနပ်စရာဖြစ်ပြီး အသံထွက်လည်း ကြည်လင်အား ကောင်းပါတယ်။ ဒါပေမဲ့ အပူစွန့် ထုတ်မှု နည်းနည်းများပြီး ဘက် ထရီသက်တမ်းကလည်း ပြော စရာလေးတွေ ရှိနေပါတယ်။

—Ref: Tech Radar

(ဇွဲရဲဝင့် ဘာသာပြန်သည်)

Top News