စနစ်သစ်ဖြင့် ကျောင်းကား ပြေးဆွဲရေးညှိနှိုင်းမှု မပြီးပြတ်သေး

 သီတင်းကျွတ်ကျောင်း ဖွင့်ရာသီတွင် ကျောင်းကားစနစ် သစ်ပြေးဆွဲရန် စီစဉ်နေသော် လည်း ယခုအချိန်ထိ ညှိနှိုင်းမှု များ မပြီးပြတ်သေးကြောင်း ရန် ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝယ်ယူထားသော ကျောင်းကားများဖြင့် ပြေးဆွဲမည့် ကျောင်းကားစနစ်သစ်ကို သီတင်းကျွတ်ကျောင်းပိတ်ကာလ ကျော် လွန်ပါက စတင်မည်ဟု ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်တင်ဘာလကုန် တွင် ပြောကြားသည်။

‘‘ဒီကျောင်းပိတ် ကာလ ကျော်ရင် လုပ်မယ်ဆိုတာက မှန်း ထားတာ။ အခုထိကို ညှိနှိုင်းမှု မပြီးသေးတာကြောင့် ဘယ်တော့ စဖြစ်မယ်ဆိုတာကို ပြောလို့မရ သေးဘူး’’ဟု ဒေါက်တာမောင် အောင်က ဆိုသည်။

အဆိုပါ ကျောင်းကားပြေး ဆွဲခြင်းလုပ်ငန်းကို အစိုးရပါဝင် သည့် Royal Golden Hand ကုမ္ပဏီက ဒဂုံ (၁)၊ TTC နှင့် ကမာရွတ်မြို့နယ် အထက (၁) ကျောင်းတို့တွင် စတင်ပြေးဆွဲ မည်ဟု ကနဦးသတင်းထုတ်ပြန် ထားသည်။

 လက်ရှိ ပြေးဆွဲနေသော ကျောင်းကားအများစုသည် လိုက် ထရပ်ယာဉ်များ၊ နောက်ပွင့်ကား များဖြစ်နေပြီး ကျောင်းသားများ အတွက် လုံခြုံမှုမရှိခြင်း၊ စည်း ကမ်းတကျ ရပ်နားမှုမရှိခြင်း စ သည့်အချက်များကြောင့် စနစ် တကျလုံခြုံမှုရှိလာစေရန် ပြုပြင် ပြောင်းလဲရခြင်းဖြစ်ကြောင်း ဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆို သည်။

ကျောင်းကားပြေးဆွဲမှု စနစ် တကျဖြစ်စေရေး သက်ဆိုင်ရာ ကျောင်းများကို တာဝန်ယူလုပ် ကိုင်ရန် မူလက စီစဉ်ခဲ့သော် လည်း ကျောင်းများက ကျောင်း ကားလုပ်ငန်း လုပ်ကိုင်နိုင်ခြင်းမရှိ သောကြောင့် အစိုးရပါဝင်သော ကုမ္ပဏီတစ်ခု ထူထောင်၍ ယင်း လုပ်ငန်းလုပ်ကိုင်မည်ဟု ၎င်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် ကိုရီးယားနိုင်ငံက ကျောင်းကားအစီးရေ ၂၀၀ ဝယ်ယူထားပြီး အဆိုပါ ကားများဖြင့် ပြေးဆွဲရန် စီစဉ်နေခြင်းဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြို့၌  ပိုင်ရှင်တစ်ဦးချင်းစီက ကျောင်းကားစီးရေ တစ်ထောင် ကျော်ဖြင့် ပြေးဆွဲလုပ်ကိုင်နေကြောင်း ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

More in News Section